Pages

Wednesday, December 12, 2012

အစိုးရတပ်များ တရုတ်နယ်စပ်ကို အသုံးချပြီး KIA ကိုတိုက်ခိုက်

အစိုးရတပ်များ တရုတ်နယ်ကို အသုံးချပြီး KIA ကိုတိုက်ခိုက်

 Wednesday, 12 December Written by ရွှေဟင်္သာသတင်းဌာန

အစိုးရတပ်ဖွဲ့များသည် ကချင်လွတ်လပ်ရေးအဖွဲ့ (KIA) သိမ်းပိုက်ထားသော ၄င်းတို့စခန်းပြန်ရရေးအတွက် တရုတ် နယ်စပ်ဖက်ကိုဝင်ပြီး ပြန်လည် တိုက်ခိုက်နေသည်ဟု KIA အရာရှိတဦးက ပြောပါသည်။

 “ပန်ဝါအထက်နားကပေါ့ နယ်ခြားမှတ်တိုင် (၆) အနားမှာရှိတဲ့ အူရားကောင် (U Ra Kawng) ဆိုတဲ့ အစိုးရစခန်းတခုကို ကျနော်တို့က ပြီးခဲ့တဲ့ (၁၀) ရက်နေ့ မနက်မှာ သိမ်းလိုက်တယ်။ အချိန်တိုအတွင်းမှာဘဲ သိမ်းနိုင်ခဲ့တယ်လေ။ လက်နက်တွေ၊ ကျည်အမျိုးမျိုး၊ RPG အသီးတွေ ရခဲ့တယ်။ အခုတော့ ဒီစခန်းကိုပြန်ရဖို့ အပြင်းအထန်ကို သူတို့ပြန် ကြိုး စားနေကြတယ်၊ တိုက်ပွဲပြင်းပြင်းထန်ထန်ကို ဖြစ်နေတယ်” ဟုဆိုပါသည်။

KIA နှင့် အစိုးရတပ်ဖွဲ့တို့၏ ပန်ဝါဒေသတိုက်ပွဲတွင် အစိုးရဖက်မှ အထိနာပြီး ကျဆုံးဒါဏ်ရာရမှု များစွာ ဖြစ်ခဲ့ပါသည်။ ဤသို့ကြောင့် ခလရ (၇၇)၊ ခမရ (၂၆၀) နှင့် ခလရ (၁၃) တပ်ဖွဲ့ဝင်များ စခန်းချနေသော အူရားကောင် (U Ra Kawng) စခန်းကို KIA ကအလွယ်တကူ သိမ်းဆည်းနိုင်ခဲ့ခြင်း ဖြစ်ပါသည်။ ဤ စခန်းသည် ယခင်က KIA စခန်းဖြစ်ပြီး ပြီးခဲ့ သည့် သြဂုတ်လ (၁၄) ရက်နေ့တွင် ခလရ (၇၄) နှင့် ခလရ (၇၇) တို့က သိမ်း ဆည်းထားသောစခန်းဖြစ်ပါသည်။

အစိုးရတပ်ဖွဲ့သည် ဤစခန်းကိုပြန်ရရန် တရုတ်နယ်စပ်ကို အသုံးချပြီး တိုက်ခိုက်နေသော်လည်း ဤအခြေ အနေကို တရုတ်ဖက်က မသိကျိုးကျွံ ပြုနေသည်ဟု ဆိုပါသည်။ ထို့အပြင် ပန်ဝါတိုက်ပွဲကိုလည်း စစ်ရဟတ်ယာဉ် တိုက်ခိုက်မှုများ ပိုမိုအသုံးပြုလာနေပြီး အကျအဆုံးများမှုကြောင့် စစ်ဗျူဟာကိုလည်း တပ်မမှူးအဆင့်မှ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးကိုယ်တိုင် ကြီးကြပ်နေရသည့် အခြေအနေသို့ ရောက်ရှိနေပါသည်။ http://www.phophtaw.org/burmese/index.php/news/local-news/2496--kia-.html

အစိုးရတပ်ဖွဲ့များသည် KIA တပ်မဟာ (၂) ဖြစ်သည့် ကချင်ပြည်နယ် တနိုင်းစစ်မြေပြင်၌လည်း ထူးခြားသောလက်နက် ကြီးများ အသုံးပြုနေပါသည်။ ထိုဒေသတွင် ဆွီဒင်နိုင်ငံဥပဒေ၊ ဥရောပပြည်ထောင်စု ဥပဒေများဖြင့် ကန့်သတ်ထား သည့် ဆွီဒင်နိုင်ငံလုပ် 4mm Carl Gustaf rocket launchers အမျိုးအစားလက်နက်များကိုပါ အသုံးပြုနေပါသည်။ ဤလက်နက်မျိုးကိုလည်း KIA ကသိမ်းဆည်းရမိခဲ့သည်ဟု ဆိုပါသည်။

http://www.youtube.com/watch?feature=player_embedded&v=tQyZagV85eo

နာမည်ကျော် ဆွီဒင်သတင်းစာကြီး Svenska Dagblade ကလည်း 4mm Carl Gustaf rocket launchers အမျိုး အ စားသည် မြန်မာအစိုးရလက်တွင်း၌ ထူးခြားစွာရောက်ရှိသွားကြောင်း၊ ဤအကြောင်းကိုလည်း စတင်စုံစမ်းနေပြီဖြစ် ကြောင်း သက်ဆိုင်ရာအာဏာပိုင်များက ပြောကြားခဲ့ပါသည်။ ဆွီဒင်လက်နက်ကုမ္ပဏီ SAAB ၏ အကြီးအကဲလည်း ဖြစ်၊ ဆွီဒင်အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်သော Mr ebastian Carlsson ကလည်း အဆိုပါသတင်း မှန် ကန် ကြောင်း ယမန်နေ့က အတည်ပြုပြောကြားခဲ့ပါသည်။
အစိုးရတပဖွဲ့များ ထံမှ သိမ်းဆည်းရမိခဲ့သည့်
ဆွီဒင်နိုင်ငံထုတ်
4mm Carl Gustaf rocket launchers အမျိုး အ စား
အစိုးရတပ်ဖွဲ့များသည် ကချင်လွတ်လပ်ရေးအဖွဲ့ (KIA) သိမ်းပိုက်ထားသော ၄င်းတို့စခန်းပြန်ရရေးအတွက် တရုတ် နယ်စပ်ဖက်ကိုဝင်ပြီး ပြန်လည် တိုက်ခိုက်နေသည်ဟု KIA အရာရှိတဦးက ပြောပါသည်။
“ပန်ဝါအထက်နားကပေါ့ နယ်ခြားမှတ်တိုင် (၆) အနားမှာရှိတဲ့ အူရားကောင် (U Ra Kawng) ဆိုတဲ့ အစိုးရ
စခန်းတခုကို ကျနော်တို့က ပြီးခဲ့တဲ့ (၁၀) ရက်နေ့ မနက်မှာ သိမ်းလိုက်တယ်။ အချိန်တိုအတွင်းမှာဘဲ သိမ်းနိုင်ခဲ့တယ်လေ။ လက်နက်တွေ၊ ကျည်အမျိုးမျိုး၊ RPG အသီးတွေ ရခဲ့တယ်။ အခုတော့ ဒီစခန်းကိုပြန်ရဖို့ အပြင်းအထန်ကို သူတို့ပြန် ကြိုး စားနေကြတယ်၊ တိုက်ပွဲပြင်းပြင်းထန်ထန်ကို ဖြစ်နေတယ်” ဟုဆိုပါသည်။
KIA နှင့် အစိုးရတပ်ဖွဲ့တို့၏ ပန်ဝါဒေသတိုက်ပွဲတွင် အစိုးရဖက်မှ အထိနာပြီး ကျဆုံးဒါဏ်ရာရမှု များစွာ ဖြစ်ခဲ့ပါ
သည်။ ဤသို့ကြောင့် ခလရ (၇၇)၊ ခမရ (၂၆၀) နှင့် ခလရ (၁၃) တပ်ဖွဲ့ဝင်များ စခန်းချနေသော အူရားကောင် (U Ra Kawng) စခန်းကို KIA ကအလွယ်တကူ သိမ်းဆည်းနိုင်ခဲ့ခြင်း ဖြစ်ပါသည်။ ဤ စခန်းသည်ယခင်ကKIA စခန်း
ဖစ်ပြီး ပြီးခဲ့ သည့် သြဂုတ်လ (၁၄) ရက်နေ့တွင် ခလရ (၇၄) နှင့် ခလရ (၇၇) တို့က သိမ်း ဆည်းထားသောစခန်း
ဖစ်ပါသည်။
အစိုးရတပ်ဖွဲ့သည် ဤစခန်းကိုပြန်ရရန် တရုတ်နယ်စပ်ကို အသုံးချပြီး တိုက်ခိုက်နေသော်လည်း ဤအခြေ အနေ
ကို တရုတ်ဖက်က မသိကျိုးကျွံ ပြုနေသည်ဟု ဆိုပါသည်။ ထို့အပြင် ပန်ဝါတိုက်ပွဲကိုလည်း စစ်ရဟတ်ယာဉ် တိုက်
ခိုက်မှုများ ပိုမိုအသုံးပြုလာနေပြီး အကျအဆုံးများမှုကြောင့် စစ်ဗျူဟာကိုလည်း တပ်မမှူးအဆင့်မှ မြောက်ပိုင်း
တိုင်းစစ်ဌာနချုပ် တိုင်းမှူးကိုယ်တိုင် ကြီးကြပ်နေရသည့် အခြေအနေသို့ ရောက်ရှိနေပါသည်။ 
 
အစိုးရတပ်ဖွဲ့များသည် KIA တပ်မဟာ(၂) ဖြစ်သည့်ကချင်ပြည်နယ်တနိုင်းစစ်မြေပြင်၌လည်း ထူးခြားသောလက်
နက် ကြီးများ အသုံးပြုနေပါသည်။ ထိုဒေသတွင် ဆွီဒင်နိုင်ငံဥပဒေ၊ ဥရောပပြည်ထောင်စုဥပဒေများဖြင့် ကန့်သတ်
ထား သည့် ဆွီဒင်နိုင်ငံလုပ် 4mm Carl Gustaf rocket launchers အမျိုးအစားလက်နက်များကိုပါ အသုံးပြုနေပါ
သည်။ ဤလက်နက်မျိုးကိုလည်း KIA ကသိမ်းဆည်းရမိခဲ့သည်ဟု ဆိုပါသည်။
http://www.youtube.com/watch?feature=player_embedded&v=tQyZagV85eo
နာမည်ကျော် ဆွီဒင်သတင်းစာကြီး Svenska Dagblade ကလည်း 4mm Carl Gustaf rocket launchers အမျိုး အ စားသည် မြန်မာအစိုးရလက်တွင်း၌ ထူးခြားစွာရောက်ရှိသွားကြောင်း၊
ဤအကြောင်းကိုလည်း စတင်စုံစမ်းနေပီ
ဖစ် ကြောင်း သက်ဆိုင်ရာအာဏာပိုင်များက ပြောကြားခဲ့ပါသည်။ ဆွီဒင်လက်နက်ကုမ္ပဏီ SAAB ၏ အကြီးအ
ကဲလည်း ဖြစ်၊ ဆွီဒင်အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်သော Mr ebastian Carlsson ကလည်း အဆိုပါသ
တင်း မှန် ကန် ကြောင်း ယမန်နေ့က အတည်ပြုပြောကြားခဲ့ပါသည်။
 
 
ေ၇ွဟသာင်္သတင်း

0 comments:

Post a Comment