Pages

Thursday, April 18, 2013

၂၀၁၂-၂၀၁၃ ပညာသင်နှစ် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အခြေခံပညာကျောင်းများတွင် စာမေးပွဲအောင်စာရင်း များထုတ်ပြန်ကြေငြာ

၂၀၁၂-၂၀၁၃ ပညာသင်နှစ် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အခြေခံပညာကျောင်းများတွင် စာမေးပွဲအောင်စာရင်းထွက်ရှိမှုအား ကြည့်ရှုနေသူများအား တွေ့ရစဉ်

၂၀၁၂-၂၀၁၃ ပညာသင်နှစ် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အခြေခံပညာကျောင်းများတွင် စာမေးပွဲ
အောင်စာရင်း များထုတ်ပြန်ကြေငြာခဲ့ကြောင်းသတင်းရရှိပါသည်။ အဆိုပါစာမွေးပွဲအောင်စာရင်းတွင်
ကျောင်းသားများရဲ့ အမည်စာရင်းဘေး တွင် P1မှ P 4 အထိနံပါတ်စဉ်များရေးထားသည်ကိုလဲအံသြဖွယ်ရာ
တွေ့ခဲ့ရကြောင်း အောင်စာရင်းသွားကြည့်ခဲ့သူကျောင်းသာတစ်ဥိးမှပြောပြသည်။ ငှင်း အမှတ်စဉ်များမှာP1 ဟုဆိုလျှင် တစ်ဘာသာကျ ၊ P 4 ဆိုလျှင် ၄ဘာသာကျဟုတ်သတ်မှတ်ကြောင်းလဲသိရသည်။ ယခင်နှစ်
များကအောင်သူ စာရင်းသာသီးသန့်ထုတ်ပြန်ခဲ့သော်လည်း ယခုနှစ်တွင် ကျစာရင်းပါထုတ်ပြန်ခဲ့တာဖြစ်
ပါတယ်။ 
သတင်း/ ဓာတ်ပုံ ( Eleven Media), Rangonnewsdaily
RND:18.4.2013


" 2013 ပညာရေး "

ကြောက်ခမန်းလီလီ 
အံ့သြဖွယ် ကောင်းလှသော
ပညာရေး စနစ်ကို 
ကျွန်တော် အလန့်တကြား
တွေ့လိုက်ရတယ် 
နေပူပူမှာ ခေါင်းတုံးနဲ့
ဒီနေ့ ကလေးတွေ အောင်စာရင်းကို 
သွားကြည့်တယ် 

အောင်စာရင်း
လူနာမည်တွေရဲ့ဘေးမှာ
P 1 က အစပြုလို့
P 4 အထိရှိနေတာကို တွေ့လိုက်ရတယ် 
ဘာပါလိမ့်လို့
စဉ်းစားရင်း ဘေးက အသံကို
တစ်ချက် နားစွန့် လိုက်တော့ 

" အိုး အိုး .... က 4 ဘာသာတောင်ကျတယ် P 4 တဲ့ "

ဘုရားရေ
အဲမှာသိလိုက်တာက 
P 1 က တစ်ဘာသာကျ
P 2 က နှစ်ဘာသာကျ 
ဒါဆိုရင် P 4 က လေးဘာသာကျ

အော် အံ့သြဖွယ်ပါလားနော် 
ဘယ် နှစ်ဘာသာ ကျဆိုတာ မှတ်ချက်ထဲထည့်ပြီး
အောင်စာရင်းထဲထည့် အအောင်ပေး
သပေါ့လေ :-(

5 ဘာသာနဲ့ ဘာသာစုံကျတာတော့
ကံဆိုးသူဖြစ်လေသတည်းပေါ့ :-)

( အောင်စာရင်းနှင့်ခေါင်းရှုပ်မိသူ တစ်ယောက် )
အမှတ်စာရင်းတွင်တွေ့ရသော P နှင့်အစပြုသောကျောင်းသားများ

1 comments:

Anonymous said...

PဆိုတာPass အောင်မြင်တယ်။P4ဆိုရင် ၄ဘာသာဘဲအောင်တယ်။ ၂ သာကျတယ်လို့ ဆိုတာမဟုတ်လား?

Post a Comment