Pages

Wednesday, December 12, 2012

ကားပါမစ်များကြောင့် ငွေလဲနှုန်းအနည်းငယ်မြင့်တက်

အမေရိကန်ဒေါ်လာနှင့် မြန်မာငွေလဲလှယ်နှုန်းထားသည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ငြိမ်သက်လျက်ရှိသော်
လည်းယခုရက်ပိုင်းအတွင်းအနည်းငယ်တက်လာကြောင်း ငွေကြေးလဲလှယ်သည့် ဈေးကွက်အတွင်းမှသိရသည်။

ပြီးခဲ့သည့် တစ်ပတ်အတွင်းက အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ လဲလှယ်နှုန်းသည် ရောင်းဈေး ၈၄၆ ကျပ်၊ ဝယ်ဈေး ၈၄၉ ကျပ်နှင့် တည်ငြိမ် နေပြီး ယခုရက်ပိုင်း ဒီဇင်ဘာ ၁၂ ရက်နေ့တွင် အမေရိကန်တစ်ဒေါ်လာ
ရောင်းဈေး ၈၅၀ ကျပ်နှင့် ဝယ်ဈေး ၈၅၃ ကျပ်သို့အနည်းငယ်တက်လာခဲ့ ကြောင်း ဈေးကွက်အတွင်းရှိ ဒေါ်လာနှင့်
ပို့ကုန်ရငွေ လဲလှယ်သူ ကိုအောင်က ပြောကြားသည်။ဒီရက်ပိုင်းအတွင်း အပြင်ဈေးကွက်မှာတော့ ငြိမ်လိုက်လှုပ်လိုက် ဖြစ်နေ တယ်။ ဒီရက်ပိုင်းမှာတော့ ကားပါမစ်တင်
သွင်းတာတွေ ရှိတော့ ကားသွင်း တဲ့သူတွေ ငွေလဲတာတွေ ရှိတော့ ဈေးနည်းနည်းလေး တက်လာတယ်။ အများ
ဆိုတော့ ငွေအမောက် ကွာသွားတယ်" ဟု ၎င်းက ဆိုသည်။

ငွေလဲကောင်တာများရှိ ငွေဈေးနှုန်းသည် ပြင်ပရှိ မှောင်ခိုငွေလဲဈေးကွက်နှင့် အနည်းကွာဟမှု ရှိကြောင်းရွှေဘုံ
သာလမ်းရှိ ရွှေအရောင်းအဝယ် လုပ်ကိုင် သူတစ်ဦးက ပြောကြားသည်။

" ငွေလဲစင်တာတွေက မှောင်ခိုဈေးကွက်နဲ့တော့ နည်းနည်းလောက် အမြဲ ကွာတယ်၊ ဒါပေမယ့် လုပ်လို့ကိုင်လို့ရ
တဲ့ အနေအထားကိုတော့ အပြင်ဈေး ကွက်က အမြဲပြောင်းလဲပေးတယ်။ ငွေလဲကောင်တာတွေက တစ်ရက် ကို
 ဒေါ်လာတစ်သောင်းဖိုးထိ လဲလှယ်ပေးတယ်ဆိုပေမယ့် တကယ် လဲရင်တော့ ဒေါ်လာသုံးထောင်ဖိုးလောက်ပဲ လဲ
လို့ရတယ်" ဟု အထက်ပါ ရွှေ့အရောင်းအဝယ် လုပ်ကိုင်သူက ပြောကြားသည်။

အောင်ကိုကို
 
The Myanma Age 

0 comments:

Post a Comment