Pages

Friday, December 14, 2012

လီဖန်းအမျိုးအစားသုံးဘီးဆိုင်ကယ်..ရေမြောင်းအတွင်း ထိုးကျတိမ်းမှောက် ယာဉ်ပေါ်ပါခရီးသည် ၆ ဦးဒဏ်ရာများရရှိ

မကွေးတိုင်းဒေသကြီးမကွေးခရိုင တောင်တွင်းကြီးမြို့နယ် တောင်တွင်း -မကွေးလမ်းကွမ်းခြံ စုလမ်းခွဲတွင်
ယာဉ်တိမ်းမှောက် မှုဖြစ်ပွားခဲ့ကြောင်း  သတင်းရရှိ သည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာ (၁၂) ရက်နေ့ (၁၂း၀၀)နာရီအချိန်ခန့် တွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွား နေကြောင်း သ
တင်းအရရဲတပ်ဖွဲ့ ၀င်များသွားရောက်စစ်ဆေးရာကုက်္ကိုခွအရှေ့ စုကျေးရွာနေ ၀င်းလှိုင်သည်နံပါတ်မပါလီဖန်း
အနီရောင်သုံးဘီးဆိုင်ကယ်အား တောင်တွင်းကြီးမကွေးလမ်းမကြီးအတိုင်းအရှေ့မှ အနောက်သို့ မောင်းနှင်
လာရာ၊

မိုင်တိုင်အမှတ် ၂၈၂/၇ နှင့် ကွမ်းခြံစုလမ်းခွဲသို့ အရောက် လမ်း၏တောင်ဘက်ဘေးရှိ ရေမြောင်းအတွင်းသို
့ယာဉ်ထိုးကျ တိမ်းမှောက်၍ယာဉ်ပေါ်လိုက်ပါသူ မစိုးသက်မွန်၏၀ဲဘက်မျက်လုံး အထက်နှုတ်ခမ်းတို့တွင်
aပါက်ပြဲ ဒဏ်ရာတစ်ချက်စီယာလက် တံတောင် ဆစ်ပွန်းပဲ့ဒဏ်ရာ တစ်ချက်စီ၊ ၀ဲလက်မောင်းနာကျင် ဒဏ်
ရာရရှိပြီး

မအိသက်၏ မေးစေ့ ၀ဲဘက်ခြမ်း ညိုမဲဒဏ်ရာ တစ်ချက်၊ ၀ဲလက်မောင်းနာကျင် ဒဏ်ရာတစ်ချက်၊ ဒေါ်ဝိုင်း
ကြည် ၏ ယာနား ရွက်ပေါက်ပြဲ ဒဏ်ရာ၊ ယာလက်မောင်းနာကျင်ဒဏ်ရာ၊ ဒေါ်စိန်လှ၏ ယာပါးရိုးပေါ် ပေါက်ပြဲ ဒဏ်ရာတစ်ချက်၊ ၀ဲလက် မောင်းညိုမဲဒဏ်ရာတစ်ချက်၊ မကြူကြူ၏ ကျောပြင်နှင့်ဝဲဘက်လက်ကောက်ဝတ်
တွင် နာကျင် ဒဏ်ရာတစ်ချက်စီ၊ မသန်းဌေး၏ ဦးခေါင်းထိပ်တွင်ဖုယောင်နာကျင်ဒဏ်ရာတစ်ချက်၊ညာခြေ
ကျင်း ၀တ်အထက်ပွန်းခြစ်ဒဏ်ရာ တစ်ချက်စီ၊ ဒဏ်ရာအသီးသီး ရရှိကြောင်း စစ်ဆေးတွေ့ရှိရ သည်ဆို၏။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ၀င်းလှိုင်အားဥပဒေ နှင့် အညီအရေးယူပေးပါရန် ဒုရဲအုပ်အောင်ခိုင်စိုးမှ တရား
လို ပြုလုပ်တိုင်တန်းသဖြင့်တောင်တွင်း ကြီး ရဲစခန်းမှ (ပ)၃၀၀/၂၀၁၂ ပြစ်မှုပုဒ်မ ၃၃၈/၃၃၇ အရအမှု ဖွင့်အ
ရေးယူထားပြီး၊ အမှုစစ် ဒုရဲအုပ်အောင်ခိုင်စိုးကဆက်လက် စစ်ဆေးနေကြောင်းသတင်း ရရှိသည်။

Hot News weekly

0 comments:

Post a Comment