Pages

Tuesday, December 4, 2012

ယာဉ်ကြောပိတ်ဆို့မှုများနေသလောက်စည်းကမ်းချိုးဖောက်သူများလာနေတဲ့ ရန်ကုန်


ယာဉ်ကြောပိတ်ဆို့မှုများနေသလောက်စည်းကမ်းချိုးဖောက်သူများလာ

December 3, 2012  Home, သတင်း
 

အစိုးရသစ်လက်ထက်တွင် မကြာသေးမီလများအတွင်းက စတင်၍ ပြည်ပမှမော်တော်ယာဉ် မှာယူ တင်သွင်းခွင့်ပေးလိုက်မှုနှင့် အတူ ပြည်တွင်းမော်တော်ယာဉ် အရောင်းပြခန်းများပါ ဖွင့်လှစ် လာပြီးသည့်နောက်ပိုင်း ရန်ကုန် မြို့လယ်ရှိ လမ်းမများပေါ်၌ သာမက မြို့ပြင်လမ်းမများပေါ်၌ ပင် ယာဉ်ကြောပိတ်ဆို့မှုများဖြစ် ပွားနေသည်။ထို့အပြင်ယာဉ်စည်း ကမ်း၊ လမ်းစည်းကမ်းချိုးဖောက် ကျူးလွန်သူများလည်း ယခင်က ထက် ပိုမိုတွေ့ရှိလာရကြောင်း မြို့ခံခရီးသွားပြည်သူများ၊ ယာဉ် မောင်းသူများနှင့်သက်ဆိုင်ရာ တာဝန်ရှိ ၀န်ထမ်းများထံမှ စုံစမ်း သိရှိရသည်။
၎င်းတို့ ပြောပြချက်များအရ သိရသည်မှာ စည်းကမ်းချိုးဖောက် မှုပုံသဏ္ဌန်မျိုးစုံကို တွေ့ရသည့် အနက် လမ်းပေါ်တွင် အချိန် ကြာမြင့်စွာ ကားရပ်ထားခြင်း၊ မီးပွိုင့်တွင် တစ်ဖက်ယာဉ်ကြောမှ အတင်းခေါင်းထိုးပြီး ၀င်ရောက် နေခြင်း၊ ရှေ့တွင် ကားပိတ်နေ သည့်အခါ လစ်လျင်လစ်သလို ကွေ့လမ်းမဟုတ်ဘဲ ဖြတ်ကွေ့ သွားတတ်ခြင်းနှင့် အချို့လိုင်း ကားများ မိမိလမ်းကြောင်းသွေ ဖည်ပြီး ကားရှင်းရာလမ်းများဖက် မှ ကွေ့ရှောင်မောင်းနှင်ပြေးဆွဲနေ ခြင်းများက အဆိုးဆုံးတွေ့ရသည်ုဆို၏။
မထသမှ တာဝန်ရှိဝန်ထမ်း တစ်ဦးအဆိုအရ ““လမ်းပေါ် ကား များလာလို့ ယာဉ်ကြောပိတ်တာ အများနည်းတူပဲ ဘာတတ်နိုင်မှာ လဲ။ အခုက သည်းခံရပ်မစောင့် ကြတော့ဘူးလေ။ အလုအယက် ဖြစ်ချင်တိုင်းဖြစ်နေကြတာ။ ကြာ ရင်  မလွယ်ဘူး။ တော်တော်များ  များ တရားပျက်ကုန်ကြပြီ။ ဒီထဲ မှာလည်း လိုင်းကားတွေကတော့ အတင့်ရဲလွန်းတာကမ်းကုန်ပဲ”” ဟု ပြောဆိုခဲ့သည့်နည်းတူ အင်းစိန် မှနေ၍ သိမ်ကြီးဈေး ဂမုန်းပွင့် ကုန်တိုက်သို့ နေ့စဉ် အလုပ် ဆင်းရသူတစ်ဦးကလည်း ““သူတို့ ကလမ်းပိတ်နေရင် မဟာဗန္ဓုလ လမ်းကို မကွေ့တော့ဘဲ ကမ်းနား လမ်းဘက်က ကွေ့မောင်း တာဗျ။ ရပ်ခိုင်းတော့လည်း မကြားချင် သလို မကြိုက်ချင်သလိုနဲ့။ ကျွန် တော်တို့မှာ အိမ်က စောမထွက် မိတဲ့နေ့ဆို အောက်ဘက်က ပြန်လျှောက်ရတာ အဝေးကြီး။ တစ်ခါကလည်း ခြောက်ထပ်ရုံး ဘက်အထိတောင် ပါသွားသေး တယ်””ဟု သူ့အတွေ့အကြုံကို ပြောပြသည်။
ယခုအခါ ရန်ကုန်မြို့ ဧရိ ယာအတွင်း ယာဉ်စီးရေတစ်နေ့ တစ်ခြား အဆမတန် တိုးပွားလာ မှုကြောင့်  နာမည်ကြီး မီးပွိုင့်လမ်း  ဆုံများတွင် ယာဉ်ကြောအကျပ် ဆုံး အချိန်များ၌ အနည်းဆုံး မီးနီ နှစ်ကြိမ် ပြန်မိသည်များပင်ရှိနေ ပြီးယခင်က မီးပွိုင့်ဆိုလျှင် မနက် ပိုင်း၌ ကျောက်မျက်ရုံးရှေ့လွန် သည်အထိ ကားတန်းရှည်လျား နေမှုကို မြင်တွေ့ရသည်။
 

အာဝါသ

အေးချမ်းမွန်မှ  The Hot News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :  The Hot News

အစိုးရသစ်လက်ထက်တွင် မကြာသေးမီလများအတွင်းက စတင်၍ ပြည်ပမှမော်တော်ယာဉ် မှာယူ တင်သွင်းခွင့်
ပးလိုက်မှုနှင့် အတူ ပြည်တွင်းမော်တော်ယာဉ် အရောင်းပြခန်းများပါ ဖွင့်လှစ် လာပြီးသည့်နောက်ပိုင်း ရန်ကုန် မြို့လယ်ရှိ လမ်းမများပေါ်၌ သာမက မြို့ပြင်လမ်းမများပေါ်၌ ပင် ယာဉ်ကြောပိတ်ဆို့မှုများဖြစ် ပွားနေသည်။ထို့အပြင်ယာဉ်စည်း ကမ်း၊ လမ်းစည်းကမ်းချိုးဖောက် ကျူးလွန်သူများလည်း ယခင်က ထက် ပိုမိုတွေ့ရှိလာရ
ကြာင်း မြို့ခံခရီးသွားပြည်သူများ၊ ယာဉ် မောင်းသူများနှင့်သက်ဆိုင်ရာ တာဝန်ရှိ ၀န်ထမ်းများထံမှ စုံစမ်း သိရှိ
ရသည်။

၎င်းတို့ ပြောပြချက်များအရ သိရသည်မှာ စည်းကမ်းချိုးဖောက် မှုပုံသဏ္ဌန်မျိုးစုံကို တွေ့ရသည့် အနက် လမ်းပေါ်
တွင် အချိန် ကြာမြင့်စွာ ကားရပ်ထားခြင်း၊ မီးပွိုင့်တွင် တစ်ဖက်ယာဉ်ကြောမှ အတင်းခေါင်းထိုးပြီး ၀င်ရောက် နေ
ခင်း၊ ရှေ့တွင် ကားပိတ်နေ သည့်အခါ လစ်လျင်လစ်သလို ကွေ့လမ်းမဟုတ်ဘဲ ဖြတ်ကွေ့ သွားတတ်ခြင်းနှင့် အချို့
လိုင်း ကားများ မိမိလမ်းကြောင်းသွေ ဖည်ပြီး ကားရှင်းရာလမ်းများဖက် မှ ကွေ့ရှောင်မောင်းနှင်ပြေးဆွဲနေ ခြင်းများ
က အဆိုးဆုံးတွေ့ရသည်ုဆို၏။

မထသမှ တာဝန်ရှိဝန်ထမ်း တစ်ဦးအဆိုအရ ““လမ်းပေါ် ကား များလာလို့ ယာဉ်ကြောပိတ်တာ အများနည်းတူပဲ ဘာတတ်နိုင်မှာ လဲ။အခုကသည်းခံရပ်မစောင့် ကြတော့ဘူးလေ။အလုအယက် ဖြစ်ချင်တိုင်းဖြစ်နေကြတာ။ ကြာ
 ရင် မလွယ်ဘူး။ တော်တော်များ များ တရားပျက်ကုန်ကြပြီ။ 
 
ဒီထဲ မှာလည်း လိုင်းကားတွေကတော့ အတင့်ရဲလွန်းတာကမ်းကုန်ပဲ”” ဟု ပြောဆိုခဲ့သည့်နည်းတူအင်းစိန်မှနေ
၍ သိမ်ကြီးဈေး ဂမုန်းပွင့် ကုန်တိုက်သို့ နေ့စဉ် အလုပ် ဆင်းရသူတစ်ဦးကလည်း ““သူတို့ ကလမ်းပိတ်နေရင် မဟာဗန္ဓုလ လမ်းကို မကွေ့တော့ဘဲ ကမ်းနား လမ်းဘက်က ကွေ့မောင်း တာဗျ။ ရပ်ခိုင်းတော့လည်း မကြားချင် သလို မကြိုက်ချင်သလိုနဲ့။ ကျွန် တော်တို့မှာ အိမ်က စောမထွက် မိတဲ့နေ့ဆို အောက်ဘက်က ပြန်လျှောက်ရတာ အဝေးကြီး။ တစ်ခါကလည်း ခြောက်ထပ်ရုံး ဘက်အထိတောင် ပါသွားသေး တယ်””ဟု သူ့အတွေ့အကြုံကို ပြောပြသည်။

ယခုအခါ ရန်ကုန်မြို့ ဧရိ ယာအတွင်း ယာဉ်စီးရေတစ်နေ့ တစ်ခြား အဆမတန် တိုးပွားလာ မှုကြောင့် နာမည်ကြီး မီးပွိုင့်လမ်း ဆုံများတွင် ယာဉ်ကြောအကျပ် ဆုံး အချိန်များ၌ အနည်းဆုံး မီးနီ နှစ်ကြိမ် ပြန်မိသည်များပင်ရှိနေ ပြီး
ယခင်က မီးပွိုင့်ဆိုလျှင် မနက် ပိုင်း၌ ကျောက်မျက်ရုံးရှေ့လွန် သည်အထိ ကားတန်းရှည်လျား နေမှုကို မြင်တွေရ
သည်။


The Hot News 

0 comments:

Post a Comment