Pages

Tuesday, December 4, 2012

ဂရပ်ဖတီ ဆွဲခြင်း ရန်ကုန်မှာ ပိတ်ပင်ပြီ

အိုဘားမားကို ကြိုဆိုတဲ့ ဂရပ်ဖတီ တရက်အတွင်း ဖျက်ဆီးခံလိုက်ရစဉ်၊ ဓာတ်ပုံ- ဂျေပိုင်
Tuesday, December 04, 2012 
 
ရန်ကုန် စည်ပင်သာယာရေးကော်မတီ ဥက္ကဌရန်ကုန်မြို့တော်ဝန်ကတော့နံရံဆေးရေးပန်းချီဆွဲမှုကို ပိတ်ပင်လိုက်
ပါတယ်။ မြို့တော်ရဲ့ လှပမှု၊ သန့်ရှင်းမှုကိုထိခိုက်ရုံသာမကတပါးသူကိုလည်းစိတ်အနှောက်အယှက်ဖြစ်ရပါတယ်
လို့ ဒီဇင်ဘာ ၃ ရက်နေ့ နေ့စွဲနဲ့ အမိန့်အမှတ် ၁ /၂၀၁၂ အရ ဆိုပါတယ်။

အမေရိကန် သမ္မတ မစ္စတာ ဘားရက် အိုဘားမား မြန်မာပြည်ကို လာခဲ့စဉ်တုန်းက သူ့ကို ကြိုဆိုတဲ့ Graffiti ပုံ
ကြီးဆိုရင် ၃ ခါတောင် ပြန်ဆွဲခဲ့ရပြီး ရဲတွေ၊ စည်ပင်ဝန်ထမ်းတွေတောင် အစောင့်ချထားခဲ့ပါ တယ်။
အဲဒီတုန်းက အနုပညာ မြောက်စွာ ရေးဆွဲထားခဲ့စဉ်မှာ မလိုသူတွေ လာရောက်ဖျက်ဆီးသွားခဲ့တာနဲ့ပတ် သက်ပြီး ဒီအမိန့်ထွက် လာတော့ စဉ်းစားစရာတွေ ဖြစ်ကုန်ပါတယ်။

အခုတော့ ဘာကြောင့်များ အပြောင်းအလဲဖြစ်တယ် မသိရပါဘူး။ လူငယ်တွေက Graffiti - ဂရပ်ဖတီ လို့ ခေါ်တဲ့ နံရံ ဆေးရေး ပန်းချီတွေကို မက်မက်မောမော အနုပညာ မြောက်မြောက်ရေးဆွဲကြပါတယ်။


  ဧရာဝတီ

0 comments:

Post a Comment