Pages

Thursday, December 27, 2012

ရန်ကုန်တက္ကသိုလ်မှ အစပြု၍ ပညာရေးကဏ္ဍကိုမြှင့်တင်လိုကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

မြန်မာနိုင်ငံ၏ ပညာရေးအဆင့်မြှင့်တင်ရန် ရန်ကုန်တက္ကသိုလ်မှ အစပြုလိုကြောင်း အမျိုးသားဒီမိုကရေစီအ
ဖွဲ့ချုပ်၏ ပညာရေးကွန်ရက် ၂ နှစ်ပြည့် အခမဲ့ပညာဒါနကျောင်းများ ရန်ပုံငွေရှာဖွေရေးဂီတပွဲတော် အခမ်း
အနားတွင် ကျေးဇူးတင်စကားပြောကြားစဉ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသွားခဲ့သည်။ "ကျွန်မတို
့နိုင်ငံရဲ့ ပညာရေးကို တက္ကသိုလ်အားလုံးက လေးစားအောင်လို့ ရန်ကုန်တက္ကသိုလ်ကနေပြီးတော့ စချင်ပါ
တယ်။ အဲ့လို စခြင်းဟာ ရန်ကုန်ကို အသားပေးချင်လို့ မဟုတ်ပါဘူး။ အခြေအနေအရ အလွယ်ဆုံး အထိ
ရာက်ဆုံးလုပ်နိုင်တဲ့ လုပ်ငန်းတစ်ခုဖြစ်လို့ ရွေးချယ်ထားတာပါ။ အဲဒါကြောင့်မို့လို့ ရန်ကုန်တက္ကသိုလ်ကို ပြန်လည်ပြီးတော့ကျွန်မတို့နိုင်ငံရဲ့ပညာရေးထွန်းပေါက်မှုရဲ့ သင်္ကေ
တဖြစ်အောင် ကြိုးစားတဲ့နေရာမှာအားလုံးကနေပြီးတော့ဝိုင်းပြီးကြိုးစားကူညီပေးကြပါ။ အထူးသဖြင့် ကျွန်မ
တို့က အလှူရှင်များ လိုပါတယ်။ 
 
ပညာရှင်များ လိုပါတယ်။ စေတနာရှင်များ လိုပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ ရန်ကုန်
တက္ကသိုလ်သည် တစ်ချိန်တစ်ခါက အာရှသာမက တစ်ကမ္ဘာလုံးက အသိအမှတ်ပြုခံရသည့် တက္ကသိုလ်တစ်
ခုဖြစ်ခဲ့ပြီး ယခုအချိန်တွင် အာရှမှာပင် နေရာမရှိသည့် တက္ကသိုလ်တစ်ခုဖြစ်နေကြောင်း ၎င်းက ပြောသည်။ 
 
ရန်ပုံငွေ ရှာဖွေရေးဂီတပွဲတော်ဖွင့်ပွဲအခမ်းအနားပြုလုပ်ပြီးတစ်နာရီအတွင်းမှာပင်အလှူရှင်များထံမှ အလှူ
ငွ သိန်း ၇၀၀ ကျော် စတင်ရရှိနေပြီဖြစ်သည်။
 
7days News:


0 comments:

Post a Comment