Pages

Monday, January 28, 2013

လူ့အခွင့်အရေးပညာပေး နည်းပြသင်တန်း လျောက်လွှာပုံစံခေါ်ယူခြင်း

Equality Myanmar မှ ၂၀၁၃-ခုနှစ်အတွင်း စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့မှ လူ့အခွင့်အရေးအကြောင်းကို နည်းပြအဆင့်အထိ လေ့လာလိုသူများအတွက် လူ့အခွင့်အရေး ပညာပေးနည်းပြသင်တန်း ( Human Rights Education Training of Trainers) တက်ရောက်နိုင်ရန် သင်တန်းလျှောက်လွှာကို ဖြန့်ဝေလိုက်ပါသည်။ ယခုသင်တန်းကို ၂၀၁၃ခုနှစ်၊ မတ်လ ၁၄ ရက် မှ ဧပြီလ ၇ ရက်နေ့ အထိ ရန်ကုန်မြို့တွင် ပို့ချသင်ကြားသွားမည်ဖြစ်ပါသည်။ သင်တန်းကိုတက်ရောက်ရန် အထက်ပါဒေသများမှ စိတ်ဝင်စားသူများ လျှောက်ထားနိုင်ပါသည်။

သင်တန်းတွင်

- လူ့အခွင့်အရေး အယူအဆနှင့် သမိုင်းကြောင်း၊

- အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း၊

- အမျိုးသမီးအခွင့်အရေး၊ ကလေးအခွင့်အရေးနှင့် မသန်စွမ်းသူများဆိုင်ရာ အခွင့်အရေးစသော နိုင်ငံတကာ လူ့အခွင့်အရေး စာချုပ်များ၊

- လူ့အခွင့်အရေးကို နိုင်ငံတော် ဥပဒေများရှုထောင့်မှ လေ့လာသုံးသပ်ခြင်း၊

- သင်တန်းသားဗဟိုပြု သင်ကြားမှုပုံစံများအတွက် သင်ခန်းစာပြင်ဆင်ခြင်း၊

- သင်တန်းသားဗဟိုပြု သင်ကြားမှုပုံစံများအတွက် သင်ထောက်ကူပစ္စည်းတီထွင်အသုံးပြု
ခြင်းနည်းလမ်းများ၊

- သင်တန်းသားဗဟိုပြု သင်တန်းပို့ချခြင်းများနှင့်

- သင်တန်းစီမံခန့်ခွဲမှုနှင့် အစီရင်ခံခြင်းဆိုင်ရာနည်းလမ်းမျ
ားကို လက်တွေ့လေ့လာသွားရမည်ဖြစ်သည်။

လျှောက်လွှာကိုအောက်ပါလင့်တွင်ရယ
ူပါ။

http://hreib.com/burmese/index.php?option=com_content&view=category&layout=blog&id=31&Itemid=513

Yatanarpon Call Center 

0 comments:

Post a Comment