Pages

Monday, April 8, 2013

မြန်မာရွှေ့ပြောင်းအလုပ်သမား ၅၀ ကျော်စီးနင်းလာတဲ့ ခရီးသယ်တင်ကား မတော်တဆမှုဖြစ်ပွား

မြန်မာရွှေ့ပြောင်းအလုပ်သမား ၅၀ ကျော်စီးနင်းလာတဲ့ ခရီးသယ်တင်ကားတစီးဟာ ဧပြီလ ၇ ရက်နေ့က ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့နားမရောက်ခင် ကီလိုမီတာ ၅၀လောက်မှာ ဘရိတ်ပေါက်သွားပြီး ခရီးသည် ၃ယောက်ဒဏ်ရာရခဲ့တယ်လို့ ထိုင်းရုပ်သံတခုမှာ ထုတ်လွင့်သွားပါတယ်။ တောင်းဆင်းပတ်လမ်းမှာ ဖြစ်တာကြောင့် ကားမောင်းသမားဟာ အရေးပေါ်ကားရပ်တဲ့နေရာဆီ ကားကိုထိုးတင်နိုင်ခဲ့ပါတယ်။ ဒဏ်ရာရသူ ၃ယောက်ကိုတော့ မဲဆောက်မြို့ဆေးရုံကို ပို့ဆောင်ခဲ့ရပါတယ်။ 
အဲ့ဒီကားဟာထိုင်းနိုင်ငံဘန်ကောက်မြို့အနီးမဟာချိုင်ဒေသမှာ အလုပ်လုပ်နေကြတဲ့ မြန်မာအလုပ်သမား တွေ သင်္ကြန်အားလပ်ရက် ကိုယ့်ဒေသကိုယ်ပြန်ကြဖို့ စုငှားလာတဲ့ကားဖြစ်ပါတယ်။
DVB TV News:, Rangonnewsdaily
RND:8.4.2013

0 comments:

Post a Comment