Pages

Wednesday, November 28, 2012

နယ်စပ်မှာ တွေ့ရတဲ့ မြန်မာမယ်ရွေးပွဲ


ယမန်နေ့ညက မဲဆောက်ရှိ ချစ်ကြည်ရေးတံတားအနီးကျင်းပသော  မြန်မာ မယ်ရွေးပွဲတွင် မြ၀တီခရိုင်မှ အလှမယ် ၁၀ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြ သည်။ထိုင်း-မြန်မာချစ်ကြည်ရေးလွိုင်းကထုံးမီးမျှောပွဲနှင့် တန်ဆောင်တိုင် ပွဲတော်အထိမ်းအမှတ် ထိုသို့ ကျင်းပခြင်း ဖြစ်ပြီး အောက်ပါအတိုင်း ဆုရရှိသွားကြသည်။
မနှင်းနန္ဒာအေး  - ပထမ
မစန္ဒာမြတ်စုခန့် - ဒုတိယ
မချောစုလှိုင် - တတိယ

 ပြိုင်ပွဲကျင်းပရေးကော်မတီတာဝန်ရှိသူတို့က ဆုရသူများကို  သရဖူ၊စလွယ်နှင့်ငွေသားဆုများ ပေးအပ်
ချီးမြှင့်ခဲ့ကြသည်။

ပြိုင်ပွဲကျင်းပပေးသည့် ထာ့စိုင်လို့ဝပ်အပိုင် မြူနီစပယ်ဥက္ကဋ္ဌ နိုင်စံမလွေးဝိရိယက  "အိမ်နီးချင်းမြန်မာနိုင်ငံနဲ့ ထာဝရချစ်ကြည်ရေး ခိုင်မြဲဘို့အတွက် ဒီချစ်ကြည်ရေးပွဲကို ကျင်းပရတယ်ဖြစ်တယ်" ဟုဧရာဝတီသတင်းဌာနကို သီးသန့် ပြောကြားခဲ့သည်။
















0 comments:

Post a Comment