Pages

Wednesday, December 12, 2012

သံလွင်တံတား (မော်လမြိုင်) မုတ္တမဘက် ချဉ်းကပ်လမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး လူခြောက်ဦးသေဆုံး


သံလွင်တံတား (မော်လမြိုင်) မုတ္တမဘက် ချဉ်းကပ်လမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး လူခြောက်ဦးသေဆုံး	
	
WEDNESDAY, 12 DECEMBER 2012 10:13


သံလွင်တံတား (မော်လမြိုင်) မုတ္တမဘက် ချဉ်းကပ်လမ်းတွင် မုတ္တမဘက်မှတက်လာသော မထသ လိုက်ထရပ်ယာဉ်နှင့် မော်လမြိုင်မှ ကျိုက်ထိုဘက်သို့သွားမည့် စိုးရတနာ မှန်လုံယာဉ်တို့ တိုက်မှုဖြစ်ပေါ်ခဲ့ရာ လိုက်ထရပ်ယာဉ်ပေါ် လိုက်ပါလာသည့် အမျိုးသမီးခြောက်ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၉ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်တွင် မုတ္တမဘက်မှ ယာဉ်မောင်း မောင်ဇော် (၃၈) နှစ် မောင်းနှင်သော ခရီးသည်တင် မထသလိုက်ထရပ် (၈ခ----) သည် မော်လမြိုင်သို့ ထွက်ခွာလာရာ (၀ိုင်-၃၁) မိုင်တိုင်အနီးတွင် အရှိန်လျှော့ရပ်ထားစဉ် မော်လမြိုင်-ကျိုက်ထိုသို့ ခရီးသည် တင်ဆောင်ထွက်ခွာလာသည့် စိုးရတနာ မှန်လုံယာဉ်ဖြင့် တိုက်မိရာ လိုက်ထရပ်ပါခရီးသည်များ ဒဏ်ရရှိကာ မော်လမြိုင် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း၊ ယာဉ်တိုက်မှုဖြင့် ခြောက်ဦးသေဆုံးကာ ၁၀ ဦး ဒဏ်ရာရရှိခဲ့ပြီး မော်လမြိုင် ပြည်သူ့ဆေးရုံတွင် ကုသမှုခံယူနေကြောင်း သိရသည်။

မှန်လုံယာဉ်မောင်း သန့်ဇော် (၃၃) နှစ်အား သက်ဆိုင်ရာ ရဲစခန်းက (ပ) ၉၀။ ၂၀၁၂၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ-၃၃၇။ ၃၃၈။ ၃၀၄ (က) တို့ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားသည်ဟု သိရှိရသည်။

အေးချမ်းမွန်မှ  Eleven Media Group တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။

WEDNESDAY, 12 DECEMBER 2012

သံလွင်တံတား (မော်လမြိုင်) မုတ္တမဘက် ချဉ်းကပ်လမ်းတွင် မုတ္တမဘက်မှတက်လာသော မထသ လိုက်ထရပ်
ယာဉ်နှင့် မော်လမြိုင်မှ ကျိုက်ထိုဘက်သို့သွားမည့် စိုးရတနာ မှန်လုံယာဉ်တို့ တိုက်မှုဖြစ်ပေါ်ခဲ့ရာ လိုက်ထရပ်
ယာဉ်ပါ် လိုက်ပါလာသည့် အမျိုးသမီးခြောက်ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၉ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်တွင် မုတ္တမဘက်မှ ယာဉ်မောင်း မောင်ဇော် (၃၈) နှစ်
 မောင်းနှင်သော ခရီးသည်တင် မထသလိုက်ထရပ် (၈ခ----) သည် မော်လမြိုင်သို့ ထွက်ခွာလာရာ (၀ိုင်-၃၁) မိုင်တိုင်အနီးတွင် အရှိန်လျှော့ရပ်ထားစဉ် မော်လမြိုင်-ကျိုက်ထိုသို့ ခရီးသည် တင်ဆောင်ထွက်ခွာလာသည့် စိုးရတနာ မှန်လုံယာဉ်ဖြင့် တိုက်မိရာ လိုက်ထရပ်ပါခရီးသည်များ ဒဏ်ရရှိကာ မော်လမြိုင် ပြည်သူ့ဆေးရုံသို့ ပို့
ဆာင်ခဲ့ကြောင်း၊ ယာဉ်တိုက်မှုဖြင့် ခြောက်ဦးသေဆုံးကာ ၁၀ ဦး ဒဏ်ရာရရှိခဲ့ပြီး မော်လမြိုင် ပြည်သူ့ဆေးရုံတွင် ကုသမှုခံယူနေကြောင်း သိရသည်။

မှန်လုံယာဉ်မောင်း သန့်ဇော် (၃၃) နှစ်အား သက်ဆိုင်ရာ ရဲစခန်းက (ပ) ၉၀။ ၂၀၁၂၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ-
၃၃၇။ ၃၃၈။ ၃၀၄ (က) တို့ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားသည်ဟု သိရှိရသည်။
 
 
 
Eleven Media Group


0 comments:

Post a Comment