Pages

Monday, January 21, 2013

"မစိုးရိမ်တိုက်သစ်၊ မဟာနာယကချုပ်ဆရာတော်ကြီး ဆေးရုံတက်ဆေးကုသမှုခံယူ"

"မစိုးရိမ်တိုက်သစ်၊ မဟာနာယကချုပ်ဆရာတော်ကြီး ဆေးရုံတက်ဆေးကုသမှုခံယူ"

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ် မဟာနာယကချုပ်ဆရာတော်ကြီး ဘဒ္ဒန္တ ရာဇဓမ္မာဘိဝံသ ဆေးရုံတက်ရောက်ဆေးကုသမှုခံယူနေသည်မှာ ငါးညရှိခဲ့ပြီ ဖြစ်သည်။ (၁၆-၁-၂၀၁၃) ရက် ညပိုင်းတွင် မျက်နှာတစ်ခြမ်း လေဖြတ်သွားသောကြောင့် ငြိမ်းဆေးရုံမှာ ဆေးကုသမှုခံယူရခြင်းဖြစ်သည်။ မျက်နှာရွဲ့သွားခြင်းမှာ ချက်ချင်းပျောက်ကင်းသွားသော်လည်း တစ်ခါတစ်ရံ စကားလုံးများ မပီသတော့သောကြောင့် ဆေးရုံမှ (၇၂)နာရီ စောင့်ကြည့်ကုသနေခြင်း ဖြစ်သည်။ ဆေးရုံဆင်းရမည့် (၁၉-၁-၂၀၁၃)နေ့တွင် ပျို့အန်သောကြောင့် ဆင်းခွင့်မရတော့ဘဲ အဖြေရှာနေဆဲ ဖြစ်သည်။
ဆရာတော်ကြီးသည် ဧည့်ခံစကားပြောနိုင်၊ အာဟာရများသုံးဆောင်နိုင်၊ စာဖတ်ပြသည်ကို နားထောင်နိုင်သည့်အပြင် လိုအပ်သလို ဆုံးမဩဝါဒများပေးတော်မူနိုင်လောက်အောင် ကြံ့ခိုင်းတော်မူပါသည်။ စိုးရိမ်ဖွယ်မရှိပါ။ သက်တော် (၈၀)အတွင်း ပထမဦးဆုံးအကြိမ် ဆေးရုံတက်ဖူးခြင်းဖြစ်ကြောင်း မိန့်တော်မူပါသည်။
ငြိမ်းဆေးရုံ အခန်း (၁၅၁)တွင် ကုသမှုခံယူနေပြီး ပြည်ကြီးတံခွန် မစိုးရိမ်တိုက်သစ်ဆရာတော် ဘဒ္ဒန္တ တိက္ခိန္ဒြိယာဘိဝံသနှင့် တပည့်နာယကဆရာတော်လေးများ၊ ဆွေမျိုးသားချင်းများ၊ တပည့်ဒကာ/မများ အနီးကပ်ပြုစုလျက် ရှိသည်။
ဆက်သွယ်ရန်- 09.91036012 / 09.2033803

အေးချမ်းမွန်မှ  Wira Thu တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

‎မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ် မဟာနာယကချုပ်ဆရာတော်ကြီး ဘဒ္ဒန္တ ရာဇဓမ္မာဘိဝံသ ဆေးရုံတက်ရောက်ဆေးကုသမှုခံယူနေသည်မှာ ငါးညရှိခဲ့ပြီ ဖြစ်သည်။ (၁၆-၁-၂၀၁၃) ရက် ညပိုင်းတွင် မျက်နှာတစ်ခြမ်း လေဖြတ်သွားသောကြောင့် ငြိမ်းဆေးရုံမှာ ဆေးကုသမှုခံယူရခြင်းဖြစ်သည်။
မျက်နှာရွဲ့သွားခြင်းမှာ ချက်ချင်းပျောက်ကင်းသွားသော်လည်း တစ်ခါတစ်ရံ စကားလုံးများ မပီသတော့သောကြောင့် ဆေးရုံမှ (၇၂)နာရီ စောင့်ကြည့်ကုသနေခြင်း ဖြစ်သည်။ ဆေးရုံဆင်းရမည့် (၁၉-၁-၂၀၁၃)နေ့တွင် ပျို့အန်သောကြောင့် ဆင်းခွင့်မရတော့ဘဲ အဖြေရှာနေဆဲ ဖြစ်သည်။

ဆရာတော်ကြီးသည် ဧည့်ခံစကားပြောနိုင်၊ အာဟာရများသုံးဆောင်နိုင်၊ စာဖတ်ပြသည်ကို နားထောင်နိုင်သည့်အပြင် လိုအပ်သလို ဆုံးမဩဝါဒများပေးတော်မူနိုင်လောက်အောင် ကြံ့ခိုင်းတော်မူပါသည်။ စိုးရိမ်ဖွယ်မရှိပါ။ သက်တော် (၈၀)အတွင်း ပထမဦးဆုံးအကြိမ် ဆေးရုံတက်ဖူးခြင်းဖြစ်ကြောင်း မိန့်တော်မူပါသည်။


ငြိမ်းဆေးရုံ အခန်း (၁၅၁)တွင် ကုသမှုခံယူနေပြီး ပြည်ကြီးတံခွန် မစိုးရိမ်တိုက်သစ်ဆရာတော် ဘဒ္ဒန္တ တိက္ခိန္ဒြိယာဘိဝံသနှင့် တပည့်နာယကဆရာတော်လေးများ၊ ဆွေမျိုးသားချင်းများ၊ တပည့်ဒကာ/မများ အနီးကပ်ပြုစုလျက် ရှိသည်။


ဆက်သွယ်ရန်- 09.91036012 / 09.2033803
 

Wira Thu 

0 comments:

Post a Comment