Pages

Monday, January 28, 2013

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဝင်းအတွင်းရှိ ပြည်လမ်းမပေါ်မှ မြေငါးဧကကွက်အား တစ်လ ကျပ် ၃၁၁ သိန်းဖြင့် မြင့်မိုရ်လွှမ်း ကုမ္ပဏီသို့ ငှားရမ်း

ha-27-1-1


ပုဂ္ဂလိက ကုမ္ပဏီသို့ ငှားရမ်းထားသော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဝင်းအတွင်းရှိ မြေနေရာအား ဇန်န၀ါရီလ ၂၆ ရက်နေ့က တွေ့ရစဉ်
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဝင်းအတွင်းရှိ မြေ ငါးဧကအား မြင့်မိုရ်လွှမ်းကုမ္ပဏီသို့ တစ်လကျပ် ၃၁၁ သိန်းဖြင့် ငှားရမ်းခဲ့သည်ဟု သတင်းရရှိသည်။ရန်ကုန်မြို့ ပြည်လမ်းနှင့် ရှင်စောပုလမ်းထောင့် (မြေနီကုန်း City Mart နှင့် မျက်နှာချင်းဆိုင်ရှေ့) ရှိ  ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ပိုင်မြေ ငါးဧကအား ရန်ကုန်တိုင်း
ဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ယာဉ်ရပ်နားစခန်း ပြုလုပ်ရန်အတွက် အငှားချထားပေးခဲ့ကြောင်းသိ
ရသည်။

တစ်လငှားရမ်းခ ကျပ် ၃၁၁ သိန်းဖြင့် ငှားရမ်းခဲ့ခြင်းဖြစ်ပြီး ယာဉ်ကြောကြပ်တည်းမှုကို အထောက်အကူ ပြု
စေရန်ရည်ရွယ်၍ယခုကဲ့သို့ ယာဉ်ရပ်နားစခန်း ပြုလုပ်ရန် ငှားရမ်းခဲ့ခြင်းဖြစ်သည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရှိရသည်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အဆောက်အအုံ ၀င်းအထဲက မြေငါးဧကကို ငှားရမ်းခဲ့တာပါ။ ကားကြပ်တဲ့အပေါ်ကို မူတည်ပြီး ကားရပ်တာ အထောက်အကူပြုစေဖို့အတွက် ငှားရမ်းခဲ့တာပါ။ ငှားရမ်းတဲ့ နှစ်ပမာဏကို ကန့်သတ်ထားတာမရှိဘဲ အစိုးရကနေ အဲဒီနေရာမှာ စီမံကိန်းတစ်ခုခု လုပ်မယ်ဆိုရင် ငှားရမ်းမှုကို ပြန်အပ်ရမှာ ဖြစ်ပါတယ်  .  .  .
ငှားရမ်းမည့်နှစ်အားကန့်သတ်ထားမှုမရှိဘဲ နိုင်ငံတော်စီမံကိန်းပေါ်မူတည်၍ ပြန်လည်အပ်နှံရမည့်အစီအစဉ်
ဖြစ်ကြောင်း၊ ငှားရမ်းခနှုန်းအား လစဉ်ပေးသွင်းစေသည့် အစီအစဉ်ဖြင့် ငှားရမ်းခြင်းဖြစ်ကြောင်းလည်း သိ
ရသည်။

"ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အဆောက်အအုံ ၀င်းအထဲက မြေငါးဧကကို ငှားရမ်းခဲ့တာပါ။ ကားကြပ်
တဲ့အပေါ်ကို မူတည်ပြီး ကားရပ်တာ အထောက်အကူပြုစေဖို့အတွက် ငှားရမ်းခဲ့တာပါ။ ငှားရမ်းတဲ့နှစ် ပမာ
ဏကို ကန့်သတ်ထားတာမရှိဘဲ အစိုးရကနေ အဲဒီနေရာမှာ စီမံကိန်းတစ်ခုခု လုပ်မယ်ဆိုရင် ငှားရမ်းမှုကို
 ပြန်အပ်ရမှာ ဖြစ်ပါတယ်" ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။

ပြည်လမ်းမပေါ်ရှိ ထိုကဲ့သို့ တစ်ဆက်တစ်စပ်တည်း ငါးဧကရှိသည့် မြေကွက်များအား ငှားရမ်းမည်ဆိုပါက တစ်ဧကလျှင် တစ်လကျပ် သိန်း ၁၂၀ မှ၁၅၀ အထိရရှိနိုင်ကြောင်းလည်းသိရသည်။"ပြည်လမ်းမပေါ်
ထောင့်
ကွက် မြေကွက်ကျယ်လည်းဖြစ်တယ်၊ မြို့ထဲမှာလည်း ဖြစ်တဲ့အတွက် တစ်ဧကကို ပေါက်ဈေးက ကျပ်
သိန်း ၁၂၀ ကနေ ၁၅၀ ကြားတော့ ရနိုင်တယ်။ ဒါပေမယ့် အခုက ကားပါကင် စီမံကိန်းတစ်မျိုးတည်း ဆိုရင်တော့လည်း မပြောတတ်ဘူးပေါ့" ဟု အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောကြားခဲ့သည်။

ယခုအခါ ငှားရမ်းထားသည့်မြေကို စတင်ရှင်းလင်းလျက်ရှိပြီ ဖြစ်ကြောင်းနှင့် ကားအစီးရေ ၁၅၀၀ အထိ ရပ်နားနိုင်သည့် အကျယ်အ၀န်းရှိသည်ဟုလည်း သတင်းရရှိသည်။ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ လက်ရှိ
တွင် မြေကွက်ကျယ်များအဖြစ် ကာကွယ်ရေးဝန်ကြီးဌာနပိုင် မြေများနှင့် ၀န်ကြီးဌာနပိုင်၊ မြို့တော်စည်ပင်
ပိုင်များဖြစ်သည့် မြေကွက်အနည်းငယ်သာ ကျန်ရှိတော့ခြင်း ဖြစ်သည်။

ကျန်ခဲ့သည့်ရက်ပိုင်းအတွင်းကလည်းကာကွယ်ရေးဝန်ကြီးဌာနပိုင် မြေများကိုပုဂ္ဂလိကသို့ငှားရမ်းရန်အတွက်
နိုင်ငံပိုင်သတင်းစာများမှ တစ်ဆင့် အဆိုပြုလွှာများ ခေါ်ယူခဲ့ကြောင်း သိရသည်။

0 comments:

Post a Comment