Pages

Monday, April 8, 2013

မြန်မာနိုင်ငံတွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများကို ဖို့ဝိန်းရောက် မြန်မာမွတ်စလင်များ ရှုံချ ဆန္ဒပြ




ဧပြီ-၇-၂၀၁၃



အမေရိကန်ပြည်ထောင်စု ဖို့ဝိုန်းမြို့မှာ အခြေချ နေထိုင်ကြတဲ့ မြန်မာမွတ်စလင်တွေဟာ မြန်မာနိုင်ငံမှာ ဖြစ်
ပွားနေတဲ့ အစ္စလာမ်ဘာသာဝင်များအပေါ် အကြမ်းဖက်မှုများကို ရှုံ့ချတဲ့အနေနဲ့ ဧပြီလ (၇) ရက်နေ့မှာ ဖို့
ဝိုန်းမြို့ တရားရုံးရှေ့တွင် စုဝေးကာ ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြသူတွေဟာ အကြမ်းဖက်မှုများအား ထိရောက်စွာ စုံစမ်းစစ်ဆေး အရေးယူရေး၊ အကြမ်းဖက်မှုကြောင့် ဒုက္ခရောက်နေရများအား ကူညီမှုကန့်သတ်ချက်များ ပယ်ဖျက်ရေး၊ ပျက်ဆီးဆုံးရှုံးမှုများ ပြန်လည်ပြုပြင်ပေး
ရေးနဲ့ အနာဂါတ်မှာ ထပ်မံမဖြစ်ပွားစေရန် ဥပဒေကြောင်းအရ အာမခံချက်များပေးရေးတို့ကို အဓိကထား
တောင်းဆိုကြတာဖြစ်ပြီး တောင်းဆိုချက်များကိုလည်း မြန်မာနိုင်ငံတော်သမ္မတဦးသိန်းစိန်ထံ ပေးပို့မှာဖြစ်
ကြောင်းလည်း သိရပါတယ်။


ပြီးခဲ့တဲ့နှစ်မှ စတင်ဖြစ်ပွားခဲ့တဲ့ ရိုဟင်ဂျာ-ရခိုင် ပဋိပက္ခတွေဟာ အစ္စလာမ်ဘာသာဝင်များအပေါ် တစ်ဖက်
သတ် အကြမ်းဖက်မှုတွေအဖြစ် မြန်မာနိုင်ငံအနှံ့ ပြန့်ပွားကူးဆက်ခဲ့တာကို ဆန့်ကျင် ခဲ့တာဖြစ်ပါတယ်။ ဒီလို
အကြမ်းဖက်မှုတွေကို အစိုးရအနေနဲ့ ကိုင်တွယ်ဖြေရှင်းရာမှာ နှောင့်နှေးခဲ့တဲ့အတွက် အခြေအနေတွေ ပိုမို
ဆိုးရွာလာခဲ့တာဖြစ်တယ်လို့ ဦးအယွတ်ခန်းကပြောပါတယ်။


ဆန္ဒပြရာတွင် ဦးဆောင်ခဲ့သူ တစ်ဦးဖြစ်သည့် ကိုအေးမင်းကလည်း မြန်မာမွတ်စလင်ညီနှောင်တွေ မြန်မာ
နိုင်ငံအနှံ့မှာ အကြမ်းဖက်ခံ သတ်ဖြတ်ခံနေရတာကိုကမ္ဘာကသိစေချင်ကြောင်း၊အဖြစ်မှန်တွေကို မြန်မာပြည်
သူတွေသိဖို့ လိုအပ်ကြောင်း၊ ကျူးလွန်သူတွေကို ထိထိရောက်ရောက် အရေးယူဖို့လိုအပ်ကြောင်း ပြောပါ
တယ်။


"အစ္စလာမ်ဆန်ကျင်ရေး၊ မုန်းတီးရေး လုပ်ရပ်တွေ ထင်ထင်ပေါ်ပေါ် လုပ်လာနေကတည်းက ဒီလို အကြမ်း
ဖက်မှုတွေ ဖြစ်လာမယ်ဆိုတာ သိသာနေတာဘဲ။ ဒါပေမယ့်ဗျာ..အစိုးရအနေနဲ့ ဖြစ်လာမယ်ဆိုတာ သိလျက်
နဲ့ ကြိုတင်ထိန်းသိမ်းထားခဲ့သင့်တယ်။ ဖြစ်ပျက်နေတဲ့အချိန်မှ ချက်ချင်း ကိုင်တွယ်သင့်တယ်လို့ ကျနော်တို့ ယူဆတယ်ဗျ။" ဟု ဦးအယွတ်ခန်းကပြောပါတယ်။


မော်လဝီဂျလားကလည်း မြန်မာမွတ်စလင်တွေဟာ အမိမြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာ သစ္စာရှိရှိ နေထိုင်
လာခဲ့ကြောင်း၊ ခေတ်အဆက်ဆက်မှာ အမိမြန်မာပြည်အတွက်အကျိုးပြုခဲ့ကြကြောင်း၊အခုလိုအကြမ်းဖက်မှု
လုပ်ရပ်ကြီးကတော့ မြန်မာနိုင်ငံသားအချင်းချင်း စိတ်ဝမ်းကွဲအောင် အချို့သော ဗုဒ္ဓဘာသာ အစွန်းရောက်
များက အကြံအစည်ရှိရှိ လုပ်ကိုင်ကြတာဖြစ်ကြောင်း၊ ဘာသာတရားတစ်ခုလုံး၊ လူမျိုးတစ်မျိုးလုံးကို အပြစ်
တင်၍မရကြောင်း ဆန္ဒပြသူတွေကိုပြောကြားခဲ့ပါတယ်။



"ကျနော်တို့က ဘယ်ဘာသာကိုမှလည်း မစော်ကားဘူး။ ကျနော့်တို့ကိုစော်ကားတာကိုလည်း မကြိုက်ဘူး။ ဒီကိစ္စက ဘာသာတရားအကြားမှာဖြစ်ပျက်တဲ့ကိစ္စလည်းမဟုတ်ဘူး။ ဗုဒ္ဓဘာသာအမည်ခံ အချို့အကြမ်း
ဖက်သမားတွေရဲ့လုပ်ရပ်ဖြစ်တယ်။ ဒီအနောက်မှာ နိုင်ငံရေးသမားတွေလည်းပါတယ်။ ဒါကို နိုင်ငံခေါင်း
ဆောင်တွေကလည်း သိသိရဲ့နဲ့ မလွန်ဆန်နိုင်တဲ့ သဘောမှာရှိတာကို တွေ့ရတယ်။" ဟု မော်လဝီဂျလားမှ ရှင်းပြပါတယ်။


ဆန္ဒပြသူတွေဟာ "ဘယ်ဘာသာဘဲဖြစ်ဖြစ် သတ်ဖြတ်တာကို လက်ခံဘူး"၊ "တရားမျှတမှုကိုလိုလာတယ်"၊ "မွတ်စလင်တွေကိုသတ်တာ... ဗလီတွေဖြတ်တာ ချက်ချင်းရပ်" အစရှိတဲ့ ဆိုင်းပုဒ် ပိုစတာများဆွဲကိုင်ကာ
ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြတာပါ။


အင်ဒီယားနာပြည်နယ် ဖို့ဝန်းမြို့မှာနေထိုင်ကြတဲ့ မြန်မာမွတ်စလင်မိသားစုတွေ စုပေါင်းပြီး အကြမ်းဖက်မှု
ကြောင့်ဒုက္ခရောက်နေကြသူတွေကို အလှူဒါနပြုကြဖို့အတွက်လည်း စီစဉ်ဆောင်ရွက်နေကြောင်းလည်းသိရပါတယ်။
M-Media , Rangonnewsdaily
RND:8.4.2013
သတင်း- နေစိုင်း

0 comments:

Post a Comment