Pages

Thursday, April 18, 2013

နှစ်ဆန်း တရက်နေ့တွင် ပုသိမ်မြို့၌ ဘာသာပေါင်းစုံ စုပေါင်းပြီး နှစ်ဦး ဆုတောင်းပွဲ အခမ်းအနားပြုလုပ်

“၁၃၇၄ ခုနှစ်မှ ၁၃၇၅ ခုနှစ်သို့ ကူးပြောင်းတဲ့ ဒီနှစ်သစ်မှာ တို့မြန်မာနိုင်ငံမှာနေထိုင်ကြတဲ့လူများဟာ မိမိတို့ ကိုးကွယ်သည့် ဘာသာ အလျောက် မြတ်သောမင်္ဂလာ အကျင့်အကြံများနဲ့ တိုင်းပြည်အကျိုး၊ လူမျိုးအကျိုး၊ ဘာသာအကျိုးတို့ကို ဆထက်တပိုး ဆောင်ရွက်နိုင်ကြပါစေလို့ ကျွန်တော်တို့ လူအခွင့်အရေး မြတ်နိုးသူများအဖွဲ့မှ ဆုတောင်းလိုက်ပါတယ်။” ” ဒီနေ့ နှစ်သစ်မင်္ဂလာနေ့မှာ မြန်မာနိုင်ငံအတွင်းမှာနေထိုင်ကြတဲ့ မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားများဟာ အငြိုး၊ အမုန်း၊ အာဃာတများကိုမထားပဲ နှစ်ဆန်းမှာ ညီအစ်ကိုမောင်နှမရင်း သဖွယ် နေထိုင်နိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။”

” ကျွန်တော်ကတော့ နိုင်ငံအတွင်းမှာရှိကြတဲ့သူများ
ဟာ အချင်းချင်း ညီအစ်ကိုမောင်နှမစိတ်ဓာတ် ထားကြဖို့ပဲ လိုပါတယ်။ ပြဿနာဖြစ်လာတဲ့ အခါ အချင်းချင်းပဲ ဖြေရှင်းကြတာကောင်းပါတယ်။ အပြင်က ၀င်လာတာမကောင်းပါဘူး။ ဒါကြောင့် ပြဿနာဆိုတာ အချင်းချင်းမဖြစ်ကြရင် အကောင်းဆုံးပါပဲ။”

”ကျွန်တော်တို့အခုလုပ်တဲ့ပွဲဟာနိုင်ငံအတွင်းမှာရှိကြတဲ့ဘာသာပေါင်းစုံများ ညီညီညွတ်ညွတ် 
နေထိုင်နိုင်ကြဖို့ ကျွန်တော်တို့ လူအခွင့်အရေးမြတ်နိုး သူများအဖွဲ့မှ ပေါင်းစုပြီး ဆုတောင်းကြတာဖြစ်ပါတယ်။”
M-Media , Rangonnewsdaily
RND:18.4.2013

0 comments:

Post a Comment