Pages

Thursday, January 3, 2013

က.ည.န နှင့် ခရိုနီတို့ကြောင့် ဟင်္သာတဆိုင်ကယ်ပွဲစားများ ဒုက္ခရောက်နေ

က.ည.န နှင့် ခရိုနီတို့ကြောင့် ဟင်္သာတဆိုင်ကယ်ပွဲစားများ ဒုက္ခရောက်နေ

တစ်နိုင်ငံလုံးတွင် ဆိုင်ကယ်လိုင်စင်ချထားပေးမှုများ ရပ်ဆိုင်းထားသောလည်း ဟင်္သာတ က.ည.နမှ ဆိုင်ကယ်အရောင်းဆိုင်တစ်ခုနှင့် ပူးပေါင်းကာ ဆိုင်ကယ်အသစ်များအား လိုင်စင်ချထားပေးလျှက်ရှိပါတယ်။ က.ည.န ဌာနသို့မေးမြန်းကြည့်ရာတွင် အဆိုပါဆိုင်ကယ်အရောင်းဆိုင်မှ လိုင်စင်ချထားပေးစဉ်တွင် ရောင်းချမည့်ဆိုင်ကယ်များအားလုံးအား လိုင်စင်ဝင်ထားပြီးဖြစ်ကြောင်း ပြောပါသည်။ ယခုရောင်းချနေသော ဆိုင်ကယ်များမှာလည်း ယခင်လိုင်စင်ဝင်ထားပြီးသား ဆိုင်ကယ်များသာဖြစ်ကြောင်း ပြောပါသည်။

“ဘယ်လိုလိုင်စင်ကြိုဝင်သလဲဆိုတာတော့ မသိဘူးဗျ။ ဆိုင်ကယ်တွေက အခုမှ ကုန်တင်ကားတွေနဲ့ ရောက်တာဗျ။ လိုင်စင်ဝင်တယ်ဆိုရင်ဗျာ ခင်ဗျားတို့လည်းသိနေတာပဲ ယာဉ်စစ်ရတယ် ခဲခြစ်ရတယ် အဆင့်ဆင့်ပဲလေဗျာ။ ခုဟာက ဘယ်လိုလိုင်စင်ကြိုဝင်လဲ မစဉ်းစားတတ်ပါဘူး။ ကျုပ်တို့ပွဲစားတွေ ဥာဏ်မမှီတာပဲ ဖြစ်မှာပါ ” ဟု အောင်ပိုင် လက်ဖက်ရည်ဆိုင်အနီးမှ ပွဲစားတစ်ဦးမှ ပြောဆိုပါသည်။

ယခုအခါ ဟင်္သာတ ဆိုင်ကယ်ဈေးကွက်အတွင်းတွင် တစ်စီးစ နှစ်စီးစ ပွဲခစားရောင်းချနေသူများမှာ ငုတ်တုတ်မေ့သော အနေအထားဖြစ်လျှက်ရှိပါသည်။ ထိုသို့ဖြစ်ရခြင်းမှာ စီးပွားရေးသမားမှာ သူ့စီးပွားအတွက် နည်းလမ်းမျိုးစုံဖြင့် ကြိုးစားအားထုတ်မည်ဖြစ်ပေသည်။ သို့သော်လည်း ကညန ၀န်ထမ်းများ၏ အဂတိလိုက်စားမှု မရှိပါက ထိုသို့ဖြစ်နိုင်စရာ အကြောင်းမရှိပေ။ ထပ်မံစုံစမ်းသိရှိရသည်မှာ ကညန ဦးစီးမှူးနှင့် နယ်ခံ ၀န်ထမ်းတစ်ဦးတို့မှ ပူးပေါင်းကာ ထိုကဲ့သို့ ဥပဒေ လက်တစ်လုံးခြားလုပ်ဆောင်ကာ လိုင်စင်ချထားပေးခြင်းဖြစ်ကြောင်း အခြားအဆင့် ၀န်ထမ်းများမှာ သိရှိသော်လည်း အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ပြဿနာဖြစ်မည်စိုးသဖြင့် ကင်းကင်းရှင်းရှင်းသာ နေကြသည်ဟု သိရှိရပါသည်။

အေးချမ်းမွန်မှ  Hinthata HumanRight တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်

တစ်နိုင်ငံလုံးတွင် ဆိုင်ကယ်လိုင်စင်ချထားပေးမှုများ ရပ်ဆိုင်းထားသောလည်း ဟင်္သာတ က.ည.နမှ ဆိုင်
ကယ်အရောင်းဆိုင်တစ်ခုနှင့် ပူးပေါင်းကာ ဆိုင်ကယ်အသစ်များအား လိုင်စင်ချထားပေးလျှက်ရှိပါတယ်။ က.ည.န ဌာနသို့မေးမြန်းကြည့်ရာတွင် အဆိုပါဆိုင်ကယ်အရောင်းဆိုင်မှ-------------------------------လိုင်စင်ချထားပေးစဉ်တွင် ရောင်းချမည့်ဆိုင်ကယ်များအားလုံးအား လိုင်စင်ဝင်ထားပြီးဖြစ်ကြောင်း ပြောပါ
သည်။ ယခုရောင်းချနေသော ဆိုင်ကယ်များမှာလည်း ယခင်လိုင်စင်ဝင်ထားပြီးသားဆိုင်ကယ်များသာဖြစ်
ကြောင်း ပြောပါသည်။

“ဘယ်လိုလိုင်စင်ကြိုဝင်သလဲဆိုတာတော့ မသိဘူးဗျ။ ဆိုင်ကယ်တွေက အခုမှ ကုန်တင်ကားတွေနဲ့ ရောက်
တာဗျ။ လိုင်စင်ဝင်တယ်ဆိုရင်ဗျာ ခင်ဗျားတို့လည်းသိနေတာပဲ ယာဉ်စစ်ရတယ် ခဲခြစ်ရတယ် အဆင့်ဆင့်
ပဲလေဗျာ။ ခုဟာက ဘယ်လိုလိုင်စင်ကြိုဝင်လဲ မစဉ်းစားတတ်ပါဘူး။ ကျုပ်တို့ပွဲစားတွေ ဥာဏ်မမှီတာပဲ ဖြစ်
မှာပါ ” ဟု အောင်ပိုင် လက်ဖက်ရည်ဆိုင်အနီးမှ ပွဲစားတစ်ဦးမှ ပြောဆိုပါသည်။

ယခုအခါ ဟင်္သာတ ဆိုင်ကယ်ဈေးကွက်အတွင်းတွင် တစ်စီးစ နှစ်စီးစ ပွဲခစားရောင်းချနေသူများမှာ ငုတ်
တုတ်မေ့သော အနေအထားဖြစ်လျှက်ရှိပါသည်။ ထိုသို့ဖြစ်ရခြင်းမှာ စီးပွားရေးသမားမှာ သူ့စီးပွားအတွက် နည်းလမ်းမျိုးစုံဖြင့် ကြိုးစားအားထုတ်မည်ဖြစ်ပေသည်။ သို့သော်လည်း ကညန ၀န်ထမ်းများ၏ အဂတိလိုက်
စားမှု မရှိပါက ထိုသို့ဖြစ်နိုင်စရာ အကြောင်းမရှိပေ။ 
 
 ထပ်မံစုံစမ်းသိရှိရသည်မှာ ကညန ဦးစီးမှူးနှင့် နယ်ခံ ၀န်ထမ်းတစ်ဦးတို့မှ ပူးပေါင်းကာ ထိုကဲ့သို့ ဥပဒေ လက်တစ်လုံးခြားလုပ်ဆောင်ကာ လိုင်စင်ချထားပေးခြင်းဖြစ်ကြောင်း အခြားအဆင့် ၀န်ထမ်းများမှာ သိရှိ
သ်ာလည်း အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ပြဿနာဖြစ်မည်စိုးသဖြင့် ကင်းကင်းရှင်းရှင်းသာ နေကြသည်ဟု သိရှိရပါသည်။
 
 
Hinthata HumanRight

0 comments:

Post a Comment