Pages

Monday, April 8, 2013

မိတ္ထီလာရှိ မွတ်စလင် ဒုက္ခသည် စခန်းများတွင်း အခြေအနေ အလွန်ဆိုးရွားလျက်ရှိ

ဧပြီ ၈ ၊၂၀၁၃

မိတ္ထီလာမြို့ အကြမ်းဖက်မှုများကြောင့် ထွက်ပြေးကြရသော မွတ်စလင်များအား ထားရှိသည့် ဒုက္ခသည်စခန်းများ တွင် အခြေအနေအလွန်ဆိုးရွားလျက်ရှိသည်မြန်မာသတင်းများတွင် လှူဒါန်းမှုများ၊ ကူညီမှုများကို ဝေေ၀ဆာဆာရေးသားဖော်ပြနေကြသော်လည်း မွတ်စလင် ဒုက္ခသည်များအတွက်မူ ထိန်းသိမ်းရေး စခန်းကဲ့သို့ ဖြစ်နေကြောင်း၊ အစားအသောက် အနေအထိုင် အခြေအနေ အလွန်ဆိုးလျက်ရှိကြောင်း မိသားစုဝင်များကဆိုသည်။ လိုအပ်သည့် စားနပ်ရိက္ခာများလည်း မရရှိကြောင်း မိတ္ထီလာ ဘောလုံးကွင်း အတွင်းရောက်နေသည့် မိသားစုဝင် တဦးက ပြောပြသည်။

“မွတ်စလင်တွေအတွက် အစားအသောက် အလုံအလောက် မပေးဘူး။ မာမား ခေါက်ဆွဲခြောက် တယောက်တစ် ထုပ်စီ ခုနနေတစ်ထုပ် ခုနနေတစ်ထုပ် လာလာဝေတယ်။ ခုဆိုရင် သောက်ရေသန့်  တစ်ဗူးကို နှစ်ယောက် သုံး ယောက် သောက်ခိုင်းတယ်”

နေထိုင်ရေးနဲ့  ပတ်သက်ပြီး တခြားမိသားစုဝင် တစ်ဦးက “ဆေးလည်းမပေးဘူး၊ အပြင် ထွက်ဝယ်မယ်ဆို တော့လည်း ပေးမထွက်ဘူး၊ အဲ့ဒီ ဒုက္ခသည်စခန်းဆိုတာ ထိန်းသိမ်းရေး စခန်းလိုဖြစ်နေတယ်” ဟုဆိုသည်။

လူ ကိုးထောင်ကျော်ရှိသည့် အဆိုပါ ဒုက္ခသည်စခန်းတွင် အိမ်သာ ၄ လုံးသာရှိကြောင်း၊ သက်ကြီးရွယ်အိုများနှင့် ကလေးများလည်းရှိရာ ကျန်းမာရေးဆိုင်ရာ သန့် ရှင်းရေးကိစ္စများအတွက် စိုးရိမ်ရကြောင်း သိရသည်။

“ဗုဒ္ဓဘာသာတွေကိုတော့ စတိတ်ကျောင်းမှာထားတယ်ဗျာ၊ သူတို့ အတွက် အမိုးအကာ အပြည့်အ၀ရှိတယ်။ ကျ နော်တို့ မွတ်စလင်တွေအတွက်တော့ ဟင်းလင်းပြင်ကြီးမှာထားတယ်၊ အမိုးအကာမရှိ အိပ်သာမရှိ။ အစားအ သောက်ကျတော့လည်း လှူဒါန်းထားတာတွေ မရဘူး။ လှူထားတဲ့ ပစ္စည်း အကဒ်လိုက် အကဒ်လိုက်တွေကို ဗုဒ္ဓဘာသာဝင်တွေအတွက် သယ်သွားပြီး မွတ်စလင်တွေအတွက်တော့ အကန့် အသတ်နဲ့ ပဲရတယ်။ ဒါကြောင့် လှူဒါန်းတဲ့လူတွေအနေနဲ့  အာဏာပိုင်တွေလက်ထဲ ပုံအပ်လိုက်တာမဟုတ်ပဲ ကိုယ်တိုင်ကိုယ်ကျ ထောက်ပံ့ပေးသင့်တယ်။” ဒုက္ခသည်စခန်းအတွင်းမှ မွတ်စလင်တဦးမှ M-Media သို့ပြောကြားခဲ့တာပါ။
 
M-Media , Rangonnewsdaily
RND:8.4.2013
ထွန်းတောက်

0 comments:

Post a Comment