Pages

Thursday, April 18, 2013

အမေရိကန်စစ်ရဟတ်ယာဉ်မြောက်ကိုရီးယားနယ်စပ်တွင်ပျက်ကျ

အမေရိကန်စစ်ရဟတ်ယာဉ်မြောက်ကိုရီးယားနယ်စပ်တွင်ပျက်ကျ
Wednesday, April 17,2013

အမေရိကန်ရေကြောင်း သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ် တစ်စီးသည် မြောက်ကိုရီးယားနယ်စပ်နားတွင် ဧပြီ(၁၆) ရက်တွင်ပျက်ကျခဲ့သည်ဟု တောင်ကိုရီးယား ယွန်ဟပ်သတင်းဌာနမှ ထုတ်ပြန်ကြေညာထားသည်။

ရဟတ်ယာဉ်ပေါ်တွင်လူ(၂၁)ဦးလိုက်ပါလာခဲ့ပြီး တောင်ကိုရီးယားတပ်ဖွဲ့များနှင့် လေ့ကျင့်နေစဉ်အတွင်းပျက်ကျခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ ယွန်ဟပ်သတင်းဌာနမှ ထုတ်ပြန်သည့် ဓာတ်ပုံများတွင်မီးသတ်သမားများမှ ရဟတ်ယာဉ်အား မီးငြိမ်းသတ်နေသည့်ပုံများအားပြသထားသည်။

ရဟတ်ယာဉ်ပေါ်တွင်လူများအပြင်ရောက်ပြီးမှ မီးလောင်ကျွမ်း ခဲ့သည်ဟု တောင်ကိုရီးယားမီဒီယာမှ သုံးသပ်ထားပြီး ရဟတ်ယာဉ်ပျက်ကျသည့်အကြောင်းအား စုံစမ်းစစ်ဆေးလျက် ရှိသည်ဟု အမေရိကန်စစ်ဘက်မှ ဆိုသည်။ ထို့အပြင်တောင်ကိုရီးယားတွင် အမေရိကန်စစ်သား(၂)သောင်း(၈)ထောင် ရှိသည်ဟု ရိုက်တာသတင်းဌာနတွင် ဖော်ပြထားသည်။

Myawady News

Wednesday, April 17,2013

အမေရိကန်ရေကြောင်း သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ် တစ်စီးသည် မြောက်ကိုရီးယားနယ်စပ်နားတွင် ဧပြီ(၁၆) ရက်တွင်ပျက်ကျခဲ့သည်ဟု တောင်ကိုရီးယား ယွန်ဟပ်သတင်းဌာနမှ ထုတ်ပြန်ကြေညာထားသည်။ ရဟတ်ယာဉ်ပေါ်တွင်လူ(၂၁)ဦးလိုက်ပါလာခဲ့ပြီး တောင်ကိုရီးယားတပ်ဖွဲ့များနှင့် လေ့ကျင့်နေစဉ်အတွင်းပျက်ကျခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ ယွန်ဟပ်သတင်းဌာနမှ ထုတ်ပြန်သည့် ဓာတ်ပုံများတွင်မီးသတ်သမားများမှ ရဟတ်ယာဉ်အား မီးငြိမ်းသတ်နေသည့်ပုံများအားပြသထားသည်။

ရဟတ်ယာဉ်ပေါ်တွင်လူများအပြင်ရောက်ပြီးမှ မီးလောင်ကျွမ်း ခဲ့သည်ဟု တောင်ကိုရီးယားမီဒီယာမှ သုံးသပ်ထားပြီး ရဟတ်ယာဉ်ပျက်ကျသည့်အကြောင်းအား စုံစမ်းစစ်ဆေးလျက် ရှိသည်ဟု အမေရိကန်စစ်ဘက်မှ ဆိုသည်။ ထို့အပြင်တောင်ကိုရီးယားတွင် အမေရိကန်စစ်သား(၂)သောင်း(၈)ထောင် ရှိသည်ဟု ရိုက်တာသတင်းဌာနတွင် ဖော်ပြထားသည်။

Myawady News, Rangonnewsdaily
RND:18.4.2013

0 comments:

Post a Comment