Pages

Thursday, January 3, 2013

ကြည့်မြင်တိုင်မြို့နယ် သီတာရပ်ကွက်ရှိ လူနေတိုက်ခန်းတစ်ခန်းတွင် ယနေ့ည ၆နာရီကျော်ခန့်က မီးလောင်မှုဖြစ်ပွား


ကြည့်မြင်တိုင်မြို့နယ် သီတာရပ်ကွက်ရှိ လူနေတိုက်ခန်းတစ်ခန်း မီးလောင်မှုဖြစ်ပွားခဲ့ 

Thursday, 03 January 2013 21:51

ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ်၊ သီတာရပ်ကွက်၊ ကသစ်လမ်း၊ တိုက်အမှတ် ၁၆၊ သုံးလွှာ (ခ) တွင် ဇန်န၀ါရီလ ၁ ရက်နေ့ ညနေ ၆ နာရီ ၀န်းကျင်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။  

အဆိုပါမီးလောင်ကျွမ်းမှုမှာ ၁၅ မိနစ်ဝန်းကျင်သာ ကြာမြင့်ခဲ့ကြောင်းနှင့် ဆေးလိပ်တိုပေါ့ဆမီးကြောင့် မီးစတင်လောင်ကျွမ်းခြင်း ဖြစ်သည်ဟု အဆိုပါမီးလောင်မှုဖြစ်စဉ် အနီးရှိလူများ၏ ပြောပြချက်အရ သိရသည်။                

"မီးလောင်မှု ဖြစ်တယ်လည်းဆိုရော ရပ်ကွက်ထဲက လူငယ်တွေက တိုက်ခန်းပေါ်ကိုတက်ပြီး မီးသတ်ဆေးဘူးတွေ၊ ရေစိုအ၀တ်တွေနဲ့ ငြိမ်းသတ်ကြတဲ့အတွက် မီးလောင်မှု နည်းသွားရတာပါ။ မီးသတ်ကားတွေလည်း မီးလောင်ပြီး ၅ မိနစ်ကျော်ကျော်လောက်မှာပဲ ရောက်လာကြတယ်။ အဲဒီအိမ်မှာက ကျန်မာရေးချို့တဲ့နေတဲ့ အဘိုးအိုတစ်ယောက်နဲ့ သူ့သမီးတစ်ယောက် ရှိတယ်လို့ သိရတယ်။ သူ့သမီး ဈေးဝယ်ခဏသွားနေတုန်း မီးလောင်မှုဖြစ်တာ။ ဘေးအခန်းတွေကိုတော့ မီးမကူးဘူး" ဟု မီးလောင်မှုဖြစ်စဉ်အနီးရှိ ဒေါ်ခင်မာကြည်က ပြောပြပါသည်။

အဆိုပါမီးလောင်မှုဖြစ်စဉ်သို့ မီးသတ်ယာဉ် ၅ စီးနှင့် အုပ်ချုပ်မှုယာဉ်နှစ်စီးတို့ လာရောက်၍ မီးငြှိမ်းသတ်မှု ပြုလုပ်ခဲ့ကြောင်းနှင့် မီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုး ၇၀၀၀၀ ကျပ် ရှိခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားခဲ့သော တိုက်ခန်းအားတွေ့ရစဉ်

အေးချမ်းမွန်မှ Eleven Media Group  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
မီးလောင်မှုဖြစ်ပွားခဲ့သော တိုက်ခန်းအားတွေ့ရစဉ်
ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ်၊ သီတာရပ်ကွက်၊ ကသစ်လမ်း၊ တိုက်အမှတ် ၁၆၊ သုံးလွှာ (ခ) တွင် ဇန်န၀ါရီလ ၁ ရက်နေ့ ညနေ ၆ နာရီ ၀န်းကျင်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။ အဆိုပါမီးလောင်ကျွမ်းမှုမှာ ၁၅ မိနစ်ဝန်းကျင်သာ ကြာမြင့်ခဲ့ကြောင်းနှင့် ဆေးလိပ်တိုပေါ့ဆမီးကြောင့် မီးစ
တင်လောင်ကျွမ်းခြင်း ဖြစ်သည်ဟု အဆိုပါမီးလောင်မှုဖြစ်စဉ် အနီးရှိလူများ၏ ပြောပြချက်အရ သိရသည်။

မီးလောင်မှု ဖြစ်တယ်လည်းဆိုရော ရပ်ကွက်ထဲက လူငယ်တွေက တိုက်ခန်းပေါ်ကိုတက်ပြီးမီးသတ်ဆေး
ဘူး
တွ၊ ရေစိုအ၀တ်တွေနဲ့ ငြိမ်းသတ်ကြတဲ့အတွက် မီးလောင်မှု နည်းသွားရတာပါ။ မီးသတ်ကားတွေလည်း မီး
လာင်ပြီး ၅ မိနစ်ကျော်ကျော်လောက်မှာပဲ ရောက်လာကြတယ်။ အဲဒီအိမ်မှာက ကျန်မာရေးချို့တဲ့နေတဲ့ အ
ဘိုးအိုတစ်ယောက်နဲ့သူ့သမီးတစ်ယောက်ရှိတယ်လို့သိရတယ်။သူ့သမီး ဈေးဝယ်ခဏသွားနေတုန်းမီးလောင်
မှုဖြစ်တာ။ ဘေးအခန်းတွေကိုတော့ မီးမကူးဘူး" ဟု မီးလောင်မှုဖြစ်စဉ်အနီးရှိ ဒေါ်ခင်မာကြည်က ပြောပြပါ
သည်။

အဆိုပါမီးလောင်မှုဖြစ်စဉ်သို့ မီးသတ်ယာဉ် ၅ စီးနှင့် အုပ်ချုပ်မှုယာဉ်နှစ်စီးတို့ လာရောက်၍ မီးငြှိမ်း
သတ်မှု
ပုလုပ်ခဲ့ကြောင်းနှင့် မီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုး ၇၀၀၀၀ ကျပ် ရှိခဲ့ကြောင်း သိရသည်။

 
Eleven Media Group

0 comments:

Post a Comment