Pages

Monday, January 21, 2013

ကျွန်းစုများနှင့် စပ်လျဉ်း၍ တစ်ဖက်သတ် လုပ်ဆောင် မှုများကို ကလင်တန် သတိပေး ပြောကြား

အိုကီနာဝါ စီရင်စုရှိ ဆန်ကာကူကျွန်း သည် ဂျပန် အစိုးရ၏ အုပ်ချုပ်မှု အောက်တွင် ရှိပြီး ဂျပန် အစိုးရ၏ အုပ်ချုပ်မှု လျော့ပါး စေရေးအတွက် မည်သည့် တစ်ဖတ်သတ် လုပ်ဆောင်မှုကို မဆို ကန့်ကွက် သွားမည်ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က ပြော ကြား ခဲ့ကြောင်း သိရသည်။

ဝါရှင်တန် မြို့ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ ဇန်နဝါရီ ၁၈ ရက်က ကျင်းပခဲ့သော ကလင်တန်နှင့် ဂျပန် နိုင်ငံခြားရေး ဝန်ကြီး ဖူမီအို ကီရှီဒတို့ အကြား ပြုလုပ် ကျင်းပခဲ့သည့် ဆွေးနွေးမှုတွင် ကလင်တန်က အထက်ပါ အတိုင်း သတိပေး ပြောကြား ခဲ့ခြင်း ဖြစ်သည်။

အမေရိကန် သမ္မတ ဘားရတ်အိုဘား မားနှင့် ဂျပန် ဝန်ကြီးချုပ် ရှင်ဂိုအဘေးတို့ အကြား ပထမ အကြိမ် ဂျပန်- အမေရိကန် ထိပ်သီး ဆွေးနွေးပွဲ တစ်ရပ်ကို ဖေဖော်ဝါရီ ၁၇ ရက်၌ ကျင်းပရန် ကလင်တန်နှင့် ကီရှီဒတို့က သဘောတူ ခဲ့ကြောင်း သိရသည်။

ဂျပန်- အမေရိကန် လုံခြုံရေး စာချုပ်အရ အမေရိကန် ပြည်ထောင်စုသည် အငြင်းပွားလျက် ရှိသော ကျွန်းနှင့် ပတ်သက်၍ တင်းမာမှုများ ဖြစ်ပွား လာခဲ့ပါက ဂျပန် နိုင်ငံ၏ လုံခြုံရေးအား အကူအညီ ပေးမည် ဖြစ်ကြောင်းနှင့် ကာလ ကြာရှည် ကျင့်သုံး လာခဲ့သော အမေရိ ကန် မူဝါဒနှင့် စာချုပ်ပါ အချက်အလက် များကို ရည်ညွှန်း၍ ကလင်တန်က ထပ်လောင်း ပြောကြားခဲ့သည်။

ဆန်ကာကူ ကျွန်းသည် ဂျပန် နိုင်ငံ၏ မူလပိုင်ကျွန်း ဖြစ်သဖြင့် ဂျပန် နိုင်ငံသည် တရုတ်နိုင်ငံနှင့် ဆက်လက် အငြင်းပွားမည် မဟုတ်သလို အလျှော့ပေးမည် မဟုတ်ကြောင်း ကီရှီဒက ပြောကြားခဲ့ သည်။

ကီရှီဒနှင့် ကလင်တန်သည် အမေရိကန်- ဂျပန် ပူးပေါင်းမှုကို တိုးမြှင့်ရန် အတွက်လည်း သဘောတူ ခဲ့သည်ဟု သိရသည်။

http://www.myawady.net.mm/allnews/global/item/4903-2013-01-21-10-22-22#.UP0RA528B8E

မြ၀တီ

0 comments:

Post a Comment