Pages

Tuesday, December 4, 2012

ဒုတိယမြောက်ရင်သွေး မမွေးဖွားမီ ချစ်သူနှင့်လက်ထပ်ရန် စီစဉ်ထားတယ်ဆိုတဲ့ အဆိုတော် ဂျက်ဆီကာ ဆင်မ်ဆန်

ဒုတိယရင်သွေး မမွေးဖွားမီ လက်ထပ်နိုင်ရန် ဂျက်ဆီကာ စီစဉ်

အဆိုတော် ဂျက်ဆီကာ ဆင်မ်ဆန်သည် ချစ်သူနှင့်လက်ထပ်ရန် စီစဉ်ထားမှုကို ရွှေ့ဆိုင်းလိုက်ရသော်လည်း ဒုတိ
ယမြောက်ရင်သွေး မမွေးဖွားမီ လက်ထပ်နိုင်ရန် စီစဉ်နေသည်။ဂျက်ဆီကာသည်ဒုတိယမြောက်ရင်သွေးကို လွယ်
ထားရပြီဟု သတင်းများ ထွက်ပေါ်နေသော်လည်း သူမကိုယ်တိုင်ကမူထွက်ပေါ်နေသောသတင်းများနှင့်ပတ်သတ်
ပြီး တစ်စုံတရာ တုံ့ပြန်ပြောကြားခြင်း မရှိသေးချေ။
ဂျက်ဆီကာသည် ခရစ်စမတ်မတိုင်မီ လက်ထပ်လိုသော်လည်း သူမ၏ အချစ်ဆုံး သူငယ်ချင်းကေစီက ဒီဇင်ဘာ
လတွင် လက်ထပ်မည်ဖြစ်သောကြောင့် သူမ၏ လက်ထပ်ပွဲကို ရွှေ့ ဆိုင်းလိုက်ခြင်း ဖြစ်သည်။ 

လက်ထပ်ပွဲကို အသေးစိတ် ပြန်လည်စီစဉ်မည်ဖြစ်ပြီး သူမ၏ ဒုတိယမြောက်ရင်သွေး မမွေးဖွားမီ အဲရစ်နှင့် အမြန်
ဆုံး လက်ထပ်နိုင်ရန် ဆန္ဒရှိနေသည်။ လက်ထပ်ပွဲတွင် သူမ၏ကိုယ်ဝန်ကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရမည်ကို မစိုးရိမ်ကြောင်းလည်း ဂျက်ဆီကာက ပြောသည်။

အတွင်းသတင်းများအရ ဂျက်ဆီကာသည် လက်ထပ်ပွဲဓါတ်ပုံများတွင် သူမ၏ကိုယ်ဝန်က သိသာနေမည်ကို ပူပန်
နေခြင်းမရှိကြောင်းနှင့် မင်္ဂလာပွဲကို အချိန်ကြာမြင့်စွာကျင်းပရန် စိတ်ကူးမရှိကြောင်း သိရသည်။ လက်ထပ်ပွဲကို လာမည့် နွေရာသီ၊ ဖြစ်နိုင်လျှင် ဖေဖော်ဝါရီ သို့မဟုတ် မတ်လတွင် ကျင်းပရန် စဉ်းစားနေသည်ဟုဆိုသည်။


မကြာသေးမီက အသက် ၃၂ နှစ်အရွယ်ရှိ ဂျက်ဆီကာသည် သူမနှင့်စေ့စပ်ထားသော အဲရစ် ဂျွန်ဆင်နှင့်တူ သူမ၏ ခုနစ်လသမီးလေး မက်စ်ဝဲလ်အား ချီပိုးထားပြီး လော့စ်အိန်ဂျလိစ် LAX လေဆိပ်မှ ဖြတ်လျှောက်လာရာတွင် ရှက်
စနိုးပြုံးနေခဲ့သည်ကို တွေ့ရသည်။

LAX လေဆိပ်တွင်တွေ့ရသောသူမသည် အနက်ရောင်ရင်စေ့အကျီကိုဝတ်ဆင်ကာအနက်ရောင်လည်ရှည်ဖိနပ်
နှင့် လိုက်ဖက်ညီစွာ သွယ်လျနေသည်ကို တွေ့ရသည်။ မက်စ်ဝဲလ်လေးက ဇာထိုးထားတဲ့အကျီနှင့်ဂျစ်ပစီစကတ်
လေးကိုဝတ်ဆင်ထားပြီးသူမလေး၏ဆံနွယ်ထက်တွင်ချစ်စရာကောင်းသော ဖဲပြားလေးကိုတပ်ဆပ်ထားသည်ကို
လည်းတွေ့ရသည်။

NFL စတား အဲရစ်ကတော့ စကော့လူမျိုးဝတ်ရှပ်အကျီ၊ဂျင်းဘောင်းဘီတို့နှင့်အတူ ဘေ့စ်ဘောဦးထုပ်ကို ဆောင်း
ထားသည်။ ဂျက်ဆီကာသည် ကြိုတင်ကြံစည်ထားခြင်းမဟုတ်သော်လည်း ဒုတိယမြောက်ရင်သွေးကို ရရှိသည့်
အတွက် လွန်စွာပျော်ရွှင်လျက်ရှိကြောင်းလည်း သိရသည်။

ပထမကိုယ်ဝန်ကို လွယ်ထားစဉ်က သူမသည် ထိုသို့ပျော်ရွှင်ဖွယ်သတင်းကို မက်စ်ဝဲလ်လေးအားမမွေးမီ ခြောက်
လခန့်အလိုမှာ အတည်ပြုပြောကြားခဲ့ခြင်းဖြစ်သည်။

Source: DailyMail,Planet Myanmar

0 comments:

Post a Comment