Pages

Thursday, April 18, 2013

ပင်လုံ မဟာရဌာဘိသာမဂ္ဂီစေတီတော်ဝင်းအတွင်း ပေါက်ကွဲမှုတစ်ခုဖြစ်ပွား

18 Apr, 2013
ရှမ်းပြည်နယ်မြောက်ပိုင်း ပင်လုံမြို့ မဟာရဌာဘိသာမဂ္ဂီစေတီတော်ဝင်း အတွင်း ၂၀၁၃ခုနှစ်၊ ဧပြီလ (၁၇)ရက်နေ့တွင် ပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ "ဗုံးကွဲတာမဟုတ်ပါဘူး။ ကလေးတွေ ဆော့တဲ့ မီးရှုးမီးပန်းဝါးဆစ်ဗူးက ကွဲတာပါ။ ဘာမှလည်းထိခိုက်မှုမရှိ ပါဘူး။" ဟု ပင်လုံရဲစခန်းမှ (၁၈.၄.၂၀၁၃)တာဝန်ကျ ၀န်ထမ်းတစ်ဦးက ပြောသည်။ အဆိုပါဒေသတွင် မြန်မာနှစ်ဆန်းတစ်ရက်နေ့၌ လက်လုပ် မီးရှုးမီးပန်းများ ဖောက်လေ့ရှိကြောင်း ဒေသ ခံများ ပြောပြချက်အရသိရှိရသည်။

“အန်တီတို့ကြားတာတော့ ကလေးတွေ မီးရှုးမီးပန်းဖောက်ရင်းဖြစ်တာလု
ိ့တော့ကြားတယ်၊ နှစ်ဆန်းတစ်ရက်နေ့ ဆိုရင် အဲ့ဒီလိုပဲ မီးရှုးမီးပန်းဖောက်နေကြ” ဟု ကလောမြို့မှ ဒေါ်ခင်မိုးမိုးကပြောသည်။

ဘုရားတွင် ကလေးများမီးရှုးမီးပန်းဖောက်ခြင်
းဆိုသည်မှာ မဖြစ်နိုင်ကြောင်း၊ တရုတ်နိုင်ငံမှ တင်သွင်းသော ဗျောက် အချို့မှာ ၀ါးဆစ်ဗူးအတွင်း ထည့်ဖောက်ပါက အသံကျယ်ကြောင်း၊ ထိုသို့ ဖောက်ကွဲမှုသည် ခြောက်လှန့် မှုဖြစ်နိုင်ကြောင်း ဒေသခံများ ၄င်းတို့အမြင်ကိုပြောဆို သည်။

“ဒါခြောက်လှန့်တဲ့သဘောပဲဖြစ်မှာ
ပါ၊ ဗုံးတော့မဟုတ်ဘူး၊ ဗုံးဆိုရင် အနည်းဆုံးတော့ ဘေးနားကဟာတွေ လာမှန်မှာပါ။” ဟု ဦးတင်မိုးကပြောပြခဲ့သည်။

အဆိုပါဘုရားရှေ့ဘက်ရှိဆိုင်တန်းများတွင်သုံးနှစ်ခန့်ကဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး လင်မယားနှစ်ဦးသေဆုံးခဲ့ကြောင်း
ဒေသခံများထံက သိရှိရသည်။
မြစ်မခသတင်း, Rangonnewsdaily
RND:18.4.2013

0 comments:

Post a Comment