Pages

Thursday, April 18, 2013

မြောက်ဦးတွင် ဘင်္ဂလီ၅ဦးမှ အကြမ်းဖက်ရန်လာသည်ဟု ဆိုသူများ၏ သတင်းအမှန်ကို ပြည်ပမီဒီယာတွေဖော်ထုတ်ပြီ

မြောက်ဦး ။ ။ မြောက်ဦး မြို့နယ်၊ ပေါင်းဒုတ် ကျေးရွာ အုပ်စုမှ ရိုဟင်ဂျာ လူမျိုး ဒေသခံ ရွာသား ၅ ဦးကို မဟုတ် မမှန် အမှုဆင်၍ ဖမ်းဆီး ထားကြောင်း သိရှိ ရပါသည်။ အဆိုပါ မဟုတ် မမှန်သည့် အမှုဆင်၍ ဖမ်းဆီး ထားသည့် သတင်းကို မီဒီယာ များမှလည်း မဆင်မခြင် ရေးသား၍ ၀ါဒဖြန့် နေသည်ကို လေ့လာ တွေ့ရှိ ရပါသည်။ ဖြစ်ပွား ပုံမှာ ပေါင်းဒုတ် ရွာမှ ရွာသား ၇ ဦးသည် ဧပြီလ ၁၄ ရက် နံနက် စောစော ၅ နာရီခွဲ ခန့်တွင် ရခိုင်ရွာ အနီးရှိ မိမိတို့၏ ကွမ်းယာ ခင်းမှ ကွမ်းရွက် ခူးရန် သွားရောက်၍ ကွမ်းရွက်ခူး ခဲ့သည်။ ထိုအချိန်တွင် ရခိုင်ရွာမှ ရခိုင် လူမျိုး များက ၎င်းတို့၏ ယာခင်းမှ ကွမ်းရွက်များ ခူးယူ သည်ဟု စွပ်စွဲ၍ ၀ိုင်းဝန်း အကြမ်းဖက်ပြီး ဖမ်းဆီး ခဲ့ကြသည်။ 
ကွမ်းရွက် ခူးရန် သွားသည့် ၇ ဦးမှ ၂ ဦးသည် အကြမ်းဖက် ရန်လာသည့် အုပ်စုကို မြင်ပြီး ထွက်ပြေး လွတ်မြောက် သွားသော်လည်း ၅ ဦးမှာ ထိုနေရာတွင် ရိုက်နှက် ခံခဲ့ရသည်။ ထိုသို့ ရိုက်နှက် ပြီးနောက် နံနက် ၆ နာရီ ကျော်တွင် ရဲစခန်းသို့ အပ်နှံ ခဲ့ကြောင်း သိရသည်။

ထိုသို့ မတရား သဖြင့် အမှုဆင်၍ ရဲစခန်းသို့ ပို့ခဲ့သော်လည်း မီဒီယာ များမှ ဓါတ်ဆီ ပုံးဖြင့် ရွာကို မီးရှို့ရန် လာသည်ဟု မဆင် မခြင်၍ ဧပြီလ ၁၄ ရက်နေ့မှ စ၍ ၀ါဒ ဖြန့်ခဲ့ ကြသည်။

“ကျွန်တော် တို့ကို ရွာထဲမှာ နည်းပေါင်းစုံနဲ့ ညှင်းပန်း နှိပ်စက် နေတာ အရမ်းများ နေပြီ။ ဈေးသွားရင် လည်းလမ်းမှာ စစ်သားနဲ့ တွေ့ရင်လည်း အရိုက်ခံ ရတယ်။ ရခိုင်တွေ အုပ်စုလိုက်နဲ့ တွေ့ရင် လည်း အရိုက်ခံ ရတယ်။ ၀ယ်လာ သမျှ ပစ္စည်းတွေ လည်းအမြဲလု ခံရတယ်။ 
အခုလည်း မဟုတ် မမှန် အမှုဆင်ပြီး လူတွေကို ဖမ်းထားတယ်။ အာဏာပိုင် တွေကိုယ်တိုင်က ကျွန်တော် တို့ကို အမြဲ ညှင်းပန်း နှိပ်စက် နေတော့ ကျွန်တော်တို့ ဘယ်သူ့ကိုမှ အားကိုးလို့ မရဘူး။ မီဒီယာ တွေက မဟုတ် မမှန် ၀ါဒဖြန့်ပြီး အများစုက ကျွန်တော် တို့ကို ပိုပြီး မုန်းလာအောင် လုပ်နေ ကြတယ်။” ဟု ဒေသခံ တစ်ဦး မှ RB News သို့ပြော ပါသည်။

ယင်းသို့ အမှုဆင်၍ မတရား ဖမ်းဆီး ခံရသူ ၅ ဦးမှာ -

(၁) ဦးဆာဘဲရ် အဟမတ် (ဘ) ဦးဆီးဒိခ် (အသက် ၄၀ နှစ်)
(၂) ဦးအဒူ ကရီးမ် (ဘ) ဦးအာမီးရ် ဟူစိန်း (အသက် ၃၁ နှစ်)
(၃) ရွှေမောင် (ဘ) ဦးအဒူ မာလိခ် (အသက် ၁၈ နှစ်)
(၄) အောင်ရှည် (ဘ) ဦးရှမ်ရှု (အသက် ၂၅ နှစ်)
(၅) ယူနွစ် (ဘ) ယူစွဖ် (အသက် ၂၁ နှစ်) -- တို့ဖြစ်ပါသည်။

1 comments:

Anonymous said...

ဝက်ခိုးရန်လာခြင်းဖြစ်ပါသည်။

Post a Comment