Pages

Thursday, December 27, 2012

ရုရှားကလပ်၏ ငွေကြေးအမြောက်အမြားဖြင့် ကမ်းလှမ်းမှုကို မက်ဆီ ငြင်းပယ်

messi

ကမ္ဘာကျော် ဘောလုံးကစားသမား လီယွန်နယ် မက်ဆီသည် ဘဏ္ဍာရေးအင်အား အလွန်တောင့်တင်းသော ရုရှားကလပ်အသင်းတစ်သင်း၏ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ကြောင်း သိရှိရသည်။ El Mundo Deportivo သတင်းစာ၏ အဆိုအရ---------
မက်ဆီအား အမည်မဖော်ပြထားသော ရုရှားဘောလုံးကလပ်အသင်း တစ်သင်းက တစ်နှစ်တာအတွက် လုပ်
ခလစာ ယူရို သန်း ၃၀ ဖြင့် ၃ နှစ်စာချုပ်ချုပ်ဆိုရန် ကမ်းလှမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကယ်၍ အဆိုပါ အပြောင်းအရွှေ့သာ ဖြစ်မြောက်ခဲ့ပါကဘာစီလိုနာအသင်းမှာမက်ဆီအတွက် ပြောင်းရွှေ

့ကြေး ယူရို သန်း ၂၅၀ အထိ ရရှိနိုင်မည်ဖြစ်သည်။ သို့သော် မက်ဆီက ရုရှားကလပ်အသင်း၏ ကမ်းလှမ်းမှု
ကို ငြင်းပယ်ကာ ဘာစီလိုနာ၌သာ စာချုပ်သစ်တစ်ရပ် သက်တမ်းတိုးချုပ်ဆိုသွားရန် သဘောတူလိုက်ခြင်း
ဖြစ်သည်။ 

မက်ဆီအား ၂၀၁၈ ခုနှစ်အထိ ဆက်ရှိနေစေမည့် စာချုပ်သစ်ထပ်မံချုပ်ဆိုရန်သဘောတူညီမှု ရရှိခဲ့ကြောင်း
ကို ဒီဇင်ဘာ ၁၈ ရက်က ဘာစီလိုနာက ထုတ်ပြန်ကြေညာခဲ့သည်။


Planet Myanmar Network:

0 comments:

Post a Comment