Pages

Friday, December 14, 2012

လူငယ်များ ကားဈေးကွက်ထဲသို့ ကိုယ်တိုင်ဆင်း၍ ဝယ်ယူမှုများလာ

ဟံသာဝတီယာဉ်ရပ်နားစခန်းဝင်းသို့ လူငယ်လူရွယ်များကားများကို  ကိုယ်တိုင်ရွေးချယ်ဝယ် ယူမှုများပြား
လာကြောင်း ကားဈေးကွက်အတွင်းမှ စုံစမ်း သိရသည်။ လူငယ်များ အများဆုံးရွေး ချယ်ဝယ်ယူသည့်  ကား
များမှာHondar  Insight  Hybrid,  Suzuki  Swift, Mazda  Demio,Honda Fit နှင့် Mazda  R.X 8 ကားများကို အဓိကထား ရွေးချယ်ဝယ်ယူမှု   များပြားကြောင်းသိရသည်။
”ကားမူဝါဒပြောင်းပြီးနောက် ပိုင်း လူငယ်တွေ ဝိုင်းထဲကို ဆင်း ပြီးလာကြည့်တာများလာတယ်။ အဲဒီတုန်း
က မော်ဒယ်အမြင့်တွေ တင်သွင်းလို့   မရသေးတော့ Caldina စက်ရုပ်နဲ့ Honda  Insight  Hybridကို အဝယ်
များ ကြတယ်” ဟု ဟံသာဝတီယာဉ် ရပ်နားစခန်းမှ ဝါရင့်ဝယ်ရောင်း ပွဲစား တစ်ဦးကပြောသည်။

လက်ရှိကားဈေးကွက်အခြေ အနေမှာ စိတ်ကြိုက်  ပိုမိုရွေး ချယ်နိုင်သည့် အခွင့်အရေးပိုများလာပြီး မိမိဝယ်
ယူလိုသည့် ကားကို  အင်တာနက် ဝက်ဘ်ဆိုက်များတွင် ဝင်ရောက်ကြည့်ရှုနိုင် သောကြောင့် ကား၏ရုပ်
ထွက်ပုံ အခြေခံကို  သိနားလည်၍ ဈေးကွက်အတွင်း  ရှာဖွေမေးမြန်း ဝယ်ယူမှု များပြားကြောင်းသိရ သည်။

”အခုဒီကိုလာတဲ့   လူငယ်တွေက များသောအားဖြင့် ကိုယ် လိုချင်တဲ့ကားကို  တန်းပြီး မေး ကြတယ်။ တချို
့တွေဆို ကားထဲ မှာဘာပစ္စည်းပါ တယ်။ဒါကတော့မပါဘူးဆိုတာတန်းပြောနိုင်တဲ့ ကလေးတွေတွေ့ဖူးတယ်
။ သူတို့ ကိုဘာကြောင့် ဒီလောက်သိတာ လဲမေးတော့   အင်တာနက်က ကြည့်လာ တာလို့ ပြောတယ်”ဟု လုပ်သက်နှစ် ၂၀ နီးပါးရှိ ဝါရင့် ပွဲစားတစ်ဦးကပြောသည်။

လက်ရှိကားလောကအတွင်း၌လူငယ်ဝယ်ရောင်း ပွဲစားများ ဝင်ရောက်လာကြကြောင်း ကား လောကအ
တွင်းမှ သိရသည်။

ထက်ပိုင်(Myanmar Car Market)

0 comments:

Post a Comment