Pages

Thursday, December 27, 2012

သဘာဝအနေအထားကြောင့်ဆင်းရဲ ခြင်းမဟုတ်ပဲ စနစ်ကြောင့်သာဆင်းရဲနေခြင်းဖြစ်ကြောင်း ပညာရေး ရန်ပုံငွေပွဲတွင် ဒေါ်အောင်ဆန်းစုကြည့်မှပြောကြား

ရန်ကုန် ၊ ဒီဇင်ဘာ ၂၇။

ယနေ့ မွန်းလွဲတစ်နာရီအချိန်တွင် ပြည်သူ့ရင်ပြင်၌ပြုလုပ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ပညာရေး
ရန်ပုံငွေပွဲတွင် အဖွဲ့ချုပ်ဥက္ကဌဒေါ်အောင်ဆန်းစုကြည်ကမိမိတို့နိုင်ငံတွင်သဘာဝအနေအထားကြောင့်ဆင်းရဲ
ခြင်းမဟုတ်ပဲ စနစ်ကြောင့်သာဆင်းရဲနေခြင်းဖြစ်ကြောင်းထုတ်ဖော်ပြောကြားခဲ့သည်။အားလုံးကသိပါတယ်
ကျွန်မတို့နိုင်ငံက ဆင်းရဲတယ်ဆိုတာ--------------ကို သိပါတယ် ၊ သဘာဝအရဆင်းရဲတာ မဟုတ်ပါဘူး၊ စနစ်ကြောင့်ဆင်းရဲတယ်ဆိုတာ အများကြီး သိနေပြီး
သားဖြစ်ပါတယ် ၊စနစ်ကိုပြောင်းဖို့ဆိုတာပညာလိုတယ်။ ပြောင်းချင်တိုင်းပြောင်းလို့မရဘူး၊ ပြောင်းပုံပြောင်း
နည်းကလည်းလိုပါတယ်။အဲ့ဒီလိုပြောင်းပုံပြောင်းနည်းမှန်ကန်ဖို့ဆိုတာဟာကျွန်မတို့ရဲ့ပြည်သူတွေဟာပညာ
တတ်ဖို့လိုတယ်ဆိုတာကျွန်မခဏခဏပြောနေတဲ့ကိစ္စ ၊ပညာဆိုတာ ကျောင်းမှာနေတဲ့ ကလေးတွေအတွက်
တင်မဟုတ်ပါဘူး၊ ကလေးလူကြီးမရွေး အားလုံးအတွက်ဖြစ်ပါ တယ်လို့ ပြောချင်ပါတယ် " ဟု ဒေါ်အောင်
ဆန်းစုကြည်က ပြောကြားခဲ့သည်။

ပညာရေးနှင့်ပတ်သက်၍ အဓိကထားပြောကြားခဲ့သော ၎င်း၏မိန့်ခွန်းတွင်မိမိတို့နိုင်ငံအား တိုးတက်စေချင်
ကြာင်း ၊မိမိတို့ပြည်သူလူထုအားအဆင့်မြင့်စေချင်ကြောင်း ၊ ယခုကဲ့သို့ပညာရေးကွန်ရက်များထူထောင်နေ
ရုံနှင့်မပြီးပဲအားလုံးကကြိုးစားကြဖို့လိုအပ်ကြောင်းနှင့် ပြည်သူလူထုအားလုံးပညာရှိပါကမိမိတို့နိုင်ငံအတွက်
မည်သည့် စိတ်ကွက်မှုများရှိမည် မဟုတ်ကြောင်း ထပ်မံပြောကြားသွားခဲ့သည်။

ထက်နောင်နောင်
The Myanma Age

0 comments:

Post a Comment