Pages

Wednesday, November 28, 2012

ရွှေတွင်းအလုပ်သမားများကိုမတရား လုံခြုံရေး တပ်ဖွဲ့များနှင့်အစောင့်ချထားခြင်း

http://www.rfa.org/burmese/news/mine_workers_walking_protest-11182012092059.html/mtmm-305
အစိုးရနဲ့ ဆွေးနွေးညှိနှိုင်းပြီး သဘောတူညီချက်နဲ့ ရမည်းသင်းမြို့ ကိုပြန်သွားကြတဲ့ မိုးထိမိုး မိ ရွှေတွင်းလုပ်သားတွေကို အာဏာပိုင်တွေက မူလ သဘောတူထားတဲ့နေရာကို ပို့ဆောင် မပေးဘဲ ရမည်းသင်းနဲ့ ဝေးလံ တဲ့နေရာက ရွာတစ်ရွာမှာ ထားလိုက်ပြီး လုံခြုံရေးတပ်ဖွဲ့တွေ အစောင့်ချ ထားလိုက်ကြောင်း သိရပါတယ်။မနေ့က နိုဝင်ဘာလ ၂၆ရက်နေ့က  ရွှေတွင်းလုပ်သားကိုယ်စားလှယ် ၅ဦးနဲ့ သူတို့ရဲ့ ရှေ့နေဦးဌေးတို့ကို  အမှတ် ၂ သတ္တုတွင်းဌာနညွှန်ကြားရေးမှုးဦးဆောင်တဲ့အစိုးရအဖွဲ့က တာဝန်ရှိသူတွေနဲ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေး

ခဲ့ကြပြီး၊နှစ်ဖက်သဘောတူညီချက်တွေအရ အလုပ်သမားတွေ၊ သတ္တုတွင်းဝန်ကြီးဌာန ကိုယ်စားလှယ်တွေနဲ့ ကုမ္ပဏီက တာဝန်ရှိသူတွေဟာ လာမယ့် ဒီဇင်ဘာ ၃ရက်နေ့ ဆွေးနွေးညှိနှိုင်းပြီး ပြဿနာဖြေရှင်းကြဖို့နဲ့ လောလောဆယ်မှာတော့ ရမည်းသင်းမြို့က ရန်ကြီးအောင်ကျောင်းတိုက် မှာ နေရာချထားပြီး စောင့်ဆိုင်းဖို့ သဘောတူခဲ့ကြပါတယ်။

ဒါပေမယ့် ဒီသဘောတူညီချက်ကို အာဏာပိုင်တွေဘက်က ဖောက်ဖျက်ပြီး သူတို့ကို မြို့နဲ့ဝေးတဲ့ ပျဉ်းမတောရွာကို ပို့ဆောင်ခဲ့တာလို့ ရွှေတွင်းလုပ်သားတစ်ဦးက RFA ကို ပြောပါတယ်။

ဒီအတောအတွင်းမှာပဲ  နိုဝင်ဘာ ၂၃ရက်နေ့က တောင်ငူခရိုင် ရေနီမြို့အနီးမှာ ဖမ်းဆီးခံခဲ့ရတဲ့ မိုးထိမိုးမိရွှေတွင်း အလုပ်သမားခေါင်းဆောင် ၄ဦးကို လာမယ့် နိုဝင်ဘာ ၃ဝရက်နေ့မှာ ရုံးထုတ်စစ်ဆေးမှာဖြစ်ပြီး၊ အလုပ်သမားခါင်းဆောင်၂ဦးဟာဖမ်းဆီးစဉ်ကလုံထိန်းတွေရဲ့ ရိုက်နှက်မှုခံရတာကြောင့် တောင်ငူထောင်ဆေး

ရုံမှာ ဆေးကုသမှုခံယူခဲ့ရပါတယ်။



မိုးထိမိုးမိရွှလုပ်သားတွေဟာနိုဝင်ဘာ၈ရက်နေ့ကစပြီးရန်ကုန်မြို့ကနေနပြည်တော်ကို လမ်းလျှောက်ချီတက်

လာခဲ့ကြရာနိုဝင်ဘာ၂၃ရက်နေ့တာင်ငူခရိုင်ရတာရှည်မြို့အရောက်မှာ အာဏာပိုင်တွေရဲ့တားဆီးခြင်းကို

ခံခဲ့ရပါတယ်။

 RFA (မြန်မာပိုင်း)

0 comments:

Post a Comment