Pages

Monday, January 28, 2013

၅၀၀ ကေဗွီ ဓါတ်အားလိုင်း အတွက် ပစ္စည်းများ ဖေဖော်ဝါရီလ တွင် ရောက်ရှိလာမည်


၅၀၀ ကေဗွီ ဓါတ်အားလိုင်း အတွက် ပစ္စည်းများ ဖေဖော်ဝါရီလ တွင် ရောက်ရှိလာမည်

ပြည်တွင်းမှာ ပထမဆုံး ဆောက်လုပ်မယ့် ၅၀၀ ကေဗွီ ဓါတ်အားလိုင်း စနစ် တည်ဆောက်ရေး အတွက် ပထမ အပိုင်းဖြစ်တဲ့ သပြေ၀ မိတီ်္ထလာ -တောင်ငူဓါတ်အားလိုင်း ၁၄၆ မိုင် အတွက် တည်ဆောက်ရေး ပစ္စည်း များဟာ လာမယ့် ဖေဖော်ဝါရီလမှာ ရောက်ရှိမှာ ဖြစ်တယ်လို့ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဆိုပါ ၅၀၀ ကေဗွီ ဓါတ်အားလိုင်း အတွက် တည်ဆောက်ရေး ပစ္စည်းများကို ဆားဗီးယား နိုင်ငံမှ ၀ယ်ယူထားတာ ဖြစ်ပါတယ်။

အဲ့ဒီလို ၀ယ်ယူမှု ကိုတော့ ဆိုင်းငံ့ ငွေချေစနစ်နဲ့ စာချုပ်ချုပ်ပြီး ၀ယ်ယူတာ ဖြစ်ပါတယ်။ ဒီလို ၀ယ်ယူပြီး ပစ္စည်းများ ထုတ်လုပ်ဖို့ အတွက် ဒီဇိုင်းများ ကိုတော့ စစ်ဆေး ဆောင်ရွက်လျက် ရှိတယ်လို့ သိရပါတယ်။ ဒီလို ပစ္စည်းများ ဒီဇိုင်း ရေးဆွဲရာမှာ မြန်မာနိုင်ငံရဲ့ ရေမြေ သဘာဝနဲ့ ကိုက်ညီပြီး တောင်ကုန်း အနိမ့်အမြင့်တွေ ပေါ်မူတည်ကာ ရေးဆွဲရတာ ဖြစ်ပါတယ်။

အဆိုပါ ၅၀၀ ကေဗွီ ဓါတ်အားလိုင်း တည်ဆောက်ရေး ပထမအပိုင်း အတွက် ကုန်ကျငွေ ဟာ ယူရို ၉၄.၈ သန်းရှိပြီး လျှပ်စစ် ဓါတ်အားဝန်ကြီးဌာနရဲ့ ဘတ်ဂျက်ငွေနဲ့ တည်ဆောက်မှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီ ၅၀၀ ကေဗွီ ဓါတ်အားလိုင်း တည်ဆောက်ဖို့ လျှပ်စစ်ဓါတ်အား ၀န်ကြီးဌာနမှ အင်ဂျင်နီယာ အဖွဲ့နဲ့ ပြည်ပမှ Technical အဖွဲ့တို့က တည်ဆောက်မှာဖြစ်ပြီး ပထမအပိုင်း တည်ဆောက်ဖို့ အတွက် တည်ဆောက်ချိန်ဟာ ၂ နှစ်ခွဲခန့် ကြာမြင့်မှာ ဖြစ်တယ်လို့ သိရပါတယ်။


အေးချမ်းမွန်မှ  mrtv-4 တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

ပြည်တွင်းမှာပထမဆုံး ဆောက်လုပ်မယ့်၅၀၀ ကေဗွီဓါတ်အားလိုင်းစနစ် တည်ဆောက်ရေး အတွက် ပထမ
အပိုင်းဖြစ်တဲ့ သပြေ၀ မိတီ်္ထလာ -တောင်ငူဓါတ်အားလိုင်း ၁၄၆ မိုင် အတွက် တည်ဆောက်ရေး ပစ္စည်း များ
ဟာလာမယ့် ဖေဖော်ဝါရီလမှာ ရောက်ရှိမှာ ဖြစ်တယ်လို့ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦး
ရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဆိုပါ ၅၀၀ ကေဗွီ ဓါတ်အားလိုင်း အတွက် တည်ဆောက်ရေး ပစ္စည်းများကို ဆားဗီးယား နိုင်ငံမှ ၀ယ်ယူ
ထားတာ ဖြစ်ပါတယ်။
အဲ့ဒီလို ၀ယ်ယူမှု ကိုတော့ ဆိုင်းငံ့ ငွေချေစနစ်နဲ့ စာချုပ်ချုပ်ပြီး ၀ယ်ယူတာ ဖြစ်ပါတယ်။ ဒီလို ၀ယ်ယူပြီး ပစ္စည်းများ ထုတ်လုပ်ဖို့ အတွက် ဒီဇိုင်းများ ကိုတော့ စစ်ဆေး ဆောင်ရွက်လျက် ရှိတယ်လို့ သိရပါတယ်။ ဒီလို ပစ္စည်းများ ဒီဇိုင်း ရေးဆွဲရာမှာ မြန်မာနိုင်ငံရဲ့ ရေမြေ သဘာဝနဲ့ ကိုက်ညီပြီး တောင်ကုန်း အနိမ့်အမြင့်
တွ ပေါ်မူတည်ကာ ရေးဆွဲရတာ ဖြစ်ပါတယ်။

အဆိုပါ ၅၀၀ ကေဗွီ ဓါတ်အားလိုင်း တည်ဆောက်ရေး ပထမအပိုင်း အတွက် ကုန်ကျငွေ ဟာ ယူရို ၉၄.၈ သန်းရှိပြီး လျှပ်စစ် ဓါတ်အားဝန်ကြီးဌာနရဲ့ ဘတ်ဂျက်ငွေနဲ့ တည်ဆောက်မှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီ ၅၀၀ ကေဗွီ ဓါတ်အားလိုင်း တည်ဆောက်ဖို့ လျှပ်စစ်ဓါတ်အား ၀န်ကြီးဌာနမှ အင်ဂျင်နီယာ အဖွဲ့နဲ့ ပြည်ပမှ Technical အဖွဲ့တို့က တည်ဆောက်မှာဖြစ်ပြီး ပထမအပိုင်း တည်ဆောက်ဖို့ အတွက် တည်ဆောက်ချိန်ဟာ ၂ နှစ်ခွဲခန့် ကြာမြင့်မှာ ဖြစ်တယ်လို့ သိရပါတယ်။


 mrtv-4

0 comments:

Post a Comment