Pages

Thursday, January 3, 2013

အင်တာနက် သုံးသူများအပေါ် တင်းကျပ်သည့် ဥပဒေတစ်ရပ် တရုတ်အစိုးရ အတည်ပြု ပြဋ္ဌာန်း

အင်တာနက် သုံးသူများအပေါ် တင်းကျပ်သည့် ဥပဒေတစ်ရပ် တရုတ်အစိုးရ အတည်ပြု ပြဋ္ဌာန်း
...............................................................................................
အင်တာနက် သုံးစွဲသူများကို အမည်ရင်းနှင့် မှတ်ပုံတင်ရန် တောင်းဆိုသည့် အင်တာနက် ထိန်းချုပ်ရေး ဥပဒေ တစ်ရပ်ကို တရုတ်အစိုးရက သောကြာနေ့တွင် အတည်ပြု ပြဋ္ဌာန်းလိုက်သည်။

ထိုဥပဒေမှာ ကွန်မြူနစ် ပါတီခေါင်းဆောင်အချို့၏ အကျင့်ပျက် ခြစားမှုများနှင့် ပတ်သက်၍ မကျေနပ်ချက်များ အွန်လိုင်းပေါ်တွင် အများအပြား ထွက်ပေါ်လာပြီးနောက်တွင် ပြဋ္ဌာန်းလိုက်ခြင်းဖြစ်သည်။ ဥပဒေက ပုဂ္ဂိုလ်ရေး အကြောင်းအရာ များကို အကာအကွယ်ပေးလိမ့်မည်ဟု အာဏာပိုင်များက ဆိုသော်လည်း အစိုးရနှင့် ပတ်သက် သည့် ဝေဖန် ဆွေးနွေးမှုများ စုဆုံရာ ဖိုရမ်တစ်ခုဖြစ်နေသော အင်တာနက်၏ အခန်းကဏ္ဍကို ပြည်ဖုံးကား ချရန် ရည်ရွယ်ပုံရကြောင်း ဝေဖန်သူများက ဆိုပါသည်။

“အင်တာနက် ကောင်းကောင်းမွန်မွန် ဖွံ့ဖြိုးရေးအတွက် ဒီဥပဒေ လိုအပ်ပါတယ်။ နိုင်ငံရဲ့ အခြေခံ ဥပဒေက နိုင်ငံတော်နဲ့ အစိုးရ အရာရှိတွေရဲ့လုပ်ရပ်ကို ဝေဖန်အကြံပြုတဲ့နေရာမှာ နိုင်ငံသား အခွင့်အရေးတွေကို အကာ  အကွယ်ပေးထားတယ်” ဟု ဥပဒေပြု လွှတ်တော်၏ ဥပဒေရေးရာ ကော်မတီ ညွှန်ကြားရေးမှူး Li Fei က သတင်းစာ ရှင်းလင်းပွဲ တစ်ခုတွင် ပြောကြား ခဲ့သည်။

“သူတို့ရည်ရွယ်ချက်က ရှင်းပါတယ်။ သန်း ရာနဲ့ချီ ရှိတဲ့ တရုတ် အင်တာနက် သုံးစွဲသူတွေရဲ့ လွတ်လပ်စွာ ထုတ်ဖော် ပြောဆို ခွင့်နဲ့ လူထု ထင်မြင်ချက်တွေအတွက် ပေးထားတဲ့ နေရာသေးသေးလေးကို ပြန်ယူဖို့ပဲ”ဟု ကျော်ကြား ထင်ရှားသည့် တရုတ်စာရေးဆရာ Murong Xueeum က ဆိုပါသည်။

Ref: AP မြန်မာအင်ဒီပဲန်ဒင့်ဂျာနယ်

အင်တာနက် သုံးစွဲသူများကို အမည်ရင်းနှင့် မှတ်ပုံတင်ရန် တောင်းဆိုသည့် အင်တာနက် ထိန်းချုပ်ရေး ဥပဒေ တစ်ရပ်ကို တရုတ်အစိုးရက သောကြာနေ့တွင် အတည်ပြု ပြဋ္ဌာန်းလိုက်သည်။
ထိုဥပဒေမှာ ကွန်မြူနစ် ပါတီခေါင်းဆောင်အချို့၏ အကျင့်ပျက် ခြစားမှုများနှင့် ပတ်သက်၍ မကျေနပ်ချက်
များအွန်လိုင်းပေါ်တွင်အများအပြားထွက်ပေါ်လာပြီးနောက်တွင် ပြဋ္ဌာန်းလိုက်ခြင်းဖြစ်သည်။ဥပဒေက ပုဂ္ဂိုလ်
ရေး အကြောင်းအရာ များကို အကာအကွယ်ပေးလိမ့်မည်ဟု အာဏာပိုင်များက ဆိုသော်လည်း အစိုးရနှင့် ပတ်သက် သည့် ဝေဖန် ဆွေးနွေးမှုများ စုဆုံရာ ဖိုရမ်တစ်ခုဖြစ်နေသော အင်တာနက်၏ အခန်းကဏ္ဍကို
 ပြည်ဖုံးကား ချရန် ရည်ရွယ်ပုံရကြောင်း ဝေဖန်သူများက ဆိုပါသည်။

“အင်တာနက် ကောင်းကောင်းမွန်မွန် ဖွံ့ဖြိုးရေးအတွက် ဒီဥပဒေ လိုအပ်ပါတယ်။ နိုင်ငံရဲ့ အခြေခံ ဥပဒေက
နိုင်ငံတော်နဲ့ အစိုးရ အရာရှိတွေရဲ့လုပ်ရပ်ကို ဝေဖန်အကြံပြုတဲ့နေရာမှာ နိုင်ငံသား အခွင့်အရေးတွေကို အ
ကာ အကွယ်ပေးထားတယ်” ဟု ဥပဒေပြု လွှတ်တော်၏ ဥပဒေရေးရာ ကော်မတီ ညွှန်ကြားရေးမှူး Li Fei က သတင်းစာ ရှင်းလင်းပွဲ တစ်ခုတွင် ပြောကြား ခဲ့သည်။

“သူတို့ရည်ရွယ်ချက်က ရှင်းပါတယ်။ သန်း ရာနဲ့ချီ ရှိတဲ့ တရုတ် အင်တာနက် သုံးစွဲသူတွေရဲ့ လွတ်လပ်စွာ ထုတ်ဖော် ပြောဆို ခွင့်နဲ့ လူထု ထင်မြင်ချက်တွေအတွက် ပေးထားတဲ့ နေရာသေးသေးလေးကို ပြန်ယူဖို့ပဲ”
ဟု ကျော်ကြား ထင်ရှားသည့် တရုတ်စာရေးဆရာ Murong Xueeum က ဆိုပါသည်။

Myanmar Independent Journal

0 comments:

Post a Comment