Pages

Wednesday, November 28, 2012

ဖွဲ့စည်ုး့ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးအသစ် ပြန်လည်ဖွဲ့စည်းရေးနဲ့ ပတ်သက်ပြီး အောက်ဖော်ပြပါ သတင်းထုတ်ပြန်ချက် အမှတ် ၈ ကို ယမန်နေ့ ရက်စွဲဖြင့် သမ္မတရုံး သတင်းထုတ်ပြန်ရေးအဖွဲ့ကထုတ်ပြန်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် 
သတင်းထုတ်ပြန်ရေးအဖွဲ့ 
သတင်းထုတ်ပြန်ချက်(၈/၂ဝ၁၂) 
၂ဝ၁၂ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက် ၁၃၇၄ ခု၊ တန်ဆောင်မုန်းလဆန်း ၁၃ ရက် 

နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာခုံရုံး အသစ်ပြန်လည် ဖွဲ့စည်းရေးအတွက် နိုင်ငံတော်သမ္မတက ပြည်
ထောင်စုလွှတ်တော် နာယကထံသို့ သဝဏ်လွှာများ ပေးပို့ခြင်း 

၁။ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် ခုံရုံး အဖွဲ့ဝင်များသည် ၎င်းတို့၏ သဘော ဆန္ဒအ
လျောက် ရာထူးမှ နှုတ်ထွက်ခွင့် ပြုပါရန် ၃၁-၈-၂ဝ၁၂ ရက်စွဲပါ တင်ပြစာများဖြင့် နိုင်ငံတော် သမ္မတထံ တင်ပြရာ ၆-၉-၂ဝ၁၂ ရက်တွင် ရာထူးမှ နုတ်ထွက်ခွင့်ပြုပါသည်။ 

အဆိုပါ ကိစ္စနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတက ပြည်ထောင်စု လွှတ်တော် နာယကထံသို့ ၆-၉-၂ဝ၁၂ ရက်တွင် ဥပဒေ ပြဋ္ဌာန်းချက်များကို အကိုးအကား ပြု၍ အခြေအနေ အပြည့်အစုံ ဖော်ပြလျက် သဝဏ်လွှာတစ်စောင်ပေး
ပို့ခဲ့သည်။ 

သဝဏ်လွှာ အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည် - 

''၁။ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌနှင့် ခုံရုံး အဖွဲ့ဝင် များသည် ၎င်းတို့၏ သဘောဆန္ဒ အလျောက် ရာထူးမှ နှုတ်ထွက်ခွင့် ပြုပါရန် ၃၁-၈-၂ဝ၁၂ ရက်ပါ တင်ပြစာများဖြင့် မိမိထံ တင်ပြလာပါသည်။ 

တင်ပြချက် များအရ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၃၃၁ နှင့် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံး ဥပဒေ ပုဒ်မ ၂၈ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ၆-၉-၂ဝ၁၂ ရက် တွင် ရာထူးမှ နုတ်ထွက်ခွင့် ပြုပါသည်။ 

၂။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၃၃၂ နှင့် ပုဒ်မ ၃၃၃ ၊ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံး ဥပဒေ ပုဒ်မ ၄၊ ပုဒ်မ ၅ နှင့် ပုဒ်မ ၃ဝ တို့ပါ ပြဋ္ဌာန်းချက် များအရ အရေးယူ ဆောင်ရွက်နိုင်ပါရန် သဝဏ်လွှာ ပေးပို့အပ်
ပါသည်။'' 

၂။ ထို့ပြင် လစ်လပ်လျက် ရှိသော နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာခုံရုံးအား ပြန်လည်ဖွဲ့စည်း တာဝန်
 ထမ်းဆောင်စေရေးအတွက် ဥပဒေ ပြဋ္ဌာန်းချက်များဖြင့် ပေးအပ် ထားသော တာဝန်များနှင့်အညီ အကောင်အ
ထည်ဖော် ဆောင်ရွက်ရန် သဝဏ်လွှာ တစ်စောင်ကို ပြည်ထောင်စု လွှတ်တော် နာယက ထံသို့ ၂၆-၁ဝ-၂ဝ၁၂ ရက်တွင် ထပ်မံ ပေးပို့ခဲ့သည်။ 

အဆိုပါ သဝဏ်လွှာ အပြည့်အစုံ အား အောက်တွင်ဖော်ပြသည်- ''၁။ နိုင်ငံတော်သမ္မတရုံး၏ ၃ဝ-၃-၂ဝ၁၁ ရက်
စွဲပါ အမိန့်အမှတ်၊ (၂/၂ဝ၁၁) နှင့် အမိန့်အမှတ် (၁၁/၂ဝ၁၁) တို့ဖြင့် ခန့်အပ် ဖွဲ့စည်း တာဝန် ပေး ခဲ့သည့် နိုင်
ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် (၈) ဦးတို့သည် ၎င်းတို့၏ သဘောဆန္ဒအ
လျောက် ရာထူးမှ နုတ်ထွက်ခွင့် ပြုပါရန် ကိုယ်တိုင် လျှောက်ထားတင်ပြလာချက်များအရ (၆-၉-၂ဝ၁၂)ရက်တွင် ရာထူးမှ နုတ်ထွက်ခွင့် ပြုပြီး ဖြစ်ပါသည်။ 

၂။ လစ်လပ်လျက်ရှိသော နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ခန့် အပ်နိုင်
ရေးအတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၃၃၂ နှင့် ပုဒ်မ ၃၃၃၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာခုံရုံး ဥပဒေ ပုဒ်မ ၄ နှင့် ပုဒ်မ ၅ တို့ပါ ပြဋ္ဌာန်းချက် များအရ အရေးယူ ဆောင်ရွက်ပေးနိုင် ပါရန် သဝဏ်လွှာ ပေးပို့
အပ်ပါသည်။'' 

၃။ သဝဏ်လွှာ နှစ်စောင်တွင် အကိုးအကား ပြုထားသော ရည်ညွှန်း ဥပဒေ ပြဋ္ဌာန်းချက်များကို အများ ပြည်သူ သိရှိရန် အတွက် အောက်တွင် ဖော်ပြလိုက်သည်- 

(က) ဖွဲ့စည်းပုံ အခြေခံဥပဒေ 

(၁)  ပုဒ်မ ၃၃၁။ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံး အဖွဲ့ဝင် တစ်ဦးဦးသည် ရာထူး သက်တမ်း မကုန်ဆုံးမီ အကြောင်း တစ်ခုခုကြောင့် မိမိသဘော ဆန္ဒအလျောက် ရာထူးမှ နှုတ်ထွက် လိုလျှင် ထိုသို့ နှုတ်
ထွက်လိုကြောင်း နိုင်ငံတော်သမ္မတထံ စာဖြင့် တင်ပြပြီး ရာထူး မှ နှုတ်ထွက်နိုင်သည်။ 

(၂)  ပုဒ်မ ၃၃၂။ အကြောင်းတစ်ခုခုကြောင့် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံး အဖွဲ့ဝင် ရာထူး
နေရာ လစ်လပ်လျှင် နိုင်ငံတော်သမ္မတသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များ နှင့် အညီ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံး အဖွဲ့ဝင် အသစ်အား ခန့်အပ် တာဝန်ပေးနိုင်သည်။ 

(၃)  ပုဒ်မ ၃၃၃။ နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ တို့သည် လွှတ်
တော် ကိုယ်စားလှယ်များထဲက ဖြစ်စေ၊ လွှတ်တော် ကိုယ်စားလှယ် မဟုတ်သူများထဲက ဖြစ်စေ အောက်ဖော်ပြပါ အရည်အချင်းများနှင့် ပြည့်စုံသူများ အနက်မှ အဖွဲ့ဝင် သုံးဦးစီကို ရွေးချယ်ရမည်- 

(က)  အသက် ၅ဝ နှစ်ပြည့်ပြီးသူ၊ 

(ခ)   အသက် ကန့်သတ်ချက်မှအပ ပုဒ်မ ၁၂ဝ တွင် ဖော်ပြထားသည့် ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ်များအတွက် သတ်မှတ်ထားသော အရည်အချင်းများနှင့် ပြည့်စုံသူ၊ 

(ဂ)  ပုဒ်မ ၁၂၁ တွင် ဖော်ပြထားသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖြစ် ရွေးကောက် တင်မြှောက်ခံ ပိုင်ခွင့် မရှိစေသော ပြဋ္ဌာန်းချက်များနှင့်လည်း ငြိစွန်းခြင်းမရှိသူ၊ 

(ဃ) 

        (၁) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တရားလွှတ်တော်တရားသူကြီးအဖြစ်အနည်းဆုံးငါးနှစ် ဆောင်
ရွက်ခဲ့သူ သို့မဟုတ် 

         (၂) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အဆင့်ထက် မနိမ့်သော တရားရေး အရာရှိ သို့မဟုတ် ဥပဒေ အရာရှိ ရာထူးတွင် အနည်းဆုံး ဆယ်နှစ် တာဝန် ထမ်းဆောင်ခဲ့သူ သို့မဟုတ် 

        (၃) တရားလွှတ်တော် ရှေ့နေအဖြစ် အနည်းဆုံး ၂ဝ နှစ် အမှုလိုက်ပါ ဆောင်ရွက်ခဲ့သူ သို့မဟုတ် 

        (၄) ထင်ပေါ်ကျော်ကြားသည့် ဂုဏ်သတင်းရှိသော ဥပဒေ ပညာရှင်အဖြစ် နိုင်ငံတော်သမ္မတက ယူဆသူ။ 

       (င) နိုင်ငံရေး ပါတီဝင် မဟုတ်သူ၊ 

      (စ) လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူ၊ 

     (ဆ) နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လုံခြုံရေး အမြင်ရှိသူ၊ 

     (ဇ) နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာရှိသူ၊ 


(ခ) နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံးဥပဒေ 

(၁) ပုဒ်မ ၄။ 

(က) နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတို့သည် လွှတ်တော် ကိုယ်
စားလှယ်များ ထဲမှဖြစ်စေ၊ လွှတ်တော် ကိုယ်စားလှယ် မဟုတ်သူများထဲမှ ဖြစ်စေ အောက်ဖော်ပြပါအရည် အချင်း
များနှင့် ပြည့်စုံသူများအနက်မှ အဖွဲ့ဝင် သုံးဦးစီ ကို ရွေးချယ်ရမည်- 

(၁) အသက် ၅ဝ နှစ် ပြည်ပြီးသူ၊ 

(၂) အသက် ကန့်သတ်ချက်မှအပ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၁၂ဝ တွင် ဖြော်ပ ထားသည့် ပြည်သူ့
လွှတ်တော် ကိုယ်စားလှယ်များ အတွက် သတ်မှတ်ထားသော အရည်အချင်းများနှင့် ပြည့်စုံသူ၊ 

(၃) ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၁၂၁ တွင် ဖော်ပြထားသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အဖြစ်
 ရွေးကောက် တင်မြှောက် ခံပိုင်ခွင့် မရှိစေသော ပြဋ္ဌာန်းချက်များနှင့်လည်း ငြိစွန်းခြင်း မရှိသူ၊ 

(၄) (ကက) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တရား လွှတ်တော် တရားသူကြီး အဖြစ် အနည်းဆုံး ငါးနှစ်
 ဆောင်ရွက်ခဲ့သူ သို့မဟုတ် 

(ခခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အဆင့်ထက် မနိမ့်သော တရားရေး အရာရှိ သို့မဟုတ် ဥပဒေ အရာ
ရှိ ရာထူးတွင် အနည်းဆုံး ဆယ်နှစ် တာဝန် ထမ်းဆောင်ခဲ့သူ သို့မဟုတ် 

(ဂဂ) တရားလွှတ်တော် ရှေ့နေ အဖြစ် အနည်းဆုံး ၂ဝ နှစ် အမှုလိုက်ပါ ဆောင်ရွက်ခဲ့သူ 

(၅) နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးနှင့် လုံခြုံရေး အမြင်ရှိသူ၊ 

(၆) နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာ ရှိသူ။ 

(ခ) နိုင်ငံတော်သမ္မတက ရွေးချယ်သောသူများတွင် ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၄) ပါ သတ်မှတ်ချက်များ နှင့် မကိုက်ညီသော်လည်း ထင်ပေါ် ကျော်ကြား သည့် ဂုဏ်သတင်း ရှိသော ဥပဒေ ပညာရှင်အဖြစ် ယူဆသူကို ရွေး
ချယ်နိုင်သည်။ 

(ဂ) ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၃၃၃၊ ပုဒ်မခွဲ (င) အရ အဖွဲ့ဝင်များသည် နိုင်ငံရေး ပါတီဝင် မဟုတ်သူ၊ ပုဒ်မ
ခွဲ(စ)အရ အဖွဲ့ဝင်များသည် လွှတ်တော် ကိုယ်စားလှယ် မဟုတ်သူ ဖြစ်ရမည်ဟု ပြဋ္ဌာန်းထားသည်နှင့် အညီ အဖွဲ့ဝင် အဖြစ် ရွေးချယ်ခြင်း ခံရသူသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၃၃ဝ အရ နိုင်ငံရေး ပါတီဝင် တစ်ဦးဖြစ်
လျှင် ပါတီ လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း မပြုရန်နှင့် လွှတ်တော် ကိုယ်စား လှယ် တစ် ဦး ဖြစ်လျှင် လွှတ်တော် ကိုယ်စားလှယ်အဖြစ်မှ နုတ်ထွက်ပြီး ဖြစ်သည်ဟု မှတ်ယူရမည်။ 

ထို့ပြင် နိုင်ငံ့ဝန်ထမ်းဖြစ်လျှင် ဝန်ထမ်းအဖြစ်မှ အငြိမ်းစား ယူပြီး ဖြစ်သည်ဟု မှတ်ယူရမည်။ 

(၂) ပုဒ်မ ၅။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ တို့သည် ပုဒ်မ ၄ ပါ ပြဋ္ဌာန်းချက် နှင့်
အညီ မိမိတို့ ရွေးချယ်ထားသည့် အဖွဲ့ဝင်များ၏ အမည်စာရင်းကို နိုင်ငံတော်သမ္မတထံ ပေးပို့ရမည်။ 

(၃) ပုဒ်မ ၂၈။ (က) ဥက္ကဋ္ဌသည် ရာထူးသက်တမ်း မကုန်ဆုံးမီ အကြောင်းတစ်ခုခုကြောင့် မိမိသဘောဆန္ဒ အ
လျောက် ရာထူးမှ နှုတ်ထွက်လိုလျှင် ထိုသို့ နှုတ်ထွက်လိုကြောင်း နိုင်ငံတော်သမ္မတထံ စာဖြင့် တင်ပြပြီး ရာထူး
မှ နှုတ်ထွက်နိုင်သည်။ 

(ခ) အဖွဲ့ဝင် တစ်ဦးဦးသည် ပုဒ်မခွဲ (က) ပါအတိုင်း ရာထူးမှ နုတ်ထွက်လိုလျှင် ထိုသို့ နှုတ်ထွက် လိုကြောင်း ဥက္ကဋ္ဌမှတစ်ဆင့် နိုင်ငံတော်သမ္မတထံ စာဖြင့် တင်ပြပြီး ရာထူးမှ နှုတ်ထွက်နိုင်သည်။ 

(၄) ပုဒ်မ ၃ဝ။ အကြောင်းတစ်ခုခုကြောင့် ဥက္ကဋ္ဌ သို့မဟုတ် အဖွဲ့ဝင် ရာထူး နေရာလစ်လပ်လျှင် နိုင်ငံတော်
သမ္မတ သည် ဥက္ကဋ္ဌ သို့မဟုတ် အဖွဲ့ဝင် အသစ်ကို ပုဒ်မ ၄ ပါ အရည်အချင်းများနှင့် ပြည့်စုံ သူအား ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ရွေးချယ်၍ ခန့်အပ် တာဝန်ပေးနိုင်သည်။ 


၎။ နိုင်ငံတော်သမ္မတ အနေဖြင့် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံး အသစ် ပြန်လည် ဖွဲ့စည်းရေး
နှင့် စပ်လျဉ်း၍ အောက်တွင် ဖော်ပြထားသော ဥပဒေ ပြဋ္ဌာန်းချက် များနှင့်အညီ ဆက်လက်ဆောင်ရွက်ရန် တာ
ဝန် အပ်နှင်းခြင်း ခံထားရကြောင်း သိရှိရသည်- 

(က) ဖွဲ့စည်းပုံ အခြေခံဥပဒေ (၁) ပုဒ်မ ၃၂၁။ နိုင်ငံတော်သမ္မတသည် မိမိရွေးချယ်ထားသည့် အဖွဲ့ဝင် သုံးဦး၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ရွေးချယ်ထားသည့် အဖွဲ့ဝင် သုံးဦးနှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ရွေးချယ်
ထားသည့် အဖွဲ့ဝင် သုံးဦး စုစုပေါင်း ကိုးဦး၏ အမည်စာရင်းကိုလည်းကောင်း၊ ယင်း တို့အနက် နိုင်ငံတော် ဖွဲ့
စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌ အဖြစ် တာဝန်ပေးအပ်ရန် အဖွဲ့ဝင် တစ်ဦး၏အမည်ကိုလည်းကောင်း
ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းလျက် သဘောတူညီချက် ရယူရမည်။ 

(၂) ပုဒ်မ ၃၂၇။ နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက် ရရှိပြီးသည့် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များအဖြစ်ခန့်အပ်တာဝန်
ပေးရမည်။ 

(၃) ပုဒ်မ ၃၂၈။ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံး အဖွဲ့ဝင်၏ အရည်အချင်းနှင့် မပြည့် စုံကြောင်း အထင်အရှား မပြနိုင်ပါက ပြည်ထောင်စုလွှတ်တော်သည် နိုင်ငံတော်သမ္မတက စုစည်း အမည် စာရင်းတင်သွင်း
သည့် ပုဂ္ဂိုလ်များအား နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံးအဖွဲ့ဝင်အဖြစ် ခန့်အပ် တာဝန်ပေးရန် ငြင်းပယ်ခွင့် မရှိစေရ။ 

(ခ) နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေ 

(၁) ပုဒ်မ ၆။ နိုင်ငံတော်သမ္မတသည် ပုဒ်မ ၄ပါ ပြဋ္ဌာန်းချက်နှင့်အညီ ရွေးချယ်ထားသည့် အဖွဲ့ဝင်စုစုပေါင်း ကိုး
ဦး၏ အမည်စာရင်းကို လည်းကောင်း၊ ယင်း တို့အနက် ဥက္ကဋ္ဌအဖြစ် တာဝန် ပေးအပ်ရန် အဖွဲ့ဝင် တစ်ဦး၏ အမည်ကို လည်းကောင်း ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းလျက် သဘောတူညီချက် ရယူရမည်။ 

(၂) ပုဒ်မ ၁ဝ။ နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုလွှတ်တော်၏ သဘော တူညီချက် ရရှိပြီးသည့် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအဖြစ် ခန့်အပ် တာဝန်ပေးရမည်။ 


၅။ ဥပဒေနှင့်အညီ ၎င်းတို့၏ သဘောဆန္ဒအလျောက် ၆-၉-၂ဝ၁၂ ရက်တွင် ခုံရုံး ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင် အားလုံး ရာထူးမှ နှုတ်ထွက်သွားခဲ့သောကြောင့် အဆိုပါ ခုံရုံးအနေဖြင့် တာဝန် ထမ်းဆောင်မှု ရပ်ဆိုင်း လျက်ရှိသည်။ 

ထိုသို့ ရှိသင့်ရှိအပ်သော ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ နိုင်ငံတော်၏ အမြင့်ဆုံး တရားရုံး ဖြစ်သည့် ''နိုင်ငံ
တာ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံး'' ကို ဥပဒေနှင့်အညီ အမြန်ပြန်လည် ဖွဲ့စည်း တာဝန်ထမ်းဆောင်စေ
ရန် လိုအပ်လျက်ရှိကြောင်း သိရှိရသည်။ 

  နိုင်ငံတော်သမ္မတရုံး

0 comments:

Post a Comment