Pages

Thursday, November 8, 2012

အမေရိကန်နိုင်ငံ နယူးယောက်မြို့တော်ဝန်က ထပ်မံတိုက်ခိုက်မည့် Nor'eastern မုန်တိုင်းအတွက် သတိပေးချက် ထုတ်ပြန်

http://ww4.hdnux.com/photos/16/04/31/3688039/8/centerpiecewide.jpg

မကြာခင်တိုက်ခတ်တော့မည့်Nor'easternမုန်တိုင်း၏ဘေးထွက်ဆိုးကျိုးများကိုကြို တင်ကာကွယ်သည့်အ
နေဖြင့်လက်ရှိအချိန်တွင် နူးယောက်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းများနှင့်ပန်းခြံများအားလုံးကို နူးယောက်
မြို့အုပ်ချုပ်ရေးအဖွဲ့ကပိတ်ထားလိုက်ပြီဖြစ်ပြီးညနေ ၅ နာရီနောက်ပိုင်းလမ်းမများပေါ်တွင်ကားမောင်းခြင်း
ရှာင်ရှားရန် နှင့်ကားမောင်းသူများအနေဖြင့်လည်းသတိကြီးစွာထားပြီး မောင်းနှင်ကြရန်တိုက်တွန်းထားပါ
တယ်။
ပြီးခဲ့တဲ့ တစ်ပတ်က မုန်တိုင်းကြီး စန္ဒီ၏ တိုက်ခိုက်မှုကြောင့် ပြိုလဲခြင်းမရှိဘဲကျန်ရစ်ခဲ့သည့် ကြံ့ခိုင်မှုနည်းနေ
သာသစ်ပင်ကြီးများ ရှိနေနိုင်ပြီး ယခုလို လေပြင်းထန်သည့် ရာသီဥတုတွင် သစ်ပင်ကြီးများ အကိုင်းအခက်
များ ပြိုကျပျက်စီး နိုင်သဖြင့် နူးယောက်သူ/ သားများအနေဖြင့်မိမိတို့၏ အိမ်မှအပအခြားတစ်ပါးသို့သွားခြင်း
များ ရှောင်ကြဉ်ကြ ရန်လည်း တိုက်တွန်းထားပါတယ်။

မြေနိမ့်ဒေသနှင့်ကမ်းရိုးတမ်းအနီးရှိပြည်သူများကိုလည်း ရေလွှမ်းမိုးခြင်း၊အိုးအိမ်ပျက်စီး၍အသက် အန္တရာယ်
ဘးမှ ကင်းလွတ်ရန် ကုန်းတွင်းပိုင်း ရှိ ဆွေမျိုးညာတိတို့ထံတွင် တည်းခိုခြင်းဖြင့် လည်းေ ကာင်း၊ နူးယောက်
မြို့ အုပ်ချုပ်ရေးအဖွဲ့မှ ဖွင့်လှစ်ထားသည့် ခေတ္တခိုလှုံရာ (shelter) များတွင် ခို နားခြင်းဖြင့် လည်းကောင်း မလို
လားအပ်သည့် ဘေးအန္တရာယ်မှ ကင်းဝေး ရန် ပြောင်းရွှေ့တည်း ခိုသင့်ကြောင်း တိုက်တွန်းထားပါတယ်။ 
 
shwelone

0 comments:

Post a Comment