Pages

Friday, December 14, 2012

ဧရာဝတီမြစ်အတွင်း ရွေ့လျားဟိုတယ်တည်ဆောက်နေ

ဧရာဝတီမြစ်အတွင်း ရွေ့လျားဟိုတယ်တည်ဆောက်နေ
===============================
လှိုင်ထွေးအောင်
===============================
ဧရာဝတီမြစ်အနောက်ဘက် ပုသိမ်ကြီးမြို့နယ်၊ သံဘိုကျွန်းတွင် ဧည့်သည်များတည်းခိုနိုင်မည့် ရွေ့လျား ဟိုတယ် တည်ဆောက်လျက်ရှိကြောင်း သိရသည်။
ရွေ့လျားဟိုတယ်တည်ဆောက်ရာတွင် ရေပေ ၅၀ဝထိတည်ဆောက်ရန် သက်ဆိုင်ရာသို့တောင်းဆိုရာ ရေပေ ၁၅ဝသာရရှိသဖြင့် လုပ်ငန်းဆောင်ရွက်မှု အဆင်ပြေစေရန် လိုအပ်သည့်ရေပေအကျယ်အဝန်း ရရှိစေရေး အတွက် သက်ဆိုင်ရာများနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိသည်။ ရွေ့လျားဟိုတယ်ကို ဧရာဝတီမြစ်အတွင်း ထားရှိ မည်ဖြစ်သဖြင့် စီဘီတွဲများပေါ်မှာ အခိုင်အမာတည်ဆောက်လျက်ရှိရာ ဆောက်လုပ်ရေးလုပ်ငန်းများ အတော် အတန် ပြီးစီးနေပြီဖြစ်သည်။
''ရေပေါ်ဥယျာဉ်နဲ့ ရွေ့လျားဟိုတယ်လို့ပြောတာပဲ။ တည်ဆောက်ပြီးချိန်မှာ ခမ်းနားလှပတဲ့ ရေပေါ်ရွေ့လျား ဟိုတယ်ဖြစ်မယ်လို့ သိရတယ်။''ဟု သံဘိုကျွန်းနှင့် ဘောဂကြီးဆိပ်ကမ်းပြေးဆွဲနေသော စက်လှေ မောင်းသူ တစ်ဦးက ပြောသည်။

''အဓိကကတော့ ဧရာဝတီမြစ်အတိုင်း ပုဂံကိုစုန်ဆင်းမယ့် နိုင်ငံခြားသားတွေ မန္တလေးမြို့နဲ့ ဓါးလွယ် ခုတ်မှာရှိတဲ့ မင်းကွန်းကိုသွားမယ့် နိုင်ငံခြားသားတွေအတွက် ရည်ရွယ်ဆောက်တာပါ။ မန္တလေးမြို့ထဲက ဟိုတယ်တွေမှာ တည်းဖို့ မလိုတော့ဘူး။ ဒီဟိုတယ်မှာ အလွယ်တကူ အဆင်ပြေပြေသွား နိုင်အောင်လို့ ရွေ့လျား ဟိုတယ်ဆောက်တာ ပါ။ ပုဂံသွားမယ်ဆိုရင် မြို့ထဲကနေ မနက်အစောကြီးထလာဖို့ မလိုတော့ဘူး။ ဒီဟိုတယ်မှာ တည်းသူအနေနဲ့ ဟိုတယ်ပေါ်ကဆင်းပြီး ပုဂံသွားမယ့်သင်္ဘောပေါ်ကို တန်းပြီးတက်လိုက်ရုံပါပဲ''ဟု ယင်းဟော်တယ် ဆောက်လုပ်ရေးမှ တာဝန်ရှိသူ တစ်ဦး ကပြော သည်။
ရေပေါ်ရွေ့လျားဟိုတယ် ဆောက်လုပ်ခြင်းကြောင့် မန္တလေးမြို့တွင် လိုအပ်နေသော ဟိုတယ်နှင့်တည်းခိုခန်း များအတွက် အထောက် အကူဖြစ်သလို ဒေသတွင်း တည်ဆောက်ရေး လုပ်ကိုင်သူများနှင့် ဒေသတွင်းအလုပ် သမားများ အလုပ်အကိုင် အဆင်ပြေမှုရှိလာသည့်အပြင် အဆိုပါဟိုတယ်များ တည်ဆောက်ပြီးစီးပါက မန္တလေးမြို့၊ ၂၆လမ်းနှင့် ၃၅လမ်းကြား၊ ဧရာဝတီမြစ်ကမ်းမှာ ပိုမိုစည်ကားမှုရှိလာမည်ဖြစ်ကြောင်း သိရသည်။

အေးချမ်းမွန်မှ  Yangon Media Group တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Yangon Media Group

ဧရာဝတီမြစ်အနောက်ဘက် ပုသိမ်ကြီးမြို့နယ်၊ သံဘိုကျွန်းတွင် ဧည့်သည်များတည်းခိုနိုင်မည့် ရွေ့လျား ဟို
တယ် တည်ဆောက်လျက်ရှိကြောင်း သိရသည်။
ရွေ့လျားဟိုတယ်တည်ဆောက်ရာတွင် ရေပေ ၅၀ဝထိတည်ဆောက်ရန် သက်ဆိုင်ရာသို့တောင်းဆိုရာ
 ရေပေ ၁၅ဝသာရရှိသဖြင့် လုပ်ငန်းဆောင်ရွက်မှု အဆင်ပြေစေရန် လိုအပ်သည့်ရေပေအကျယ်အဝန်း ရရှိစေရေး အတွက် သက်ဆိုင်ရာများနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိသည်။ ရွေ့လျားဟိုတယ်ကို ဧရာဝတီ
မစ်အတွင်း ထားရှိ မည်ဖြစ်သဖြင့် စီဘီတွဲများပေါ်မှာ အခိုင်အမာတည်ဆောက်လျက်ရှိရာ ဆောက်လုပ်
ရးလုပ်ငန်းများ အတော် အတန် ပြီးစီးနေပြီဖြစ်သည်။

''ရေပေါ်ဥယျာဉ်နဲ့ ရွေ့လျားဟိုတယ်လို့ပြောတာပဲ။ တည်ဆောက်ပြီးချိန်မှာ ခမ်းနားလှပတဲ့ ရေပေါ်ရွေ့လျား ဟိုတယ်ဖြစ်မယ်လို့ သိရတယ်။''ဟု သံဘိုကျွန်းနှင့် ဘောဂကြီးဆိပ်ကမ်းပြေးဆွဲနေသော စက်လှေ မောင်းသူ တစ်ဦးက ပြောသည်။

''အဓိကကတော့ ဧရာဝတီမြစ်အတိုင်း ပုဂံကိုစုန်ဆင်းမယ့် နိုင်ငံခြားသားတွေ မန္တလေးမြို့နဲ့ ဓါးလွယ် ခုတ်မှာ
ရှိတဲ့ မင်းကွန်းကိုသွားမယ့် နိုင်ငံခြားသားတွေအတွက် ရည်ရွယ်ဆောက်တာပါ။ မန္တလေးမြို့ထဲက ဟိုတယ်
တွမှာ တည်းဖို့ မလိုတော့ဘူး။ ဒီဟိုတယ်မှာ အလွယ်တကူ အဆင်ပြေပြေသွား နိုင်အောင်လို့ ရွေ့လျား ဟို
တယ်ဆောက်တာ ပါ။ 
 
ပုဂံသွားမယ်ဆိုရင် မြို့ထဲကနေ မနက်အစောကြီးထလာဖို့ မလိုတော့ဘူး။ ဒီဟိုတယ်မှာ တည်းသူအနေနဲ့ ဟိုတယ်ပေါ်ကဆင်းပြီး ပုဂံသွားမယ့်သင်္ဘောပေါ်ကို တန်းပြီးတက်လိုက်ရုံပါပဲ''ဟု ယင်းဟော်တယ် ဆောက်
လုပ်ရေးမှ တာဝန်ရှိသူ တစ်ဦး ကပြော သည်။

ရေပေါ်ရွေ့လျားဟိုတယ် ဆောက်လုပ်ခြင်းကြောင့် မန္တလေးမြို့တွင် လိုအပ်နေသော ဟိုတယ်နှင့်တည်းခိုခန်း များအတွက် အထောက် အကူဖြစ်သလို ဒေသတွင်း တည်ဆောက်ရေး လုပ်ကိုင်သူများနှင့် ဒေသတွင်းအ
လုပ် သမားများ အလုပ်အကိုင် အဆင်ပြေမှုရှိလာသည့်အပြင် အဆိုပါဟိုတယ်များ တည်ဆောက်ပြီးစီးပါက မန္တလေးမြို့၊ ၂၆လမ်းနှင့် ၃၅လမ်းကြား၊ ဧရာဝတီမြစ်ကမ်းမှာ ပိုမိုစည်ကားမှုရှိလာမည်ဖြစ်ကြောင်း သိရသည်။  
 
လှိုင်ထွေးအောင်
Yangon Media Group 


0 comments:

Post a Comment