Pages

Monday, January 21, 2013

"ကာကွယ်ရေးဝန်ကြီးဌာနပိုင် သီလ၀ါရှိ မြေ ၇၀၅ ဧကအား နှစ်ရှည်ငှားရမ်းရန် တင်ဒါခေါ် အချက်အချာကျသည့် နေရာများတွင် တပ်မတော်ပိုင်မြေနှင့် အဆောက်အအုံများစွာရှိပြီး ဆက်တိုက်လေလံတင် "

((( ဒါ ဒို့ပြေ ၊ ဒါ ဒို့မြေ ၊ ဒို့ ပိုင်တဲ့ မြေ )))

 နိုင်ငံတော်ပိုင်၊ ၀န်ကြီးဌာန အသီးသီး ပိုင်ဆိုင်သည့် မြေကွက်နှင့် အဆောက်အအုံများအား ၂၀၀၈ ခုနှစ်နောက်ပိုင်းတွင် ပုဂ္ဂလိကသို့ ဆက်တိုက်လွှဲပြောင်းပေးခဲ့သော်လည်း ...

ကာကွယ်ရေးဝန်ကြီး ဌာန ပိုင်မြေမှာ .....အဟွတ် ..အဟွတ် .. ။

--------------------------------------------------------------------------------------
"ကာကွယ်ရေးဝန်ကြီးဌာနပိုင် သီလ၀ါရှိ မြေ ၇၀၅ ဧကအား နှစ်ရှည်ငှားရမ်းရန် တင်ဒါခေါ် အချက်အချာကျသည့် နေရာများတွင် တပ်မတော်ပိုင်မြေနှင့် အဆောက်အအုံများစွာရှိပြီး ဆက်တိုက်လေလံတင် "

ကာကွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းမှ သီလ၀ါရှိ မြေ ၇၀၅ ဧကအား နှစ်ရှည်ငှားရမ်းရန်အတွက် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁၇ ရက်နေ့က နိုင်ငံပိုင် သတင်းစာများမှတစ်ဆင့် တင်ဒါခေါ်ယူခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၊ သင်္ဘောဖျက်စက်ရုံ (သီလ၀ါ)ပိုင်မြေတွင် စက်မှုလုပ်ငန်းများနှင့် ဆိပ်ကမ်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် တင်ဒါခေါ်ယူခြင်းဖြစ်ပြီး မြေ ၇၀၅ ဧကကို အပိုင်း (၉)ပိုင်းခွဲကာ ငှားရမ်းသွားမည်ဖြစ် ကြောင်း သိရသည်။

နှစ်ရှည် ငှားရမ်းပေးသွားမည်ဖြစ်ပြီး တိုင်းရင်းသားလုပ်ငန်းရှင်များကို ဖိတ်ခေါ်ထားခြင်းဖြစ်ပြီး ကုမ္ပဏီအမည်၊ ငှားရမ်းလိုသည့် စနစ်၊ နှစ်စဉ်ငှားရမ်းခနှုန်း(Annual Rent) မြေအသုံးချခနှုန်းထား(Land Use Premium)၊ ရင်းနှီးမြှုပ်နှံမှု ပမာဏ၊ ဆောင်ရွက်မည့် လုပ်ငန်း၊ ကုမ္ပဏီ မှတ်ပုံတင်နှင့် ငွေကြေးပိုင်ဆိုင်မှုများ ဖော်ပြရမည်ဖြစ်သည်။

အဆိုပြုလွှာ ပုံစံတစ်စုံလျင် ငွေကျပ် ၃၀၀၀၀ အထိ ပေးကာ ၀ယ်ယူ တင်သွင်းရမည်ဖြစ်ကြောင်း၊ ရန်ကုန်မြို့၊ အလုံမြို့နယ်၊ အလုံလမ်းရှိ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (ရုံးချုပ်)၊ စက်ရုံဌာနသို့ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နောက်ဆုံးထားကာ အဆိုပြုလွှာများ ပေးပို့ရမည်ဟု သိရသည်။

ရန်ကုန်မြို့ရှိ အချက်အခြာကျသည့် နေရာများတွင် တပ်မတော် ပိုင်အဖြစ် ယူထားသည့် မြေနှင့် အဆောက်အအုံများ များစွာရှိနေပြီး ယခုအခါ အငှားချထားရန် တင်ဒါ ဆက်တိုက် ခေါ်ယူလာကြောင်း တွေ့ရသည်။ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၉ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင်လည်း ရန်ကုန်မြို့ရှိ တပ်မတော်ပိုင်မြေနှင့် အဆောက်အအုံများကို ဟိုတယ်လုပ်ငန်းအတွက် နှစ်ရှည်ငှားရမ်းရန် တင်ဒါခေါ်ယူခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဗဟန်းမြို့နယ်၊ ပုလဲလမ်းတွင်ရှိသော တပ်မတော်ပိုင် မြရိပ်ညိုရွိုင် ရယ် ဟိုတယ်မြေ ၁၃ ဒသမ ၇၉၄ ဧကနှင့် အဆောက်အအုံခြောက်လုံး၊ ဒဂုံမြို့နယ်၊ အလံပြဘုရားလမ်းရှိ တပ်မတော်ပိုင် ယုဇနဂါးဒင်းဟိုတယ်မြေ ၄ ဒသမ ၁၂ ဧကနှင့် အဆောက်အအုံတစ်လုံး၊ ပန်းပဲတန်းမြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ် ၁၆ စီ ၃၊ မြေကွက်အမှတ် ၃ ဒီရှိ တပ်မတော်ပိုင်မြေ ၂ ဒသမ ၅၀၉ ဧကနှင့် အဆောက်အအုံတစ်လုံးကို ဟိုတယ်လုပ်ငန်းများဆောင်ရွက်ရန် အတွက် တင်ဒါခေါ်ယူထားခြင်း ဖြစ်ပါသည်။

တပ်မတော်ပိုင်မြေများမှာ မြေ ကွက်အသေးများမဟုတ်ဘဲ ဧကများ စွာကျယ်သည့် အချက်အချာကျ မြေကွက်များပင် များစွာကျန်နေသေးကြောင်း၊ အချို့မြေကွက်နှင့် အဆောက်အအုံများမှာ ပုဂ္ဂလိကလုပ်ငန်းရှင်များအား ချထားပေးခဲ့ကြောင်း၊ သို့သော် မည်သို့လွှဲပြောင်းသည်ကိုမူ ယခုကဲ့သို့ ထုတ်ပြန်မှုမရှိကြောင်း သိရသည်။ ရန်ကုန်မြို့အတွင်းရှိ နိုင်ငံတော်ပိုင်၊ ၀န်ကြီးဌာန အသီးသီး ပိုင်ဆိုင်သည့် မြေကွက်နှင့် အဆောက်အအုံများအား ၂၀၀၈ ခုနှစ်နောက်ပိုင်းတွင် ပုဂ္ဂလိကသို့ ဆက်တိုက်လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။(EMG)

‎((( ဒါ ဒို့ပြေ ၊ ဒါ ဒို့မြေ ၊ ဒို့ ပိုင်တဲ့ မြေ )))

ကာကွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းမှ သီလ၀ါရှိ မြေ ၇၀၅ ဧကအား နှစ်ရှည်ငှားရမ်းရန်အတွက် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁၇ ရက်နေ့က နိုင်ငံပိုင် သတင်းစာများမှတစ်ဆင့် တင်ဒါခေါ်ယူခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၊ သင်္ဘောဖျက်စက်ရုံ (သီလ၀ါ)ပိုင်မြေတွင် စက်မှုလုပ်ငန်းများနှင့် ဆိပ်ကမ်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် တင်ဒါခေါ်ယူခြင်းဖြစ်ပြီး မြေ ၇၀၅ ဧကကို အပိုင်း (၉)ပိုင်းခွဲကာ ငှားရမ်းသွားမည်ဖြစ် ကြောင်း သိရသည်။

နှစ်ရှည် ငှားရမ်းပေးသွားမည်ဖြစ်ပြီး တိုင်းရင်းသားလုပ်ငန်းရှင်များကို ဖိတ်ခေါ်ထားခြင်းဖြစ်ပြီး ကုမ္ပဏီအမည်၊ ငှားရမ်းလိုသည့် စနစ်၊ နှစ်စဉ်ငှားရမ်းခနှုန်း(Annual Rent) မြေအသုံးချခနှုန်းထား(Land Use Premium)၊ ရင်းနှီးမြှုပ်နှံမှု ပမာဏ၊ ဆောင်ရွက်မည့် လုပ်ငန်း၊ ကုမ္ပဏီ မှတ်ပုံတင်နှင့် ငွေကြေးပိုင်ဆိုင်မှုများ ဖော်ပြရမည်ဖြစ်သည်။

အဆိုပြုလွှာ ပုံစံတစ်စုံလျင် ငွေကျပ် ၃၀၀၀၀ အထိ ပေးကာ ၀ယ်ယူ တင်သွင်းရမည်ဖြစ်ကြောင်း၊ ရန်ကုန်မြို့၊ အလုံမြို့နယ်၊ အလုံလမ်းရှိ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (ရုံးချုပ်)၊ စက်ရုံဌာနသို့ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နောက်ဆုံးထားကာ အဆိုပြုလွှာများ ပေးပို့ရမည်ဟု သိရသည်။

ရန်ကုန်မြို့ရှိ အချက်အခြာကျသည့် နေရာများတွင် တပ်မတော် ပိုင်အဖြစ် ယူထားသည့် မြေနှင့် အဆောက်အအုံများ များစွာရှိနေပြီး ယခုအခါ အငှားချထားရန် တင်ဒါ ဆက်တိုက် ခေါ်ယူလာကြောင်း တွေ့ရသည်။ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၉ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင်လည်း ရန်ကုန်မြို့ရှိ တပ်မတော်ပိုင်မြေနှင့် အဆောက်အအုံများကို ဟိုတယ်လုပ်ငန်းအတွက် နှစ်ရှည်ငှားရမ်းရန် တင်ဒါခေါ်ယူခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဗဟန်းမြို့နယ်၊ ပုလဲလမ်းတွင်ရှိသော တပ်မတော်ပိုင် မြရိပ်ညိုရွိုင် ရယ် ဟိုတယ်မြေ ၁၃ ဒသမ ၇၉၄ ဧကနှင့် အဆောက်အအုံခြောက်လုံး၊ ဒဂုံမြို့နယ်၊ အလံပြဘုရားလမ်းရှိ တပ်မတော်ပိုင် ယုဇနဂါးဒင်းဟိုတယ်မြေ ၄ ဒသမ ၁၂ ဧကနှင့် အဆောက်အအုံတစ်လုံး၊ ပန်းပဲတန်းမြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ် ၁၆ စီ ၃၊ မြေကွက်အမှတ် ၃ ဒီရှိ တပ်မတော်ပိုင်မြေ ၂ ဒသမ ၅၀၉ ဧကနှင့် အဆောက်အအုံတစ်လုံးကို ဟိုတယ်လုပ်ငန်းများဆောင်ရွက်ရန် အတွက် တင်ဒါခေါ်ယူထားခြင်း ဖြစ်ပါသည်။

တပ်မတော်ပိုင်မြေများမှာ မြေ ကွက်အသေးများမဟုတ်ဘဲ ဧကများ စွာကျယ်သည့် အချက်အချာကျ မြေကွက်များပင် များစွာကျန်နေသေးကြောင်း၊ အချို့မြေကွက်နှင့် အဆောက်အအုံများမှာ ပုဂ္ဂလိကလုပ်ငန်းရှင်များအား ချထားပေးခဲ့ကြောင်း၊ သို့သော် မည်သို့လွှဲပြောင်းသည်ကိုမူ ယခုကဲ့သို့ ထုတ်ပြန်မှုမရှိကြောင်း သိရသည်။ ရန်ကုန်မြို့အတွင်းရှိ နိုင်ငံတော်ပိုင်၊ ၀န်ကြီးဌာန အသီးသီး ပိုင်ဆိုင်သည့် မြေကွက်နှင့် အဆောက်အအုံများအား ၂၀၀၈ ခုနှစ်နောက်ပိုင်းတွင် ပုဂ္ဂလိကသို့ ဆက်တိုက်လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

(EMG)

0 comments:

Post a Comment