Pages

Wednesday, November 28, 2012

တောင်ငူမြို့တည်နန်းတည် ၅၀၂ နှစ်ပြည့်ပွဲတော်ကျင်းပပြုလုပ်

စီးတော်ဆင်ယာဉ် ရုတ်တရက်ထရပ်သဖြင့် လန့်သွားကြသည့် မင်းသားမင်းသမီး။

ဓာတ်ပုံ - ဥက္ကာကိုကို

တောင်ငူမြို့တည်နန်းတည် ၅၀၂ နှစ်ပြည့်ပွဲတော်ကြီးကို နိုဝင်ဘာ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့လုံးကျွတ် စည်ကား
သိုက်မြိုက်စွာကျင်းပလျှက်ရှိရာ နောက်ဆုံးနေ့ဖြစ်သည့် ၂၈ ရက်နေ့တွင် ၀င်းခင်သဘင်ပွဲတော်ကြီးကို တောင်ငူ
ခတ်ရိုးရာပုံစံအတိုင်း ဆင်ယင်ကျင်းပပြုလုပ်ခဲ့သည်။ တောင်ငူမြို့တည်ဘုရင် မဟာသီရိဇေယျသူမင်းကြီးညိုနှင့် မိဖုရားခေါင်ကြီးအဖြစ် အကယ်ဒမီရဲအောင်နှင့် အကယ်
ဒမီမို့မို့မြင့်အောင်တို့က ပါဝင်ပေးခဲ့ပြီး အိမ်ရှေ့စံမင်းသားနှင့်ကြင်ယာတော်အဖြစ် သရုပ်ဆောင် ဇေယျ၊ မေကဗျာ၊ အိမ်ရှေ့မင်းသမီးများအဖြစ် အကယ်ဒမီစိုးပြည့်သဇင်၊ မေသက်ခိုင်တို့က ဆောင်ရွက်ပေးခဲ့ကြသည်။ 
အရှေ့ဖက်အောင်နန်းတံခါးမှ စတင်ထွက်ခွာလာကြစဉ်။

ဓာတ်ပုံ - ဥက္ကာကိုကို

ဝင်းခင်းသဘင်တော်ကြီးကို တောင်ငူမြို့အရှေ့ဖက်အောင်နန်းတံခါးမှ စတင်ကာ ဗိုလ်မှူးဖိုးကွန်းလမ်းအတိုင်း ကန်
တ်ာကြီးအထိ လမ်းတလျှောက်ထွက်ရှိခဲ့ကြပြီး မြို့လုံးကျွတ် လာရောက်အားပေးခဲ့ကြသည်။
 
အိမ်ရှေ့စံမင်းသမီးအဖြစ်ဆောင်ရွက်သော အကယ်ဒမီိစိုးပြည့်သဇင်။

ဓာတ်ပုံ - ဥက္ကာကိုကို
ဗိုလ်မှူးဖိုးကွန်းလမ်းမှ ရောက်ရှိလာသော ၀င်းခင်းသဘင်။

ဓာတ်ပုံ - ဥက္ကာကိုကို
 တောင်ငူမြို့တည်နန်းတည်ပွဲတော်ကြီးကို နှစ် ၅၀၀ ပြည့်မှစတင်ကာ ကျင်းပပြုလုပ်လာခဲ့ခြင်းဖြစ်သည် 
 
7days News:

0 comments:

Post a Comment