Pages

Monday, April 8, 2013

နယူးဇီလန်ဖုန်းကုမ္ပဏီသူဌေး၏ရုပ် အလောင်းကို ရဲတပ်ဖွဲ့ကပြန်လည် တွေ့ရှိ...

နယူးဇီလန်ဖုန်းကုမ္ပဏီသူဌေး၏ရုပ်အလောင်းကို ရဲတပ်ဖွဲ့ကပြန်လည်
 တွေ့ရှိ...

 (8.4.2013, Monday)
 **********************************************
 
ပြီးခဲ့သောရက်သတ္တပတ်က နယူးဇီလန်မြောက်ပိုင်းကျွန်း၏ အနောက်ဘက်
 ကမ်းရိုးတန်းပင်လယ်ထဲသို့ ပျက်ကျသွားခဲ့သော အပေါ့စားလေယာဉ်ငယ်
 အပျက်အစီးများနှင့်အတူ ရုပ်အလောင်း(၂)ခုကို ရဲတပ်ဖွဲ့နှင့် ရေတပ်တို့မှ 
 တနင်္ဂနွေနေ့တွင် ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။ထိုအလောင်းများသည် 
 နယူးဇီလန်(၂)ဒီဂရီမိုဘိုင်းဖုန်းကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ 
 အဲရစ်ဟာ့ဇ်နှင့် သူ၏ဇနီးကေသီတို့ဖြစ်ကြောင်း ဒေသခံမီဒီယာကပြော 
 ကြားခဲ့သည်။၎င်းတို့စုံတွဲသည် အင်ဂျင်နှစ်လုံးတပ်လေယာဉ်ငယ်ဖြင့် 
 ခရစ်ချာ့မြို့သို့ ပျံသန်းစဉ်အင်ဂျင်ပြဿနာကြောင့် လေယာဉ်ပေါ်မှ သတင်း
 ပေးပို့ခဲ့သေးကြောင်း သိရသည်။ကမ်းခြေစောင့်တပ်နှင့် ရေတပ်မှ
 ရေငုပ်ကျွမ်းကျင်သူများသည် ရေအောက်အနက်မီတာ(၅၀)တွင် လေယာဉ်
 အပျက်အစီးအပိုင်းအစများကိုတွေ့ခဲ့ကြောင်း၊လေယာဉ်ပျက်ကျရသည့်
 အကြောင်းရင်းနှင့်ပတ်သက်၍ သဲလွန်စရှာလို့မရသေးကြောင်း မြို့ပြ
 လေကြောင်းအာဏာပိုင်များက ပြောကြားခဲ့ကြောင်း ရိုက်တာသတင်းဌာနမှ
 သိရသည်။

**********************************************

Re-Post By ACM  8-4-2013
အေးချမ်းမွန် Credit & Copy From > SkyNet TV Browser<< Thank

(8.4.2013, Monday)

ပြီးခဲ့သောရက်သတ္တပတ်က နယူးဇီလန်မြောက်ပိုင်းကျွန်း၏ အနောက်ဘက် ကမ်းရိုးတန်းပင်လယ်ထဲသို့ ပျက်ကျသွားခဲ့သော အပေါ့စားလေယာဉ်ငယ် အပျက်အစီးများနှင့်အတူ ရုပ်အလောင်း(၂)ခုကို ရဲတပ်ဖွဲ့နှင့် ရေတပ်တို့မှ တနင်္ဂနွေနေ့တွင် ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။ထိုအလောင်းများသည် နယူးဇီလန်(၂)ဒီဂရီမိုဘိုင်းဖုန်းကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ အဲရစ်ဟာ့ဇ်နှင့် သူ၏ဇနီးကေသီတို့ဖြစ်ကြောင်း ဒေသခံမီဒီယာကပြော ကြားခဲ့သည်။၎င်းတို့စုံတွဲသည် အင်ဂျင်နှစ်လုံးတပ်လေယာဉ်ငယ်ဖြင့် ခရစ်ချာ့မြို့သို့ ပျံသန်းစဉ်အင်ဂျင်ပြဿနာကြောင့် လေယာဉ်ပေါ်မှ သတင်း ပေးပို့ခဲ့သေးကြောင်း သိရသည်။
 
ကမ်းခြေစောင့်တပ်နှင့် ရေတပ်မှ ရေငုပ်ကျွမ်းကျင်သူများသည် ရေအောက်အနက်မီတာ(၅၀)တွင် လေယာဉ်
အပျက်အစီးအပိုင်းအစများကိုတွေ့ခဲ့ကြောင်း၊လေယာဉ်ပျက်ကျရသည့် အကြောင်းရင်းနှင့်ပတ်သက်၍ သဲလွန်စရှာလို့မရသေးကြောင်း မြို့ပြ လေကြောင်းအာဏာပိုင်များက ပြောကြားခဲ့ကြောင်း ရိုက်တာသတင်းဌာနမှ သိရသည်။


SkyNet TV Browser , Rangonnewsdaily
RND:8.4.2013

0 comments:

Post a Comment