Pages

Friday, December 14, 2012

ကားဈေးကွက်တွင် Proboxကား လူကြိုက် နည်းကာ ဈေးကျ

ပြည်တွင်း ကားဈေးကွက် အတွင်းတွင် ခေါင်းထောင် လာခဲ့ သော Probox ကားများ လူကြိုက် နည်းကာ
 ဈေးကျ ဆင်းလာကြောင်း ဟံသာဝတီ မော်တော် ယာဉ်များ ဝယ်ရောင်းစခန်းမှ ဝယ်ရောင်း အကျိုးဆောင်
များက ပြောကြား သည်။“အရင်က လူကြိုက်များ တယ်ဆိုတာ အငှားယာဉ် လုပ်ကြ တာလေ၊ အိမ်စီးကား
အဖြစ် အသုံး ပြုတဲ့သူက နည်းတယ်။ လူကြိုက် နည်း လာတော့ ဈေး ကျ လာတဲ့ သဘောပါ။
အငှားယာဉ်တင်သွင်း တဲ့သူကလည်း နည်းသွားပြီလေ” ဟု ဟံသာဝတီကားပွဲစားတန်းမှဝယ်ရောင်းအကျိုး
ဆောင် ကိုရာဇာ ထွန်းက ဆိုသည်။ Probox ကားများသည်ယခင်သိန်း၁၄၀ ဈေးပေါက်ခဲ့သော် လည်း ယခု
အခါ ၂၀ဝ၇ မော်ဒယ် အင်ဂျင်ပါဝါ ၁၃၀ဝ စီစီကို ကျပ် ၁၁၇ သိန်းဝန်းကျင်အရောင်းအဝယ် ပြုလုပ်နေကြ
ကြောင်းNissan Ad- Van ကားများသည် ယခင်က ကျပ် သိန်း ၁၃၀ ဝန်းကျင် ဈေးပေါက်ခဲ့ သော်လည်း ယခု
အခါ ၂၀ဝ၇ မော် ဒယ်၊ အင်ဂျင်ပါဝါ ၁၃၀ဝ စီစီ၊ နံပါတ် ၃ဃ/. . . ကို ကျပ် ၁၀၅ သိန်းဖြင့် အရောင်းအဝယ်
ဖြစ်နေ ကြောင်း ကားဈေးကွက်အတွင်းမှ သိရသည်။

” ဈေးကွက်ထဲမှာတော့ အေး နေတယ်။ Probox ကတော့ ဈေးပါ ကျလာတယ်။ ကျန်တဲ့ကားတွေ ကတော့ အရောင်းအဝယ်သာ အေးတာဈေးမကျဘူး၊ အခုနောက် ပိုင်း အငှားယာဉ်တွေက Caldina Van လေးတွေကို လုပ်လာကြ တယ်၊ ကားဝင်းထဲမှာလည်း Caldina Van အငှားယာဉ်လေး တွေ လာရောင်းနေတာကို တွေ့ရ တယ်” ဟု ဟံသာဝတီကားပွဲစားတန်း မှ ကားဝယ် ရောင်းပြုလုပ်နေသူ ကိုဖိုးဇော်က ဆိုသည်။

 ပြည်တွင်း ကားဈေးကွက် အတွင်းတွင် ယခင်က နယ်ဝယ် လက်များကြောင့် အရောင်းအဝယ် ဖြစ်ခဲ့သော်
လည်း ယခုအခါ နယ် ဝယ်လက်ရှားကာအရောင်းအဝယ် အေးနေကြောင်း၊ ပြည်တွင်းကားကုမ္ပဏီများ၊ကား
အရောင်းစင်တာ များလည်းCIFတန်ဖိုး ပြင်ဆင်သတ်မှတ်မည်ဆိုသော သတင်း ကြောင့် အရောင်းအဝယ်
 ရပ်ဆိုင်း ခြင်းနှင့် ရင်ဆိုင်နေရကြောင်း သိရ သည်။

“အရင်ကဆိုရင် ၂၀ဝ၇ မော် ဒယ်အထက် ကားလေးတွေက တစ်ရက်ကို နှစ်စီးလောက် အနည်း ဆုံးရောင်း
ရတယ်။ အခု မရောင်းရဘူးဖြစ်နေတယ်။အဓိကယကတော့CIF တန်ဖိုး ပြင်ဆင်မယ်ဆိုတဲ့ သတင်းကြောင့်
ပါ” ဟု ပြည်တွင်း ကားကုမ္ပဏီတစ်ခုကဆိုသည်။

CIFတန်ဖိုး ပြင်ဆင်သတ် မှတ်ရန်အတွက် ကားအမျိုးအစား နှင့် မော်တော်ကားအမျိုးအစား ၁၃ မျိုးကို စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနသို့တင်ပြ ထားကြောင်း၊ စီးပွား/ကူးသန်း ဝန်ကြီးဌာန
က ပြန်ဖြေကြားခြင်း မရှိသေးကြောင်း၊ ပြန်လည် ဖြေ ကြားခဲ့ပါက ဇန်နဝါရီ ၁ ရက်နေ့မှ စတင်အသက်
ဝင်မည်ဖြစ်ကြောင်း ပြည်တွင်းကားကုမ္ပဏီများထံမှ သိရသည်။


Myanmar Car Market

0 comments:

Post a Comment