Pages

Wednesday, November 28, 2012

Sky Net က ပရီးမီးယားလိဂ်နှင့် နှစ်ရာသီစာ ထုတ်လွှင့်မှုအတွက် စာချုပ်ချုပ်

ပုဂ္ဂလိကရုပ်သံလိုင်းဖြစ်သော Sky Net က အင်္ဂလန်နိုင်ငံ ပရီးမီးယားလိဂ်ဘောလုံးပွဲစဉ်များကို လာမည့် ၂၀၁၃
-၁၄ နှင့် ၂၀၁၅-၁၆ နှစ်ရာသီစာထုတ်လွှင့်မှုကို ရရှိသွားပြီဖြစ်ကြောင်း ယင်းရုပ်သံလိုင်း၏ အရောင်းဌာနတာဝန်
ရှိသူဖြစ်သော ဒေါက်တာ သိန်းသန်းဦးက ပြောသည်။
Sky Net ရုပ်သံလိုင်းအနေဖြင့် ပရီးမီးယားလိဂ်ဘောလုံးပွဲစဉ်များအား လာမည့်နှစ်ရာသီစာကိုပြသနိုင်ရန်အတွက်
ပရီးမီးယားလိဂ်နှင့် တိုက်ရိုက်စာချုပ်ချုပ်ဆို လိုက်သည့် ပထမဆုံးပုဂ္ဂလိက ရုပ်သံလိုင်းဖြစ်လာသည်ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။

ပရီးမီးယားလိဂ်၏ အမှုဆောင်အရာရှိချုပ် ရစ်ချက်စကူဒါမိုးက “ယခုလို မြန်မာနိုင်ငံက Sky Net ရုပ်သံလိုင်းဟာ ပရီးမီးယားလိဂ်မှာ ၀င်ရောက်ရင်းနှီးမြှုပ်နှံမှုကို ကြိုဆိုပါတယ်။ ကျွန်တော်တို့ အနေနနဲ့လည်း ရှေ့ဆက်ပြီးတော့
 မြန်မာနိုင်ငံက ပရီးမီးယားလိဂ် ပရိသတ်တွေအတွက် ပိုပြီးခိုင်မာတဲ့ တိုးတက်မှုကိုရရှိအောင် ဆောင်ရွက်သွားပါ
မယ်”ဟု ၄င်းတို့၏ တရားဝင်ဝက်ဘ်ဆိုက်စာမျက်နှာတွင် ဖော်ပြထားသည်။

ယခုနှစ်ပရီးမီးယားလိဂ်ဘောလုံးပွဲစဉ်များကို ပြသနိုင်ခဲ့ခြင်းမရှိသည့်အတွက် Sky Net ရုပ်သံလိုင်းကို ၀ယ်ယူတပ်
ဆင်ထားသည့် ကြည့်ရှုသူများ၏ ဝေဖန်ခြင်း ကို ခံခဲ့ရသည်။ ယခုလက်ရှိအချိန်တွင် ESPN , Star Sports တို့နှင့် စာချုပ်ချုပ်ဆိုထားသည့် MRTV -4 ၏ ဆက်စပ်ရုပ်သံလိုင်းများတွင် ပြသနေသော ပရီးမီးယားလိဂ်ဘောလုံးပွဲ
စဉ်များ လာမည့်နှစ်တွင် ဆက်လက်ထုတ်လွှင့်ပြသမည်၊ မပြသမည်ကို အတိအကျမသိရှိရသေးကြောင်း ယင်းရုပ်
သံလိုင်းမှ တာဝန်ရှိသူတစ်ဦးဖြစ်သော ကိုထွန်းနေစိုးက ပြောသည်။

ထို့အပြင် ပြည်တွင်းရှိ ပုဂ္ဂလိကရုပ်သံလိုင်းနှစ်ခုဖြစ်သော Forever Group ကုမ္ပဏီနှင့် ရွှေသံလွင်မီဒီယာ၏ Sky Net ရုပ်သံလိုင်းတို့သည် ပရိသတ်စိတ်ဝင် စားမှုအများဆုံးဖြစ်သော ပရီးမီးယားလိဂ်နှင့် ချန်ပီယံလိဂ်ဘောလုံး
ပွဲစဉ်များကို ဦးသူစနစ်ဖြင့် ပြည်ပရုပ်သံလိုင်းများထံမှ ၀ယ်ယူကာ ပြသနေကြခြင်းအပေါ် ပြည်တွင်းဘောလုံးဝါသ
နာရှင်များက စိတ်ပျက်လျက်ရှိကြကြောင်း သိရသည်။
 
 
7days News:
 
 

0 comments:

Post a Comment