Pages

Thursday, January 3, 2013

စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီးဌာန ၀န်ကြီးအဖြစ် မုံရွာမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်လှိုင်မြင့်အား ခန့်အပ်တာဝန်ပေး

စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီးဌာန ၀န်ကြီးအဖြစ် မုံရွာမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်လှိုင်မြင့်အား ခန့်အပ်တာဝန်ပေးလိုက်ကြောင်း နိုင်ငံတော်
သမ္မတရုံးက ဇန်န၀ါရီ ၂ ရက် ရက်စွဲဖြင့် ကြေညာသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း--------------- စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးဌာန ၀န်ကြီးဦးစိန်ဝင်းသည် ကျန်းမာရေးအားနည်း
မှုကြောင့်ရာထူးမှနုတ်ထွက်ခွင့်ပြုပါရန်တင်ပြခြင်းကို ခွင့်ပြုကြောင်း နိုင်ငံတော်သမ္မတရုံးဝက်ဘ်ဆိုက်၌ထုတ်
ပန်ခဲ့သည်။

ထို့အပြင် စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးဌာနတွင် ဦးစောမြင့်ဦးအားလည်းကောင်း၊ ဘဏ္ဍာရေးနှင့် အခွန်
ဝန်ကြီးဌာနတွင် ဦးတင်ဝင်းအားလည်းကောင်း ၀န်ကြီးများအဖြစ် ပြောင်းလဲတာဝန်ပေးအပ်လိုက်ကြောင်း သမ္မတရုံးက ဒီဇင်ဘာ ၃၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။
 

0 comments:

Post a Comment