Pages

Monday, April 8, 2013

နေပြည်တော် မဟာသင်္ကြန် မဏ္ဍပ် (ဗဟို)တွင် ယိမ်းအဖွဲ့များ အလှည့်ကျ ဖျော်ဖြေ တင်ဆက် သွားမည်

နေပြည်တော် မဟာသင်္ကြန် မဏ္ဍပ် (ဗဟို)တွင် ယိမ်းအဖွဲ့များ အလှည့်ကျ ဖျော်ဖြေ တင်ဆက် သွားမည်


နေပြည်တော်၌ မဟာသင်္ကြန် ပွဲတော်ကို မြို့တော် စည်ပင် သာယာရေး ကော်မတီမှ ဦးစီး၍ ဗဟို မဏ္ဍပ်ကို မြို့တော်ခန်းမ ရှေ့၌ ဆောက်လုပ်ပြီး ဧပြီ ၁၃ ရက် သင်္ကြန် အကြိုနေ့ ညနေ ၅ နာရီခွဲတွင် ဖွင့်ပွဲ ကျင်းပမည် ဖြစ်ကြောင်း၊ ဖွင့်ပွဲ အခမ်းအနားကို ယဉ်ကျေးမှု ၀န်ကြီးဌာန အစီအစဉ်ဖြင့် ဖျော်ဖြေသွားမည် ဖြစ်ကြောင်းနှင့် မဟာသင်္ကြန် ကာလအတွင်း
နံနက် ၉ နာရီမှ ည ၇ နာရီအထိ ၀န်ကြီး ဌာနများ ယိမ်းအဖွဲ့နှင့် ကုမ္ပဏီ ယိမ်းအဖွဲ့များ စုစုပေါင်း ယိမ်းအဖွဲ့ ၁၇ ဖွဲ့ဖြင့် အလှည့်ကျ ဖျော်ဖြေ တင်ဆက်သွားမည် ဖြစ်ကြောင်း စည်ပင် သာယာရေး ကော်မတီ စီမံဌာန တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

ပုဂ္ဂလိက ရေကစား မဏ္ဍပ်များကို ဇမ္ဗူသီရိ မြို့နယ် ရာဇသင်္ဂဟ လမ်းမကြီးပေါ် ဟိုတယ် ဇုန်တွင် ဆောက်လုပ်လျက် ရှိရာ (Golden Guest Hotel) ရွှေဧည့်သည် ဟိုတယ်ရှေ့ တွင် ရွှေသံလွင် ကုမ္ပဏီ ရေကစား မဏ္ဍပ်၊ Royal Kumudra Hotel ရှေ့တွင် ဟိုတယ် မိသားစု၏ ရေကစား မဏ္ဍပ်နှင့် အိုအေစစ် ဟိုတယ်ရှေ့တွင် နေပြည်တော် (FC) ရေ ကစား မဏ္ဍပ်များ ဆောက်လုပ်နေကြောင်း သိရသည်။


http://bit.ly/11I4hsU

နေပြည်တော်၌ မဟာသင်္ကြန် ပွဲတော်ကို မြို့တော် စည်ပင် သာယာရေး ကော်မတီမှ ဦးစီး၍ ဗဟို မဏ္ဍပ်ကို မြို့တော်ခန်းမ ရှေ့၌ ဆောက်လုပ်ပြီး ဧပြီ ၁၃ ရက် သင်္ကြန် အကြိုနေ့ ညနေ ၅ နာရီခွဲတွင် ဖွင့်ပွဲ ကျင်းပမည် ဖြစ်ကြောင်း၊ ဖွင့်ပွဲအခမ်းအနားကိုယဉ်ကျေးမှု ၀န်ကြီးဌာန အစီအစဉ်ဖြင့် ဖျော်ဖြေသွားမည် ဖြစ်ကြောင်းနှင့် မဟာသင်္ကြန် ကာလအတွင်းနံနက် ၉ နာရီမှ ည ၇ နာရီအထိ ၀န်ကြီး ဌာနများ ယိမ်းအဖွဲ့နှင့် ကုမ္ပဏီ ယိမ်းအဖွဲ့များ စုစုပေါင်း ယိမ်းအဖွဲ့ ၁၇ ဖွဲ့ဖြင့် အလှည့်ကျ ဖျော်ဖြေ တင်ဆက်သွားမည် ဖြစ်ကြောင်း စည်ပင် သာယာရေး ကော်မတီ စီမံဌာန တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

ပုဂ္ဂလိက ရေကစား မဏ္ဍပ်များကို ဇမ္ဗူသီရိ မြို့နယ် ရာဇသင်္ဂဟလမ်းမကြီးပေါ်ဟိုတယ်ဇုန်တွင် ဆောက်လုပ်
လျက် ရှိရာ (Golden Guest Hotel) ရွှေဧည့်သည် ဟိုတယ်ရှေ့ တွင် ရွှေသံလွင် ကုမ္ပဏီ ရေကစား မဏ္ဍပ်၊ Royal Kumudra Hotel ရှေ့တွင် ဟိုတယ် မိသားစု၏ ရေကစား မဏ္ဍပ်နှင့် အိုအေစစ် ဟိုတယ်ရှေ့တွင် နေ
ပြည်တော် (FC) ရေ ကစား မဏ္ဍပ်များ ဆောက်လုပ်နေကြောင်း သိရသည်။
 
မြ၀တီသတင်း, ရန်ကုန်နယူးဒေးလီးစ်
ရန်ကုန်- ၈-၄.၂၀၁၃



0 comments:

Post a Comment