Pages

Friday, December 14, 2012

ကလေးနှစ်ဦးသေဆုံးပြီး၊ လူကြီး(၁၃)ဦး ဆေးရုံတင်လိုက်ရတဲ့ ဖရဲသီးနှင့်လျှက်ဆား

ကလေးနှစ်ဦးသေဆုံးပြီး၊ လူကြီး(၁၃)ဦး ဆေးရုံတင်လိုက်ရတဲ့ ဖရဲသီးနှင့်လျှက်ဆား

“ အပင်စိုက်ပျိုးစဉ်ကာလတုန်းက အလွန်အကျွံသုံးစွဲထားတဲ့ ဓာတုဆေးဝါးတွေကြောင့် ဘေးထွက်ဆိုးကြိုး တစ်ရပ်အဖြစ် ရရှိတဲ့ရောဂါတွေဖြစ်ပါတယ်။ ဖရဲသီးနဲ့ လျှက်ဆားတွဲဘက်၍ စားသင့်မစားသင့်ဆိုတာကိုတော့ စီစစ်ဆဲဖြစ်ပါတယ်”ဟု မုံရွာမြို့ပေါ်ရှိ ကျန်းမာရေးကွန်ယက်မှ ဆရာဝန်တစ်ဦးက ခန့်မှန်းပြောဆိုသည်။
စစ်ကိုင်းတိုင်းဒေသကြီးရှိ ကျေလက်ဒေသအချို့တွင် တရုတ်နိုင်ငံသားများက မြေယာငှားရမ်း၍ ဖရဲစိုက်ခင်း များစိုက်ပျိုးလျက်ရှိရာ ယင်း အခင်းမှထွက်ရှိသော ဖရဲသီးများစားသုံးပြီး ဗိုက်အောင့်ဗိုက်နာဖြစ်ကာ လျှက်ဆား လျက်ပြီးနောက် အော့အံမူးဝေပြီး အသက်သေဆုံးရသည့် အခြေအနေအထိ ဖြစ်စဉ်များပေါ်ပေါက်လျက်ရှိကြောင်း မုံရွာခရိုင်၊ ချောင်ဦးမြို့ခံတစ်ဦးကပြောကြားသည်။
“ကျည်ကုန်းရွာက ကလေးငယ်နှစ်ဦး ဖရဲသီးစားပြီး လျှက်ဆားလျက်ရာက သေဆုံးသွားခဲ့ပါတယ်”ဟု ၎င်း မြို့ခံက ဆက်လက်၍ ပြောပြသည်။
အဆိုပါ ဖရဲသီးစားသုံးပြီး လူသေဆုံးရခြင်းနှင့်ပတ်သက်၍ ချောင်းဦးမြို့နယ် ကျည်ကုန်းကျေးရွာ ဒေသခံတစ် ဦးထံ ဆကိသွယ်မေးမြန်းရာ ၎င်းက “ ပြီးခဲ့တဲ့လ ၂၆ ရက်နေ့ မနက် ၁၁ နာရီခွဲအချိန်ခန့်က (ဘ) ဦးဝင်းခိုင်၏သား မောင်ကျော်ဇင်လှိုင် အသက်(၆)နှစ်၊ မောင်ကျော်ကျော်ဘို အသက်(၅)နှစ် ဆိုသူကလေးနှစ်ယောက်နဲ့ ဦးသန့်ဇင် ၏သား မောင်မြင့်မြတ်သူ ဆိုသူ ပေါင်းကလေးသူငယ် သုံးယောက်ဟာ ဖရဲသီးတစ်လုံးကို ခွဲဝေစားသောက်ခဲ့ပြီး မကြာခင် ဗိုက်အောင့်ဗိုက်နာဖြစ်တယ်။ နေအိမ်ရှိ စားပွဲပေါ်မှာတင်ထားတဲ့ လျှက်ဆားပုလင်းကိုယူလျှက်ပြီး မူးဝေ အော့အံတာကြောင့် အချိန်မီဆေးရုံကိုပို့ဆောင်ပေးခဲ့မဲ့ မောင်ကျော်ကျော်ဘိုနဲ့ မောင်မြင့်မြတ်သူ ဆိုတဲ့ ကလေးနှစ် ယောက်က သေဆုံးခဲ့ရပါတယ်” ဟု ၎င်းဒေသခံက တုန့်ပြန်ပြောကြားသည်။
တရုတ်နိုင်ငံသား ဖရဲစိုက်တောင်သူအချို့သည် နှစ်စဉ် ဖရဲ၊သခွား စိုက်ပျိုးရာသီတွင် စစ်ကိုင်းတိုင်းဒေ သကြီးအတွင်းရှိ ကျေးလက်ဒေသများတွင် တစ်သီးစားစနစ်ဖြင့် မြေငှားရမ်း၍ ဖရဲ၊သခွား များစိုက်ပျိုးကာ တ ရုတ်နိုင်ငံသို့ တင်ပို့ ရောင်းချလေ့ရှိကြောင်း၊ ယခင်နှစ်များက မြေငှားရမ်းခြင်းစနစ်တွင်ကျယ်ခဲ့သော်လည်း ယခုနှစ်များတွင် ဖရဲ၊သခွားစိုက်မြေယာများသည် မြေဆီလွှာ ပျက်စီးဆုံးရှုံးရသည်ဟုဆိုကာ မြေယာငှားရမ်းသူအ ကြိုက် ဈေးကောင်းပေး၍ ငှားရမ်းသော်လည်း မြေယာငှားရမ်းသူအလွန်နည်းပါးကြောင်း ချောင်းဦးမြို့နယ် မင်း ခေါင်ကျေးရွာမှ ဖရဲစိုက်တောင်သူတစ်ဦးက ပြောပြသည်။
“ဓာတုဗေဒ မြေဆီလွှာတွေကို တစ်သီးစိုက်ကာလအတွင်း သူတို့ကအရမ်းသုံးတာကြောင့် မြေဆီလွှာတွေ ဆုတ်ရုတ်ကုန်တယ်။ သဘောကတော့ဗျာ .. သဘာဝရှိသင့်ရှိထိုက်တဲ့ အပင်အရွယ်အစားထက်ပိုပြီး ကြီးထွား အောင် အကူဓာတ်တွေသုံးပြီး စိုက်ပျိုးလိုက်တဲ့အခါ နောက်သီးနှံတွေစိုက်ပျိုးဖို့အတွက်ကျတော့ မြေဆီလွှာဓာတ် ပျက်စီးမှုတွေကြောင့် အခက်တွေ့ရတယ်”ဟု ၎င်း ဒေသခံက ဆက်လက်၍ ပြောပြသည်။
ယခုလ ၁ ရက်နေ့ကလည်း စစ်ကိုင်းမြို့နယ် ဆင်တဲကျေးရွာနေ ဦးစိန်ကုလား၏ ဖရဲစိုက်ခင်းတွင် ဖရဲစိုက်လုပ် သားများ ဖရဲသီးခွဲစားရာမှ ဗိုက်အောင့်ဗိုက်နာဖြစ်လာသည့်အတွက် ဒေါ်ထူးထူးလျှက်ဆားလျှက်ပြီးနောက် အချိန်မကြာခင် မူးဝေအော့အံမှုများဖြစ်ပွားခဲ့သဖြင့် တံတားဦးမြို့နယ် ပေါက်မြိုင်ကျေးရွာနေ (ဘ) ဦးကျော်မြင့်၏ သား ကိုကျော်လွင်အပါအ၀င် လုပ်သား ၁၃ ဦးသည် အရေးပေါ်လူနာအဖြစ် တံတားဦးဆေးရုံသို့ ပို့ဆောင်၍ ဆေးဝါးကုသမှုခံယူပြီးနောက် ၎င်းဆေးရုံမှတဆင့် မန္တလေးဆေးရုံသို့ ပြောင်းရွှေ့တက်ခဲ့ရကြောင်း စစ်ကိုင်းမြို့ခံ တစ်ဦး၏ ဆက်သွယ်ပြောကြားချက်များအရ သိရှိရသည်။
Monywa Times
အပင်စိုက်ပျိုးစဉ်ကာလတုန်းကအလွန်အကျွံသုံးစွဲထားတဲ့ဓာတုဆေးဝါးတွေကြောင့်ဘးထွက်ဆိုးကြိုးတစ်ရပ်
အဖြစ်ရရှိတဲ့ ရောဂါတွေဖြစ် ပါတယ်။ဖရဲသီးနဲ့လျှက်ဆားတွဲဘက်၍ စားသင့်မစားသင့် ဆိုတာ ကိုတော့ စီစစ်ဆဲဖြစ်ပါတယ်”ဟု မုံရွာမြို့ပေါ်ရှိ ကျန်းမာရေး ကွန်ယက်မှ ဆရာဝန်တစ်ဦးက ခန့်မှန်းပြောဆိုသည်။
စစ်ကိုင်းတိုင်းဒေသကြီးရှိ ကျေလက်ဒေသအချို့တွင် တရုတ်နိုင်ငံ သားများက မြေယာငှားရမ်း၍ ဖရဲစိုက်ခင်း များစိုက်ပျိုးလျက်ရှိရာ ယင်း အခင်းမှထွက်ရှိသော ဖရဲသီးများ စားသုံးပြီး ဗိုက်အောင့်ဗိုက်နာဖြစ်ကာ လျှက်ဆားလျက်ပြီးနောက်အော့အံမူးဝေပြီးအသက်သေဆုံးရသည့်အခြေအနေအထိ ဖြစ်စဉ်များပေါ်ပေါက်
လျက်ရှိကြောင်း မုံရွာ ခရိုင်၊ ချောင်ဦးမြို့ခံ တစ်ဦးကပြော ကြားသည်။

ကျည်ကုန်းရွာကကလေးငယ်နှစ်ဦးဖရဲသီးစားပြီးလျှက်ဆားလျက်ရာကသေဆုံးသွားခဲ့ပါတယ်ဟု ၎င်း မြို့ခံက ဆက်လက်၍ ပြောပြသည်။

အဆိုပါ ဖရဲသီးစားသုံးပြီး လူသေဆုံးရခြင်းနှင့်ပတ်သက်၍ ချောင်းဦးမြို့နယ် ကျည်ကုန်းကျေး ရွာ ဒေသခံတစ် ဦးထံ ဆကိသွယ်မေးမြန်းရာ ၎င်းက “ ပြီးခဲ့တဲ့လ ၂၆ ရက်နေ့ မနက် ၁၁ နာရီခွဲ အချိန် ခန့်က (ဘ) ဦးဝင်းခိုင်၏သားမောင်ကျော်ဇင်လှိုင်အသက်(၆)နှစ်၊မောင်ကျော်ကျော်ဘိုအသက်(၅)နှစ် ဆိုသူကလေးနှ
စ်ယာက်နဲ့ဦးသန့်ဇင်၏သားမောင်မြင့်မြတ်သူဆိုသူ ပေါင်းကလေးသူငယ် သုံးယောက်ဟာ ဖရဲသီးတစ်လုံးကို ခွဲဝေစားသောက်ခဲ့ပြီး မကြာခင် ဗိုက်အောင့်ဗိုက်နာဖြစ်တယ်။
 
 နေအိမ်ရှိ စားပွဲပေါ်မှာတင်ထားတဲ့ လျှက်ဆားပုလင်းကိုယူလျှက်ပြီး မူးဝေ အော့အံတာကြောင့် အချိန်မီဆေးရုံကို ပို့ဆောင်ပေးခဲ့မဲ့ မောင်ကျော်ကျော်ဘိုနဲ့ မောင်မြင့်မြတ်သူ ဆိုတဲ့ ကလေးနှစ် ယောက်က သေဆုံးခဲ့ရ ပါတယ်” ဟု ၎င်းဒေသခံက တုန့်ပြန်ပြောကြားသည်။

တရုတ်နိုင်ငံသား ဖရဲစိုက်တောင်သူအချို့သည် နှစ်စဉ် ဖရဲ၊သခွား စိုက်ပျိုးရာသီတွင် စစ်ကိုင်းတိုင်းဒေ သကြီးအတွင်းရှိ ကျေးလက်ဒေသများတွင် တစ်သီးစားစနစ်ဖြင့် မြေငှားရမ်း၍ ဖရဲ၊သခွား များစိုက်ပျိုးကာ တ ရုတ်နိုင်ငံသို့ တင်ပို့ ရောင်းချလေ့ရှိကြောင်း၊ ယခင်နှစ်များက မြေငှားရမ်းခြင်းစနစ်တွင်ကျယ်ခဲ့သော်လည်း ယခုနှစ်များတွင် ဖရဲ၊သခွားစိုက်မြေယာများသည် မြေဆီလွှာ ပျက်စီးဆုံးရှုံး ရသည်ဟု ဆိုကာ မြေယာငှားရမ်းသူအ ကြိုက် ဈေးကောင်းပေး၍ ငှားရမ်းသော် လည်း မြေယာ ငှားရမ်းသူ အလွန် နည်းပါးကြောင်း ချောင်းဦးမြို့နယ် မင်း ခေါင်ကျေးရွာမှ ဖရဲစိုက်တောင်သူ တစ်ဦးက ပြောပြသည်။

“ဓာတုဗေဒ မြေဆီလွှာတွေကို တစ်သီးစိုက်ကာလအတွင်း သူတို့ကအရမ်းသုံးတာကြောင့် မြေဆီလွှာတွေ ဆုတ်ရုတ်ကုန်တယ်။သဘောကတော့ဗျာသဘာဝရှိသင့်ရှိထိုက်တဲ့အပင်အရွယ်အစားထက်ပိုပြီး ကြီးထွား
အောင်အကူဓာတ်တွေသုံးပြီးစိုက်ပျိုးလိုက်တဲ့အခါနောက်သီးနှံတွေစိုက်ပျိုးဖို့အတွက် ကျတော့ မြေဆီလွှာ
ဓာတ် ပျက်စီးမှုတွေကြောင့် အခက်တွေ့ရတယ်”ဟု ၎င်း ဒေသခံက ဆက် လက် ၍ ပြောပြသည်။

ယခုလ ၁ ရက်နေ့ကလည်း စစ်ကိုင်းမြို့နယ် ဆင်တဲကျေးရွာနေ ဦးစိန်ကုလား၏ ဖရဲစိုက်ခင်းတွင် ဖရဲစိုက်လုပ် သားများ ဖရဲသီးခွဲစားရာမှ ဗိုက်အောင့်ဗိုက်နာဖြစ်လာသည့်အတွက် ဒေါ်ထူးထူး လျှက်ဆား လျှက်ပြီးနောက် အချိန်မကြာခင် မူးဝေအော့အံမှုများဖြစ်ပွားခဲ့သဖြင့် တံတား ဦးမြို့ နယ် ပေါက်မြိုင်ကျေး ရွာနေ (ဘ) ဦးကျော်မြင့်၏ သား ကိုကျော်လွင်အပါအ၀င် လုပ်သား ၁၃ ဦးသည် အရေးပေါ်လူနာအဖြစ် တံတားဦးဆေးရုံသို့ ပို့ဆောင်၍ ဆေးဝါးကုသမှုခံယူပြီးနောက် ၎င်းဆေးရုံမှတဆင့် မန္တလေးဆေးရုံ သို့ ပြောင်းရွှေ့တက်ခဲ့ရကြောင်း စစ်ကိုင်းမြို့ခံ တစ်ဦး၏ ဆက်သွယ်ပြောကြားချက်များအရ သိရှိရသည်။
 

Monywa Times

0 comments:

Post a Comment