ဒေါက်တာ ဇာကိရ်နိုက် သည် M.B.B.S ဘွဲ့ရ ဆေးကုသည့် ဆရာဝန်တစ်ဦး ဖြစ် သည်။
သူ့အား အိန္ဒိယနိုင်ငံ မုံဘိုင်းမြို့တွင် ၁၉၆၅ ခုနှစ် အောက်တိုဘာလ ၁၈
ရက်နေ့ တွင် မွေးဖွားခဲ့ပါသည်။ သူသည် ကမ္ဘာပေါ် တွင် ဘာသာပေါင်းစုံ
ဆွေးနွေးပွဲများတွင် အလွန် နံမည်ကြီးသော စကားပြောကောင်းလွန်သူအဖြစ်
ကျော်ကြားပါသည်။ မည်သူမဆို သူရှင်းလင်းတင် ပြသည့်
အစ္စလာမ်သာသနာနှင့်ပတ်သက်သော မရှင်းသည့်အကြောင်းများ ကျမ်းမြတ်ကုရ်အာန်နှင့် ပတ်သက် သော အကြောင်းများ၊ မေးခွန်းများနှင့် အဖြေများကို နားထောင်မိလျှင် အလွန်ပင် အံ့သြသွားတတ်ပါသည်။
ထိုသို့အံ့သြရသည့်အကြောင်းမလွန်ခဲ့သော ရ နှစ်အတွက် ဒေါက်တာ ဇာကိရ်နိုက်သည် အိန္ဒိယနိုင်ငံတွင် မြောက်များစွာသော ဆွေးနွေးပွဲများကို တက်ရောက် ရှင်းလင်းဆွေးနွေးခဲ့သည့်အြ
ထို့အပြင် ဒေါက်တာ ဇာကိရ်နိုက်သည် များစွာသော ဘာသာရေးခေါင်းဆောင် များနှင့်လည်း ဆွေးနွေးပွဲများ ကျင်းပခဲ့ သည်။ ဆွေးနွေးသူတို့သည် အစ္စလာမ် ဘာသာဝင်များအပြင် ကျော်ကြားသော အစ္စလာမ် ဘာသာ ၀င် မဟုတ်သူများနှင့် လည်း ဆွေးနွေးခဲ့ပါသည်။ အထူးသဖြင့် ၂၀၀၀ ခုနှင့် အေပရဲလ်လ ၁ ရက်နေ့တွင် အမေရိကန် နိုင်ငံမှ ဒေါက်တာ ၀ိလီယမ် ကမ့်ဘဲလ် နှင့် ဆွေးနွေးခဲ့သော ကျမ်းမြတ်ကု၇်အာန်နှင့် ဘိုင်ဘဲလ်ကို သိပ္ပံနည်းကျကျ ဆွေးနွေးပွဲပင် ဖြစ်သည်။
သူသည် အိန္ဒိယနိုင်ငံ၏ ကုရ်အာန် သုသေသန ဖေါင်ဒေးရှင်းကို
တည်ထောင်ခဲ့သူဖြစ်သည်။ အစ္စလာမ် သုသေသန ဖေါင်ဒေးရှင်းကို ၁၉၉၁ ခုနှင့်
ဖေဖေါ်ဝါရီလတွင် မှတ်ပုံတင်နိုင်ခဲ့ပြီး၊ အစ္စလာမ် ဒအ်ဝဟ် လုပ်ငန်းများကို
တိုးမြှင့်လုပ်နိုင်ခဲ့သလို ၊ အစ္စလာမ် သာသနာနှင့် ပတ်သက်သော မကျေလည်စရာများ မှားယွင်းနားလည်မှုများကို ဖြေရှင်းဆွေးနွေး နိုင်ခဲ့သည်။
ဒေါက်တာဇာကိရ်နိုက်သည် မိမိ၏ ဆွေးနွေးပွဲများ ရှင်းလင်းတင်ပြချက်များ အများပြည်သူထံသို့ရောက်ရှိ အောင် မီဒီယာကို ကောင်းကောင်းအသုံးချခဲ့သည်။
အင်တာနက်၊ တီဗွီ၊ စာပေ စာအုပ်များဖြစ်၎င်း၊ ဗွီဒီယိုနှင့် စီဒီ
ဒီဗွီဒီများဖြင့်၎င်း တီဗွီ ဆွေးနွေးပွဲများ အင်တာဗျူးများဖြင့်၎င်း
အစ္စလာမ်သာသနာကို ဒအ်ဝဟ် လုပ်နေသည်ကို တွေ့ရသည်။
ဒေါက်တာဇာကိရ်နိုက်သည် မိမိ၏ ဆွေးနွေးပွဲများ ရှင်းလင်းတင်ပြချက်များ အများပြည်သူထံသို့ရောက်ရှိ အောင် မီဒီယာကို ကောင်းကောင်းအသုံးချခဲ့သည်။
နိုင်ငံပေါင်း ၁၀၀
ကျော်တွင်လည်း သူ၏ တီဗွီ ပရိုဂရမ်များကို အစဉ် လွှင့်တင်ပြသလေ့ရှိသည်။
အထူးသဖြင့် ဒေါက်တာ ဇာကိရ်နိုက်၏ ၀ဗ်ဆိုဒ်ကို (www.irf.net)
မှ လေ့လာ ကြည့်ရှုနိုင်သည်။ ဒေါက်တာ ဇာကိရ်နိုက်၏ ထူးခြားတစ်ခုမှာ ၉-၁၁
စက်တင်ဘာ ၁၁ ရက်နေ့ အရေးအခင်းဖြစ်ချိန်တွင် မွတ်စ်လင်မ် မှန်သမျှ
အမေရိကသို့သွားရောက်ရာတွင် အလွန်ပင် ဒုက္ခရောက်ကြရသည်။ များစွာသော
မေးခွန်းများကို ရင်ဆိုင်ရသည်။
သို့သော် ဒေါက်တာ အတွက်မူ အလွန်ပင်
လွယ်ကူပြန်သည်ကိုတွေ့ရသည်။ သူကို ထိုအချိန်တွင် အင်တာနေရှင်နယ် အစ္စလာမ်စ်
အင်တာနက် ယူနီဗာစီတီ လောက်စ်အင်ဂျလီစ် မြိ့ ကနေ ဆုပေးပွဲအတွက်
ဖိတ်ခေါ်သဖြင့် သွားခြင်းဖြစ် သည်။ သူကပြောသည်မှာ အင်မီဂရေးရှင်း
အော်ဖိစာများက သူ့ကိုကောင်းကောင်းမွန်မွန် ဆက်ဆံကြောင်း အလွန်အဆင်ပြေကြောင်း ပြောလေသည်။
အမှန်တော့ သူပြောသလို လွယ်လွယ်ဖြင့် သူ့ကို ပြည်ဝင်ခွင့်ပေးလိုက်ခြင်းေ တာ့မဟုတ်ကြောင်း
ဆော်ဒီ သတင်းစာ တစ်ခုက သူကို အင်တာဗျူးလုပ်သည့်အခါ သိလာရပါသည်။ သို့သော်
သူ့ကို အင်မီဂရေးရှင်း အော်ဖိစာ အတော်များများက အတော့်ကိုပင်
အံ့သြချီးမွမ်း သွားပါသည်။ အဖြစ်က သူက မွတ်စ်လင်မ် ဦးထုပ်နှင့်
မုတ်ဆိတ်ရှသဖြင့် သူ့ကို အစတွင် လွယ်လွယ်ဖြင့် ခွင့်မပြုခဲ့ပါ။ သူ့ကို
အော်ဖီစာ အခန်းတွင် ခေါ်လိုက်ပြီး မေးခွန်းများမေးပါသည်။
အမှန်တော့ သူပြောသလို လွယ်လွယ်ဖြင့် သူ့ကို ပြည်ဝင်ခွင့်ပေးလိုက်ခြင်းေ
၎င်းမေးခွန်းများတွင် စက်တင်ဘာ ၉ ရက် အရေးအခင်းကို ဘယ်လိုမြင်သနည်း
ဟုမေးရာ၊ ဒေါက်တာက သူရှုပ်ချကြောင်းပြောပါသည်။ လူအများကို စတေးပြီးလုပ်သည့်
မည်သည့်လုပ်ရပ်ကို မဆို သူ ရှုပ်ချကြောင်းပြောပါသည်။
ထို့အပြင် သူ့ကို
ဂျီဟာဒ် အကြောင်းမေးရာ၊ သူက ဂျီဟာဒ်အကြောင်းကို ကုရ်အာန် ဘိုင်ဘဲလ်၊
သောင်ရာသ်၊ ဂီတာ၊ မဟာဘာရာသာ စသည့် ကျမ်းများဖြင့် အကိုးအကားများကို
စာမျက်ကအစ တင်ပြဆွေးနွေးရာ အင်မီဂရေး ရှင်း အော်ဖီစာများကို အတော်ပင်
အံ့သြကုန်ကြ၏ အချိန် ၁ နာရီခန့် သူတရားကို သူတို့နားထောင်ပြီး နောက်
မှတ်ချက်ချရာ သူတို့က ကမ္ဘာပေါ်မှာ လက်ရှိ ဥါဏ်အကောင်းဆုံး မှတ်သားဥါဏ်
အကောင်းဆုံးမှာ ဤလူပင်ဖြစ်ကြောင်း၊ ပြောဆိုပြီး လွှတ်ပေးလိုက်ပါသည်။
အခြား
အင်မီဂရေးရှင်း အောဖီစာ များကလည်း မိမိတို့၏ ဘာသာနှင့် ပတ်သက်သော
အခြားမေးခွန်းများ ကိုလည်း မေးမြန်းကြရာ အားလုံးကလည်း အံ့သြ ကုန်သေည်။
ဤသည်မှာ ဒေါက်တာဇာကိရ် နိုက်အတွက်၎င်း အစ္စလာမ်အတွက်၎င်း ဂုဏ်ယူစရာ အကြောင်း
တစ်ခုဖြစ်ခဲ့သည်။
Rangonnewsdaily
RND:18.4.2013
RND:18.4.2013
0 comments:
Post a Comment