Pages

Tuesday, December 4, 2012

တိုက်ကြီးတွင် ၄ နှစ်သားကလေးငယ် တောဆင်ရိုင်းနင်းခံရ၍ သေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၎
 
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့၊ ဖလုံဘူတာကျေးရွာအုပ်စု၊ ရွှေမြိုင်သာယာကျေးရွာတွင်ဒီဇင်ဘာ၂ရက်နေက

ကလေးငယ်တစ်ဦး ဆင်နင်းခံရပြီးသေဆုံးသွားကြောင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှသိရသည်။
တိုက်ကြီး ရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့ရာ ဒီဇင်ဘာ၂ ရက်နေ့ ည၁၀နညရီ အချိန်တွင် သေဆုံးသူ
 မောင်ပိုးချစ် (၄)နှစ်သည် မိဘမျာ့းနှင့်အတူ အိပ်ပျော်နေစဉ် တောဆင်ရိုင်းတစ်ကောင် ၀င်လာသဖြင့် ထွက်ပြေးခဲ့
ကြရာ နေအိမ်နှင့်၁၀ ပေခန့်အကွာ၌ မောင်ပိုးချစ်မှာဆင်နင်းခံရပြီးဦးခေါင်းကြေမွဒဏ်ရာဖြင့် သေဆုံးသွားကြောင်း
သိရသည်။

တိုက်ကြီးရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၁၄/၂၀၁၂)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
 
 
ပေါ်ပြုလာမြန်မာ

0 comments:

Post a Comment