Pages

Monday, January 21, 2013

“ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အောက်ခြေ၌ သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်နေသည်မှာ မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား

“ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အောက်ခြေ၌ သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်နေသည်မှာ မဟုတ်ပါဘူး။

အတွင်းထဲမှာတော့ ရာထူးနေရာလုတာကတော့ အစတည်းကရှိခဲ့တယ်။ ဒါအစ ကတည်းကပြောတာပဲ။ မရှိတဲ့ ကုလားထိုင်တောင်လုတာပဲ။ ကုလားထိုင် က ရေးရေးပေါ် လာတော့ ပိုပြီးတော့ လုချင် ကြတာပေါ့။ ဒါကဒီမို ကရေစီပဲ။ ဒါကြောက်စရာမဟုတ်ဘူး။

ဒါရင်ဆိုင်ရမယ်။ ဖြေရှင်းရမယ်။ ဒီလိုဒီမိုကရေစီလမ်းကို လျောက်မယ်ဆိုရင် အားလုံးအိုကေပဲ လို့ထင်တယ်။ မအိုကေဘူး။ ဒီမိုကရေစီရရင် သူ့ပြဿနာနဲ့သူရှိတယ်။ အဲဒီတော့ ကျွန်မတို့လည်း အခုဒီလိုဖြစ်နေတာတွေကို သဘောကျတယ်။

အဲတော့မှ ဘယ်သူတွေက တကယ်ပဲ နိုင်ငံ အတွက် စေတနာ ကောင်းကောင်းနဲ့လုပ်တာလဲ။ ဘယ်သူတွေက ဒီမိုကရေစီအတွက် လုပ်နေ တာလဲ။ ဘယ်သူတွေက သူတို့နေရာရဖို့အတွက်၊ သူတို့နာမည်ရဖို့၊ လုပ်နေတာလဲ ဆို တာ ပေါ်လာတာပေါ့။ သင်ခန်းစာလည်းဖြစ်တယ်။

အဖွဲ့ချုပ်ကိုပိုပြီးတော့ ရင့်ကျက်သွားစေတယ် လို့မြင်တယ်။ ဒါတွေကတော့ ရင်ဆိုင်ရမှာပဲ။ နောင်လည်းရင်ဆိုင်ရမှာပဲ။ အခုတင်မဟုတ်ဘူး။ ဒီမိုကရေစီရင့်ကျက်တဲ့ နိုင်ငံကြီးတွေကိုကြည့်ပါ။ အင်မတန်မှ ရင့်ကျက်တဲ့နိုင်ငံကြီးတွေမှာတောင်မှ အဖွဲ့အစည်းအတွင်းမှာ ကွဲကြတာတွေရှိတယ်။ ဒါကတော့ လူ့သဘဝကိုး။ ”

** ဒေါ်အောင်ဆန်းစုကြည် **
Posted From Kyaymhon Khin

အေးချမ်းမွန်မှ  Thit Htoo Lwin blog တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အောက်ခြေ၌ သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်နေသည်မှာ မဟုတ်ပါဘူး။
အတွင်းထဲမှာတော့ ရာထူးနေရာလုတာကတော့ အစတည်းကရှိခဲ့တယ်။ ဒါအစ ကတည်းကပြောတာပဲ။ မရှိတဲ့ ကုလားထိုင်တောင်လုတာပဲ။ ကုလားထိုင် က ရေးရေးပေါ် လာတော့ ပိုပြီးတော့ လုချင် ကြတာပေါ့။ ဒါကဒီမို ကရေစီပဲ။ ဒါကြောက်စရာမဟုတ်ဘူး။ ဒါရင်ဆိုင်ရမယ်။ ဖြေရှင်းရမယ်။ ဒီလိုဒီမိုကရေစီလမ်းကို လျောက်မယ်ဆိုရင် အားလုံးအိုကေပဲ လို့ထင်တယ်။ မအိုကေဘူး။ ဒီမိုကရေစီရရင် သူ့ပြဿနာနဲ့သူရှိတယ်။ အဲဒီတော့ ကျွန်မတို့လည်း အခုဒီလိုဖြစ်နေတာတွေကို သဘောကျတယ်။

အဲတော့မှ ဘယ်သူတွေက တကယ်ပဲ နိုင်ငံ အတွက် စေတနာ ကောင်းကောင်းနဲ့လုပ်တာလဲ။ ဘယ်သူတွေက ဒီမိုကရေစီအတွက် လုပ်နေ တာလဲ။ ဘယ်သူတွေက သူတို့နေရာရဖို့အတွက်၊ သူတို့နာမည်ရဖို့၊ လုပ်နေတာလဲ ဆို တာ ပေါ်လာတာပေါ့။ သင်ခန်းစာလည်းဖြစ်တယ်။

အဖွဲ့ချုပ်ကိုပိုပြီးတော့ ရင့်ကျက်သွားစေတယ် လို့မြင်တယ်။ ဒါတွေကတော့ ရင်ဆိုင်ရမှာပဲ။ နောင်လည်းရင်ဆိုင်ရမှာပဲ။ အခုတင်မဟုတ်ဘူး။ ဒီမိုကရေစီရင့်ကျက်တဲ့ နိုင်ငံကြီးတွေကိုကြည့်ပါ။ အင်မတန်မှ ရင့်ကျက်တဲ့နိုင်ငံကြီးတွေမှာတောင်မှ အဖွဲ့အစည်းအတွင်းမှာ ကွဲကြတာတွေရှိတယ်။ ဒါကတော့ လူ့သဘဝကိုး။ ”

 
Thit Htoo Lwin blog

0 comments:

Post a Comment