Pages

Thursday, January 3, 2013

Super Custom ကားများ သွင်းကားဈေးနှင့် လက်ရှိကားဈေးနှုန်း သိန်းသုံးဆယ်ကျော်ကွာ

လူစီးများသော Super Custom ကားများသည် သင်္ဘောပေါ်မှချဈေးထက်ယခုလက်ရှိ ရန်ကုန်မြို့တွင် စီးနေ
သော အိမ်စီးကားများထက် သိန်း ၃၀ နည်းပါးမြင့်တက်နေကြောင်း သိရှိရသည်။
လက်ရှိကားဈေးကွက်သည် အစိုးရ၏ ပါမစ်ဈေးကျလာသည်နှင့်အမျှကျဆင်းမှုများရှိနေသော်လည်းကုမ္ပဏီ
မှ သွင်းလာပြီး ရောက်ရှိလာသောဈေးနှုန်းမှာ ယခင်က ရောက်ရှိနေသောကားများဈေးနှုန်းနှင့်အနည်းငယ်
ကွာခြားနေကြောင်း ကားဈေးကွက် ကျွမ်းကျင်သူများက ရှင်းပြသည်။

“သင်္ဘောပေါ်က ချတဲ့ကားတွေက ဒီမှာရှိတဲ့ ကားတွေထက် သိန်းသုံးဆယ်လောက် အောက်ထစ်ကွာတယ် ။ ဘာဖြစ်လို့လဲဆိုတော့ သင်္ဘောပေါ်ကကားတွေကအသစ်တွေ ပြီးတော့ မော်ဒယ်လဲမြင့်တယ် နံပါတ်အမြင့်နဲ့

လဲ ရမယ်။ အရင်တုန်းက ကားတွေက စက်မှုဇုန်ထုတ် ကားတွေဆိုပြီး စက်မှုဇုန် နံပါတ်နဲ့လည်း ဖြစ်တယ်။ ဒါ
ကြောင့် ဈေးနှုန်း ကွာခြားတာပါ” ဟု ကားအကျိုးဆောင် တစ်ဦးဖြစ်သူ ကိုအောင်က ပြောကြားသည်။

ယခင် တင်သွင်းထားသော ကားများသည်အစိုးရမှတရားဝင်ထားခွင့်ပြုထားသောကားများ မဟုတ်ကြောင်း၊

မ၀တီစသော နယ်စပ်များမှတင်သွင်းထားပြီး ကားပစ္စည်းများကို တစ်စစီဖြုတ် သယ်ဆောင်လာသော ကား
များဖြစ်ပြီးရန်ကုန်သို့ ရောက်ရှိပါကစက်မှုဇုန်တွင် ပြန်လည်တပ်ဆင်သောကားများဖြစ်ကြောင်းသိရှိရသည်။

ယခုကားကုမ္ပဏီများမှတင်သွင်းသောကားများသည်သက်ဆိုင်ရာနိုင်ငံများမှသင်္ဘောနှင့်တရားဝင်တင်သွင်း

ခွင့်ပြုထားပြီး ၂၀၀၄ ခုနှစ် နောက်ပိုင်း မော်ဒယ်များဖြစ်ကြောင်း ကားအကျိုးဆောင်များကပြောကြသည်။

“ကားတွေကတော့ အစိုးရပါမစ်ဈေးပေါ် မူတည်ပြီး အတည်ကျရှိနေမှာပါ။ ဒါပေမယ့် အရင်တုန်းက သွင်းတဲ့

ကားတွေက မူရင်း အတိုင်းနဲ့ မတူတာတွေ ကားတစ်စီးမှာ (၈) ချက် (၁၀) ချက်လောက်ပါတယ်။ အခုက သ
င်္ဘောနဲ့ တရားဝင်လည်း လာတယ်။ ပြီးတော့ နောက်ဆုံးနံပါတ်လည်း ရမယ်။ မော်ဒယ်ကလည်းမြင့်တယ်
။ ဒါကြောင့် ဈေးကွာသွားတာပါ”ဟု ကားဈေးကွက် ကျွမ်းကျင်သူ ကိုမောင်စိုးက ပြောကြားသည်။

ယခုစူပါကာစတန် ကားများသည် သိန်း ၁၅၀ နီးပါးရှိနေပြီးယခင်စက်မှုဇုန် နံပါတ်ကားများသည် သိန်း၁၀၀

 နှင့် သိန်း ၁၂၀ ၀န်းကျင်သာ ရှိနေကြောင်း သိရှိရသည်။

စူပါကာစတန်တွင် လူကြိုက်များသော ကားများမှာLimlited,Livingကားအမျိုးစားများဖြစ်ကြောင်း ကားအမျိုး

အစားမှာfour wheelsနှင့် two wheelsရှိရာ four wheelsမှာဆီကုန်ကျမှုပိုမိုမြင့်မားသောကြောင့် two wheels
ထက် လူကြိုက်နည်းပြီး ဈေးနှုန်းမှာလည်း two wheels ထက် သိန်း ၃၀ ကျော်ကွာခြားမှုရှိကြောင်း သိရှိရ
သည်။

အဆိုပါ စူပါကာစတန်ကားများသည် မြန်မာနိုင်ငံသို့ဝင်ရောက်လာခြင်းမှာဆယ်နှစ်နီးပါးခန့် ရှိပြီဖြစ်ကြောင်း

၊ ယခင်က စူပါကာစတန် ကားဈေးနှုန်းမှာ သိန်းရှစ်ရာနီးပါးရှိကြောင်း ကားဈေးကွက် ကျွမ်းကျင်သူများက
 ပြောကြသည်။

ရှုမဝ

The Myanma Age 

0 comments:

Post a Comment