Pages

Wednesday, December 12, 2012

ရထား လက်မှတ် ဈေးနှုန်း တိုးမြှင့် ရောင်းချသည့် ဝန်ထမ်းအား အရေးယူ

ရထား လက်မှတ် ဈေးနှုန်း တိုးမြှင့် ရောင်းချသည့် ဝန်ထမ်းအား အရေးယူ
Tuesday, December 11, 2012

နိုင်ငံတော် အစိုးရသစ် လက်ထက်တွင် သန့်ရှင်းသော အစိုးရ၊
ကောင်းမွန်သော အုပ်ချုပ်ရေး စနစ်ဖြင့် ခေတ်မီ ဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်အား အရှိန် အဟုန်ဖြင့် ချီတက် လျှောက်လှမ်း
နေချိန်တွင် အကျင့်ပျက် ခြစားနှင့် အဂတိ လိုက်စားသော ဝန်ထမ်းများအား
ဖော်ထုတ် အရေးယူ ဆောင်ရွက် လျက်ရှိရာ ဒီဇင်ဘာ ၄ ရက်က ကချင်ပြည်နယ် မိုးကောင်း ဘူတာမှ ဝန်ထမ်း တစ်ဦးက ရထား လက်မှတ် ရောင်းချမှု ဈေးနှုန်း သတ်မှတ်ကြေးထက်ပိုမို ရောင်းချ 
ခြင်းကြောင့်ဝန်ထမ်း စည်းမျဉ်း စည်းကမ်း အရ အရေးယူ ထားသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၄ ရက် မွန်းလွဲပိုင်းက ထွက်ခွာမည့် မိုးကောင်း - မန္တလေး အမှတ်(၅၈) အစုန် အမြန်ရထား ရိုးရိုးတန်း လက်မှတ်ကို ခရီးသွားပြည်သူ တစ်ဦးမှ ဝယ်ယူရာ ကျသင့်ငွေ ကျပ် ၃၇ဝဝ ထက် ပို၍ ငွေကျပ် ၁၂ဝဝဝ တောင်းယူ ရောင်းချခဲ့သူ မိုးကောင်း ဘူတာ (လက်မှတ်သိမ်း) ဝန်ထမ်း တစ်ဦးအား ပြည်နယ် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဦးကမန်း ဒူနော်ထံ တိုင်ကြား သဖြင့် ရုံပိုင်ကြီးမှ တရားလို ပြု၍ မိုးကောင်း ရဲတပ်ဖွဲ့ စခန်း၌ အမှုဖွင့်ကာ (လက်မှတ်သိမ်း) အဆိုပါ ဝန်ထမ်းကို ဝန်ထမ်း စည်းမျဉ်း စည်းကမ်းများနှင့် အညီ အရေးယူ ထားကြောင်း သတင်း ရရှိသည်။

မြ၀တီ
နိုင်ငံတော် အစိုးရသစ် လက်ထက်တွင် သန့်ရှင်းသော အစိုးရ၊ကောင်း မွန်သော အုပ်ချုပ်ရေး စနစ်ဖြင့် ခေတ်မီ 
ဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်အား အရှိန် အဟုန်ဖြင့် ချီတက် လျှောက်လှမ်းနေချိန်တွင် အကျင့်ပျက်
ခစားနှင့် အဂတိ လိုက်စားသော ဝန်ထမ်း များ အားဖော်ထုတ် အရေးယူ ဆောင်ရွက် လျက်ရှိရာ ဒီဇင်ဘာ ၄ ရက်
က ကချင်ပြည်နယ် မိုးကောင်း ဘူတာမှ ဝန်ထမ်း တစ်ဦးက ရထားလက်မှတ် ရောင်းချမှု ဈေးနှုန်း သတ်မှတ်ကြေး
ထက်ပိုမို ရောင်းချ ခြင်းကြောင့်ဝန်ထမ်း စည်းမျဉ်း စည်းကမ်း အရ အရေးယူ ထားသည်။ ဖြစ်စဉ်မှာ ဒီဇင်ဘာ ၄ ရက် မွန်းလွဲပိုင်းက ထွက်ခွာမည့် မိုးကောင်း - မန္တလေး အမှတ်(၅၈) အစုန် အမြန် ရထား ရိုး
ရိုးတန်း လက်မှတ်ကို ခရီးသွားပြည်သူ တစ်ဦးမှ ဝယ်ယူရာ ကျသင့်ငွေ ကျပ် ၃၇ဝဝ ထက် ပို ၍ ငွေ ကျပ် ၁၂ဝဝဝ
တာင်းယူ ရောင်းချခဲ့သူ မိုးကောင်း ဘူတာ (လက်မှတ်သိမ်း) ဝန်ထမ်း တစ်ဦး အား ပြည်နယ် လမ်းပန်း ဆက်
သွယ်ရေး ဝန်ကြီး ဦးကမန်း ဒူနော်ထံ တိုင်ကြား သဖြင့် ရုံပိုင်ကြီးမှ တရား လို ပြု၍ မိုးကောင်း ရဲတပ်ဖွဲ့ စခန်း၌ အမှု
ဖွင့်ကာ (လက်မှတ်သိမ်း) အဆိုပါ ဝန်ထမ်းကို ဝန်ထမ်း စည်းမျဉ်း စည်းကမ်းများနှင့် အညီ အရေးယူ ထားကြောင်း သတင်း ရရှိသည်။
မြ၀တီ

0 comments:

Post a Comment