Pages

Thursday, December 27, 2012

အိန္ဒိယနိုင်ငံ တွင်အုပ်စုဖွဲ့မုဒိမ်းကျင့်ခံရသည့် အိန္ဒိယမိန်းကလေးငယ် ဆေးကုသရန် စင်ကာပူသို့ရောက်ရှိ

အုပ်စုဖွဲ့မုဒိမ်းကျင့်ခံရသည့် အိန္ဒိယမိန်းကလေးငယ် ဆေးကုသရန် စင်ကာပူသို့ရောက်ရှိ

နယူးဒေလီတွင် မောင်းနှင်နေသောဘတ်စ်ကားတစ်စင်းပေါ်၌ အုပ်စုဖွဲမုဒိမ်းကျင့်ခြင်းခံရသော ဆေးကျောင်း
သူမှာ စင်္ကာပူရှိ မောင့်အဲလိဇဘက် ဆေးရုံတွင် ကုသမှု ခံယူနေကြောင်း ဆေးရုံမှ တာဝန်ရှိသူ တစ်ဦးက အတည်ပြုခဲ့သည်။

အိန္ဒိယတွင် အုပ်စုဖွဲ့ မုဒိမ်းကျင့်ခြင်း ခံရသူ အမျိုးသမီးငယ်သည် ယခုအခါ ဆေးဝါးကုသမှု ခံယူရန် စင်္ကာပူ
 နိုင်ငံသို့ ရောက်ရှိနေပြီ ဖြစ်သည်။ နယူးဒေလီတွင် မောင်းနှင်နေသော ဘတ်စ်ကား တစ်စင်းပေါ်၌ အုပ်စုဖွဲ့ မုဒိမ်းကျင့်ခြင်းခံရသော ဆေးကျောင်းသူမှာစင်္ကာပူရှိ မောင့်အဲလိဇဘက် ဆေးရုံတွင်ကုသမှုခံယူနေကြောင်း
ဆးရုံမှ တာဝန်ရှိသူ တစ်ဦးက အတည်ပြုခဲ့သည်။ 

"သူ့အခြေအနေက ပြင်းပြင်းထန်ထန် စိုးရိမ်စရာ ရှိနေသလို အလေးအနက် ကြပ်မတ်ကုသမှုမျိုး ခံယူရမှာပါ"
ဟု ဆေးရုံ ပြောရေးဆိုခွင့်ရ အရာရှိက ဆိုသည်။ မိန်းကလေးသည် မုဒိမ်းကျင့်ခြင်း ခံရသည့်အပြင် ပြင်းပြင်း
ထန်ထန် ရိုက်နှက် ညှင်းပန်းမှုများကိုပါ ခံစားခဲ့ရကြောင်း သတင်းများက ဖော်ပြခဲ့သည်။


(အိန္ဒိယမိန်းကလေးငယ် ဆေးကုသမှုခံယူနေသည့် စင်ကာပူနိုင်ငံမှ ဆေးရုံ)
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး အိန္ဒိယတွင် မုဒိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီး ရမ်းကားမှုများပါ ဆင့်ကဲ ပေါ်ပေါက်လာသည့်နောက် ရဲများနှင့် ဆန္ဒပြသူများ ပြဿနာ တက်ခဲ့ရသေးသည်။ ဆေးရုံ ပြောရေး
ဆိုခွင့်ရ အရာရှိက "အသေးစိတ် အခြေအနေတွေကိုတော့ မပြောနိုင်ပါဘူး။ 

ဒါက လူနာနဲ့ မိသားစုရဲ့ ပုဂ္ဂိုလ်ရေး အခြေအနေကို လေးစားမှု ထားတဲ့ အတွက်ကြောင့်ပါ"ဟုလည်းဆိုသည်။
 မိန်းကလေးသည် မိဘများ၊ အိန္ဒိယ ဆရာဝန် ဒေါက်တာ ယာတင်ဂက်ပ်တာ ဦးဆောင်သော ပညာရှင်အဖွဲ
့နှင့်အတူ စင်္ကာပူသို့ ဆိုက်ရောက်လာခဲ့သည်။

အသက်(၂၃)နှစ်ရှိ မိန်းကလေးသည် တနင်္ဂနွေနေ့က ဒေလီမြို့ တောင်ပိုင်းတွင် မောင်းနှင်လာသောဘတ်စ်

ကား တစ်စင်းပေါ်၌ အရက်မူးနေသူ (၆)ဦး၏ ဝိုင်းဝန်းရိုက်နှက်ကာ မုဒိမ်းကျင့်မှုနှင့် ကြုံခဲ့ရသည်။သူမသည်
ဝမ်းဗိုက်နှင့် ကိုယ်တွင်းအင်္ဂါများထိ ဆိုးဆိုးရွားရွား ထိခိုက်မိခြင်းကြောင့် အသက်အန္တရာယ် စိုးရိမ်ရသည်အ
ထိ ဖြစ်ခဲ့ပြီး လက်ရှိ အနေအထားတွင်ပါ အခြေအနေ မတည်ငြိမ်သေးကြောင်း သိရှိရသည်။

Source: Xinhua

0 comments:

Post a Comment