နေပြည်တော်၊ ဇန်န၀ါရီ ၂၆
၂၅-၁-၂၀၁၃ ရက်နေ့ ၁၀၀၀ အချိန် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊
ရွှေသောင်ယံ မြို့နယ်ခွဲ၊ မကျီးစင်ကျေးရွာအနောက်ဘက် (၆)ဖာလုံခန့်အကွာ
မကျီးစင်ချောင်းဝကျောက်တန်းအနီး
ကမ်းစပ်တွင် အလျား၃၆ပေ၊ လုံးပတ်၁၆ပေခန့်ရှိ ဝေလငါးအမျိုးအစားဖြစ်မည်ဟု
ခန့်မှန်းသိရှိရသည့် ပုပ်ပွသေဆုံးနေသော ငါးကြီးတစ်ကောင်တွေ့ရှိကြောင်းသတင်းရရှိသည်။
သတင်းအရ ပုသိမ်ရဲစခန်းမှတပ်ဖွဲ့ဝင်များ၊
မကျီးစင်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် နယ်မြေခံတပ်မှတပ်ဖွဲ့ဝင်များ
ပါဝင်သောပူးပေါင်းအဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ပြီး ရေအတက်တွင် ပြန်လည်
မျောပါခြင်းမရှိစေရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ချောင်းသာကျေးရွာ ငါးလုပ်ငန်းဦးစီးဌာနသို့ အကြောင်းကြားထားရှိကြောင်း သတင်းရရှိသည်။
ရဲဇာနည်
ရဲဇာနည်
0 comments:
Post a Comment