Pages

Monday, January 21, 2013

ဥပဒေအကြောင်း သိကောင်းစရာများ- ၎

ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ

အခန်း(၅)

ဖမ်းဆီးခြင်း၊ထွက်ပြေးခြင်းနှင့် ပြန်လည်းဖမ်းဆီးခြင်း

ခ။ ၀ရမ်းမပါဘဲဖမ်းဆီးခြင်း

၅၄။ (၁) မည်သည့်ရဲအရာရှိမဆို ရာဇ၀တ်တရားသူကြီးထံမှ အမိန့်မရဘဲဖြစ်စေ၊ ၀ရမ်းမပါဘဲဖြစ်စေ အောက်ပါသူများကို ဖမ်းဆီးနိုင်သည်-

ပထမ - ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုတစ်ရပ်နှင့် စပ်ဆိုင်ပါဝင်နေသူ၊ သို့မဟုတ် ထိုသို့စပ်ဆိုင်ပါ ၀င်ကြောင်း ကျိုးကြောင်းဆီလျော်စွာ တိုင်းကြား ခြင်းခံရသူ၊ သို့မဟုတ် ထိုသို့ စပ်ဆိုင်ပါဝင် နေကြောင်း ယုံကြည် လောက်အောင် သတင်းပေးခြင်းခံရသူ၊ သို့မဟုတ် ထိုသို့ စပ်ဆိုင်ပါ ၀င်နေကြောင်း ယုတ္တိတန်စွာ မသင်္ကာဖွယ်ရာဖြစ်သူ မည်သူမဆို၊ ဒုတိယ - အိမ်ဖောက်ထွင်းကိရိယာ တစ်စုံတစ်ရာကို ဥပဒေနှင့်လျော်ညီသည့် အကြောင်းမရှိဘဲ လက်ဝယ်ထားသူ မည်သူမဆို၊ ဥပဒေနှင့်လျော်ညီသည့် အကြောင်းရှိကြောင်း သက်သေပြ ရန်တာဝန်မှာ လက်ဝယ်ထားသူ၏ တာဝန်သာဖြစ်စေရမည်၊

တတိယ - ဤဥပဒေအရ သော်လည်းကောင်း၊ နိုင်ငံတော်သမ္မတက သော်လည်းကောင်း၊ ပြစ်မှုကျူး လွန်သူဖြစ်ကြောင်း ကြေငြာခြင်းခံရသူ မည်သူမဆို၊

စတုတ္ထ - ခိုးရာပါပစ္စည်းဟု ယုတ္တိတန်စွာ မသင်္ကာဖွယ်ရာဖြစ်နိုင်သော ပစ္စည်း တစ်စုံတစ်ရာကို လက်ဝယ်ထားရှိသည့်အပြင် ယင်းပစ္စည်းနှင့် စပ်လျဉ်း၍ ပြစ်မှုတစ်စုံတစ်ရာကျူးလွန်ခဲ့ သည်ဟု ယုတ္တိတန်စွာ မသင်္ကာဖွယ်ရာ ဖြစ်သူမည်သူမဆို၊

ပဉ္စမ - ရဲအရာရှိတစ်ယောက်ကို တာဝန်ထမ်းဆောင်စဉ် ပိတ်ပင်တားဆီးသူ သို့မဟုတ် ဥပဒေနှင့် အညီ ချုပ်ထားရာမှ ထွက်ပြေးသူ၊သို့မဟုတ် ထွက်ပြေးရန် အားထုတ်သူ မည်သူမဆို၊

ဆဌမ - မြန်မာ့တပ်မတော် ကြည်းတပ်၊ ရေတပ်၊ လေတပ်မှ တပ်ပြေး တစ်ဦးဖြစ်ကြောင်း ယုတ်္တိ တန်စွာ မသင်္ကာဖွယ်ရာဖြစ်သူ မည်သူမဆို ၊

သတ္တမ - ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း ကျူးလွန်လျှင် ပြစ်မှုတစ်ရပ် အနေဖြင့် ပြစ်ဒဏ် စီရင်ခြင်း ခံရမည့် အပြင် ပြစ်မှု ကျူးလွန်ခံရသူအား သက်ဆိုင်ရာ နိုင်ငံသို့ ပေးပို့ရ ခြင်းနှင့် သက်ဆိုင်သော မည်သည့် ဥပဒေ တစ်ရပ်ရပ်အရ ဖြစ်စေ၊ အခြားနည်းဖြင့် ဖြစ်စေ၊ ပြည်ထောင်စု မြန်မာနိုင်ငံ အတွင်း ဖမ်းဆီးခြင်း၊ ချုပ်နှောင်ထားခြင်းခံရန် ထိုက်သင့်သော ပြည်ထောင်စု မြန်မာနိုင်ငံ ပြင်ပ မည်သည့်အရပ်၌မဆို ကျူးလွန်ခဲ့သော ပြစ်မှု တစ်ရပ်ရပ် တွင် စပ်ဆိုင်ပါဝင်သူ၊ သို့မဟုတ် ထိုသို့ စပ်ဆိုင်ပါဝင်ကြောင်း ယုတိ္တတန်သော တိုင်တန်း ခြင်းခံရသူ၊ သို့မဟုတ် ထိုသို့ စပ်ဆိုင်ပါဝင်ကြောင်း ယုံကြည် လောက်သည့် သတင်းပေး ခြင်းခံရသူ၊ သို့မဟုတ် ထိုသို့ စပ်ဆိုင်ပါဝင် ကြောင်း ယုတိ္တတန်သော မသင်္ကာဖွယ်ရာ ဖြစ်သူ မည်သူမဆို၊

အဋ္ဌမ -ပုဒ်မ ၅၆၅ (၃) အရ ပြဋ္ဌာန်းထားသော နည်းဥပဒေ တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန် ရာမှ လွတ်ပြီး အကျဉ်းသား မည်သူမဆို၊

န၀မ -အခြားရဲအရာရှိထံမှ ဖမ်းဆီးပေးရန် တောင်းဆိုထားသူ မည်သူမဆို။ သို့သော် ယင်း တောင်းဆိုချက်တွင် ဖမ်းဆီးပေးရမည့်သူကို တိတိကျကျ ဖော်ပြထားရမည်။ထို့အပြင် ၎င်းအား မည်သည့်ပြစ်မှုအရ ဖမ်းဆီးရမည်၊ သို့မဟုတ် အခြားမည်သည့် အကြောင်း ကြောင့် ဖမ်းဆီးရမည်ဟု ဖော်ပြရမည့်အပြင် ဖမ်းဆီးပေးရန် တောင်းဆိုသည့် အရာရှိ အနေဖြင့် ထိုသူကို ၀ရမ်းမပါဘဲ ဥပဒေနှင့်အညီ ဖမ်းဆီးခွင့် ရှိကြောင်းလည်း ပေါ်လွင် စေရမည်။

(၂) x x x
၅၅။ (၁) မည်သည့် ရဲအရာရှိမဆို အောက်ပါသူများအား ဆိုခဲ့သည့် နည်းလမ်း အတိုင်း ဖမ်းဆီးနိုင် သည်၊ သို့မဟုတ် ဖမ်းဆီးစေနိုင်သည်-

(က) ရဲအရေးယူ ပိုင်ခွင့်ရှိသော ပြစ်မှုတစ်ရပ်ကို ကျူးလွန်ရန် ရည်ရွယ် ချက်ဖြင့် ကြိုတင်ဖုံးကွယ်နေသည်ဟု ယုံကြည်ရန် အကြောင်းရှိသော အခြေအနေတွင် အဆိုပါ ရဲအရာရှိ တာဝန်ကျသည့် ပြည်သူ့ရဲ တပ်ဖွဲ့ စခန်းပိုင်နယ်မြေအတွင်း ၎င်းရှိနေခြင်း ကို ဖုံးကွယ်ရန် သတိနှင့် နေကြောင်းတွေ့ရှိရသူ မည်သူမဆို၊သို့မဟုတ်

(ခ) အဆိုပါရဲအရာရှိတာဝန်ကျသည့် ပြည်သူ့ရဲတပ်ဖွဲ့စခန်းပိုင် နယ်မြေအတွင်း အသက်မွေးဝမ်းကျောင်း လုပ်ငန်း ထင်ထင်ရှားရှား မရှိသူ၊ သို့မဟုတ် မိမိအကြောင်းကို ကျေနပ်လောက်အောင် ပြောမပြ နိုင်သူမည်သူမဆို၊ သို့မဟုတ်

(ဂ) လုယက်တက်သူ၊ အိမ်ဖောက်ထွင်းတက်သူ၊သို့မဟုတ် ခိုးတက်သူ၊ သို့မဟုတ် ခိုးရာပါပစ္စည်းမှန်း သိလျှက်နှင့် ခိုးရာပါပစ္စည်းများကို လက်ခံတက်သူ၊ သို့မဟုတ် ခြောက်လှန့်၍ပစ္စည်းတောင်းယူ တက်သူ၊သို့မဟုတ် ခြောက်လှန့်၍ပစ္စည်းတောင်းယူရန်အတွက် လူများကို နစ်နာစေမည်ဟု ကြောက်အောင် ခြောက်လှန်ရန် အားထုတ်သူဟု ကျော်စောသူ မည်သူမဆို

(၂) x x x
၅၆။ ပြည်သူ့ရဲတပ်ဖွဲ့စခန်းမှူး၊ သို့မဟုတ် အခန်း ၁၄ အရ အမှုစုံစမ်း ထောက်လှမ်းသည့် မည်သည့် ရဲအရာရှိမဆို ၀ရမ်းမပါဘဲ ဥပဒေနှင့်အညီ ဖမ်းဆီးထိုက်သူကို ၀ရမ်းမပါဘဲ ဖမ်းဆီးစေရန် လက်အောက်အရာရှိသို့ လွှဲအပ်နိုင်သည်။

၅၇။ (၁) မည်သူမဆို ရဲအရာရှိရှေ့မှောက်တွင် ရဲအရေးယူပိုင်ခွင့်မရှိသော ပြစ်မှုတစ်ခုကို ကျူးလွန်၍ဖြစ်စေ၊ ကျူးလွန်ကြောင်း စွပ်စွဲခံရ၍ဖြစ်စေ ၎င်းအမည်နှင့် နေရပ်လိပ်စာကို မေးမြန်းရာ၌ ပေးရန် ငြင်းဆိုလျှင်၊ သို့မဟုတ် ပေးသော်လည်း မမှန်ဟု ယုံကြည်လောက်သည့် အကြောင်းရှိလျှင် ထိုသူ၏ အမည်နှင့်နေရပ်လိပ်စာအမှန်ကို သိနိုင်ရန်အတွက် ၎င်းအားဖမ်းဆီးနိုင်ခွင့် ရှိသည်။

(၂) အမည်နှင့် နေရပ်လိပ်စာအမှန်ကို သိရှိပြီးနောက် လိုအပ်သည့်အခါ ရာဇ၀တ်တရားသူကြီးရှေ့ မှောက်သို့ လာရောက်စေရန် အာမခံသူနှင့်ဖြစ်စေ၊ အာမခံသူမပါဘဲနှင့်ဖြစ်စေ ခံဝန်ချုပ်ဆိုပါက ထိုသူအား လွှတ် ရမည်။
သို့ရာတွင် ထိုသူသည် ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း နေထိုင်သူ မဟုတ် လျှင် ခံဝန်ချုပ် ခိုင်မာစေရန် အတွက် ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း နေထိုင်သည့် အာမခံသူ တစ်ဦးနှင့်ြ့ဖစ်စေ၊ အများနှင့်ဖြစ် စေ၊ ခံဝန်ချုပ် ဆိုပြီးမှ ထိုသူအား လွှတ်ရမည်။

(၃) ထိုသူအား ဖမ်းဆီးချိန်မှ နှစ်ဆယ့်လေးနာရီအတွင်း ထိုသူ၏ အမည်နှင့် နေရပ်လိပ်စာအမှန်ကို မသိရသေးလျှင်ဖြစ်စေ၊ ခံဝန်ချုပ်ဆိုရန် ပျက်ကွက် လျှင်ဖြစ်စေ၊ အာမခံပေးရန် ဆင့်ဆိုရာ၌ အာမခံသူ လုံလောက်အောင် မပေးဘဲ ပျက်ကွက်လျှင်ဖြစ်စေ၊ ထိုသူအား စီရင်ပိုင်ခွင့် အာဏာရှိသည့် အနီးဆုံး ရာဇ၀တ်တရား သူကြီးထံ ချက်ချင်းပို့ရမည်။

၅၈။ ဤအခန်းအရ ဖမ်းဆီးနိုင်ခွင့်ရှိသူရဲအရာရှိသည် လူတစ်ဦးတစ်ယောက် ကို ၀ရမ်းမပါဘဲဖမ်းဆီး ရန်ကိစ္စအလို့ငှာ ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း မည်သည့် နေရာဒေသတွင်မဆို ထိုသူကို လိုက်လံ ရှာဖွေနိုင်သည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့

0 comments:

Post a Comment