Pages

Wednesday, December 12, 2012

"ဈေးကွက်သို့ အမြန်တင်ပို့ရေး ငါးပိရည်ကျို ပြုလုပ်ရာတွင် ဓာတ်မြေသြဇာထည့်သွင်း"

"ဈေးကွက်သို့ အမြန်တင်ပို့ရေး ငါးပိရည်ကျို ပြုလုပ်ရာတွင် ဓာတ်မြေသြဇာထည့်သွင်း"

ငါးပိရည်ကျိုပြုလုပ်ရာ၌ ဈေးကွက်အတွင်းသို့ အလျင်အမြန်တင်ပို့နိုင်ရေးအတွက် စိုက်ပျိုးရေးလုပ်ငန်းသုံး ယူရီးယားဓာတ်မြေသြဇာများ ထည့်သွင်းလာကြကြောင်း   မြန်မာနိုင်ငံစားသုံးသူ အကာအကွယ်ပေးရေးအသင်းနှင့် ငါးပိထုတ်လုပ်သူအချို့ထံမှသိရသည်။

 မြန်မာ့ရိုးရာစားစရာတစ်ခု ဖြစ်သော ငါးပိရည်ကျိုငါးပိပြုလုပ် ရာ၌ ငါးများကို စဥ့်အိုးအတွင်း ဆားဖြူး၍ သုံးလခန့်ကြာအောင် ဖိသိပ်ထည့်ရကြောင်း၊ သို့ရာတွင် ငါးပိထု တ်လုပ်သူအချို့မှာ ¤င်းတို့ ၏ ကုန်ပစ္စည်းများအား ဈေးကွက် အတွင်းအမြန်ဆုံးတင်ပို့ရောင်းချနိုင်ရန်နှင့် ငါးအရိုးများ အမြန် ကြေမွစေရန်အတွက် ယူရီးယား ဓာတ်ြေ မသြဇာများကို ငါးပိသိပ် နယ်ရာ၌ ထည့်သွင်းအသုံးပြုလာ ကြကြောင်း၊ ထိုသို့ ယူရီးယားဓာတ် မြေသြဇာထည့်သွင်းအသုံးပြုခြင်း ဖြင့် တစ်ပတ်အတွင်း ငါးရိုးများ ကြေ မွစေ၍ ဈေးကွက်အတွင်း ရောင်းချနိုင်ကြောင်း မအူပင် မြို့နယ်မှ ငါးပိထုတ်လုပ်သူတစ်ဦး က ပြောသည်။ ”အရင်ကတော့ ငါးပိသိပ်ရင် ဆားနဲ့ပဲ နယ်ပြီးထည့်သိပ်တာပဲ။ ဒါပေမဲ့ ဆားနဲ့နယ်တာက အနည်း ဆုံး ၄၅ ရက် လောက်ကြာအောင် စောင့်ရတယ်။ ဓာတ်မြေသြဇာ ထည့်တဲ့အခါကျတော့ တစ်ပတ် လောက်နဲ့ အရိုးတွေကြေတယ်။ ငါးပိစဥ့်အိုးအသေးတစ်လုံးကို ဓာတ်မြေသြဇာ ရေပုလင်းဝက် လောက် ထည့်ရတယ်”ဟု၎င်းက ဆိုသည်။ဓာတ်မြေသြဇာထည့်သွင်း အသုံးပြုထားသော ငါးပိမှာ သာမန် ငါးပိထက် အနည်းငယ် အညိုရောင်သမ်းပြီး ဈေးနှုန်းမှာ လည်း ချိုသာကြောင်း၊ ထိုငါးပိ များမှာ ဈေးကွက်အတွင်းတွင် ကျယ်စွာ ဖြန့်ဖြူးရောင်းချလျက်ရှိ သော်လည်း သက်ဆိုင်ရာမှ ယနေ့ အထိဓာတ်ခွဲစမ်းသပ်၍ အရေး ယူခြင်းများ မရှိသေးကြောင်း၊ အဆိုပါ ငါးပိများတွင် ဓာတု ပစ္စည်း ထည့်သွင်းထားသည့် အတွက် စားသုံးသူများ၏ ကျန်း မာရေးကို ထိခိုက်စေကာ အစာ အဆိပ်သင့်ခြင်း၊ ဝမ်းပျက် ဝမ်း လျှောခြင်း၊ နှလုံး၊ သွေးတိုးနှင့် အစာအိမ်ရောဂါများကို ဖြစ်ပွားစေ နိုင်ကြောင်း မြန်မာနိုင်ငံစားသုံး သူ အကာအကွယ်ပေးရေးအသင်းမှ ဒုဥက္ကဋ္ဌဦးကံညွန့်က ပြောသည်။”ကျွန်တော်တို့အနေနဲ့ အရင် က ဒီကိစ္စကိုမသိဘူး။ နယ်ကိုငါးပိ မှာတဲ့အခါကျတော့ ငါးပိလုပ်တဲ့ သူတွေက ရောင်းတန်းထဲကဟာ ကို မယူနဲ့။ သီးသန့်လုပ်ပေးမယ်လို့ ပြောတာနဲ့ မေးကြည့်ရာကနေ ငါး ပိထဲမှာ ဓာတ်မြေသြဇာထည့်နေ တယ်ဆိုတာတွေကိုသိရတာ ပဲ။ ဒီလို ငါးပိထဲကို ဓာတ်မြေသြဇာ ထည့်တာက ငါးပိအဓိကထုတ်လုပ် ရောင်းချနေတဲ့ ဧရာဝတီတိုင်းဒေ သကြီးဘက်မှာ အများဆုံးပဲ။ ရန်ကုန်တိုက်ကြီးဘက်မှာလည်း ဒါမျိုးတွေ လုပ်ရောင်းနေတယ်”ဟု ၄င်းကထပ်မံပြောသည်။သို့ရာတွင် ၄င်းတို့အသင်း အနေဖြင့် ယခုအချိန်၌ တရားဝင် အသင်းအဖွဲ့ မှတ်ပုံတင်မရရှိသေး သည့်အတွက်   ဈေးများအတွင်း လှည့်လည်စစ်ဆေးခြင်းနှင့် ဓာတ်ခွဲ စမ်းသပ်ခြင်းတို့ မပြုလုပ်နိုင်သေး ဘဲ အများပြည်သူ သိရှိနိုင်စေရန် အတွက် ဓာတ်မြေသြဇာပါဝင် သောငါးပိ များစားသုံးခြင်း မပြုရန် အသိပေးနိုင်ခြင်းသာ ပြုလုပ်နိုင် သည်ဟု ဆိုသည်။

သူရထွန်း
ဓာတ်ပုံ အောင်ကျော်လတ်

ငါးပိရည်ကျိုပြုလုပ်ရာ၌ ဈေးကွက်အတွင်းသို့ အလျင်အမြန်တင်ပို့နိုင်ရေးအတွက် စိုက်ပျိုးရေးလုပ်ငန်းသုံး ယူရီး
ယားဓာတ်မြေသြဇာများ ထည့်သွင်းလာကြကြောင်း မြန်မာနိုင်ငံစားသုံးသူ အကာအကွယ်ပေးရေးအသင်းနှင့် ငါး
ပိထုတ်လုပ်သူအချို့ထံမှသိရသည်။ မြန်မာ့ရိုးရာစားစရာတစ်ခု ဖြစ်သော ငါးပိရည်ကျိုငါးပိပြုလုပ် ရာ၌ ငါးများကို စဥ့်အိုးအတွင်း ဆားဖြူး၍ သုံးလခန်
့ကြာအောင် ဖိသိပ်ထည့်ရကြောင်း၊ သို့ရာတွင် ငါးပိထု တ်လုပ်သူအချို့မှာ¤င်းတို့ ၏ကုန်ပစ္စည်းများအား ဈေးကွက်
အတွင်းအမြန်ဆုံးတင်ပို့ရောင်းချနိုင်ရန်နှင့် ငါးအရိုးများ အမြန် ကြေမွစေရန်အတွက် ယူရီးယား ဓာတ်ြေ မသြဇာ
များကို ငါးပိသိပ် နယ်ရာ၌ ထည့်သွင်းအသုံးပြုလာ ကြကြောင်း၊ ထိုသို့ ယူရီးယားဓာတ် မြေသြဇာထည့်သွင်းအ
သုံးပြုခြင်း ဖြင့် တစ်ပတ်အတွင်း ငါးရိုးများ ကြေ မွစေ၍ ဈေးကွက်အတွင်း ရောင်းချနိုင်ကြောင်း မအူပင် မြို့နယ်မှ ငါးပိထုတ်လုပ်သူတစ်ဦး က ပြောသည်။ 
 
”အရင်ကတော့ ငါးပိသိပ်ရင် ဆားနဲ့ပဲ နယ်ပြီးထည့်သိပ်တာပဲ။ ဒါပေမဲ့ ဆားနဲ့နယ်တာက အနည်း ဆုံး ၄၅ ရက် လောက်ကြာအောင် စောင့်ရတယ်။ ဓာတ်မြေသြဇာ ထည့်တဲ့အခါကျတော့ တစ်ပတ် လောက်နဲ့ အရိုးတွေ
ကြေတယ်။ ငါးပိစဥ့်အိုးအသေးတစ်လုံးကို ဓာတ်မြေသြဇာ ရေပုလင်းဝက် လောက် ထည့်ရတယ်”ဟု၎င်းက ဆို
သည်။ဓာတ်မြေသြဇာထည့်သွင်း အသုံးပြုထားသော ငါးပိမှာ သာမန် ငါးပိထက် အနည်းငယ် အညိုရောင်သမ်း
ပြီး ဈေးနှုန်းမှာ လည်း ချိုသာကြောင်း၊ ထိုငါးပိ များမှာ ဈေးကွက်အတွင်းတွင် ကျယ်စွာ ဖြန့်ဖြူးရောင်းချလျက်ရှိ
 သော်လည်း သက်ဆိုင်ရာမှ ယနေ့ အထိဓာတ်ခွဲစမ်းသပ်၍ အရေး ယူခြင်းများ မရှိသေးကြောင်း၊ 
 
အဆိုပါ ငါးပိများတွင် ဓာတု ပစ္စည်း ထည့်သွင်းထားသည့် အတွက် စားသုံးသူများ၏ ကျန်း မာရေးကို ထိခိုက်စေ
ကာ အစာ အဆိပ်သင့်ခြင်း၊ ဝမ်းပျက် ဝမ်း လျှောခြင်း၊ နှလုံး၊ သွေးတိုးနှင့် အစာအိမ်ရောဂါများကို ဖြစ်ပွားစေ နိုင်
ကြာင်း မြန်မာနိုင်ငံစားသုံး သူ အကာအကွယ်ပေးရေးအသင်းမှ ဒုဥက္ကဋ္ဌဦးကံညွန့်က ပြောသည်။”ကျွန်တော်
တို့အနေနဲ့ အရင် က ဒီကိစ္စကိုမသိဘူး။ နယ်ကိုငါးပိ မှာတဲ့အခါကျတော့ ငါးပိလုပ်တဲ့ သူတွေက ရောင်းတန်းထဲက
ဟာ ကို မယူနဲ့။ 
 
သီးသန့်လုပ်ပေးမယ်လို့ ပြောတာနဲ့ မေးကြည့်ရာကနေ ငါး ပိထဲမှာ ဓာတ်မြေသြဇာထည့်နေ တယ်ဆိုတာတွေကို
သိရတာ ပဲ။ ဒီလို ငါးပိထဲကို ဓာတ်မြေသြဇာ ထည့်တာက ငါးပိအဓိကထုတ်လုပ် ရောင်းချနေတဲ့ ဧရာဝတီတိုင်းဒေ သကြီးဘက်မှာ အများဆုံးပဲ။ရန်ကုန်တိုက်ကြီးဘက်မှာလည်းဒါမျိုးတွေလုပ်ရောင်းနေတယ်”ဟု ၄င်းကထပ်မံပြော
သည်။
 
သို့ရာတွင် ၄င်းတို့အသင်း အနေဖြင့် ယခုအချိန်၌ တရားဝင် အသင်းအဖွဲ့ မှတ်ပုံတင်မရရှိသေး သည့်အတွက် ဈေး
များအတွင်း လှည့်လည်စစ်ဆေးခြင်းနှင့် ဓာတ်ခွဲ စမ်းသပ်ခြင်းတို့ မပြုလုပ်နိုင်သေး ဘဲ အများပြည်သူ သိရှိနိုင်စေ
ရန် အတွက် ဓာတ်မြေသြဇာပါဝင် သောငါးပိ များစားသုံးခြင်း မပြုရန် အသိပေးနိုင်ခြင်းသာ ပြုလုပ်နိုင် သည်ဟု ဆို
သည်။

သူရထွန်း
ဓာတ်ပုံ အောင်ကျော်လတ်

0 comments:

Post a Comment