Pages

Thursday, November 8, 2012

မူဆလင် ၉၀ ကျော်ပါ လှေတစီး ကော့သောင်းမှ ပင်လယ်ပြင်သို့ ပြန်လွှတ်

မလေးရှားသို့ ဦးတည်သည့် ဘင်္ဂလားဒေ့ရှ်နွယ်ဖွား လှေစီးခရီးသည် ၉၀ ကျော်ကို တင်ဆောင်လာသည့် စက်လှေတစီး အင်္ဂါနေ့တွင် ကော့သောင်းမြို့နယ်အတွင်းသို့ ဆိုက်ကပ်လာရာမှ မြန်မာရေတပ် က ဖမ်းဆီး ခဲ့ပြီး ကမ္ဘာ့ရေပိုင်နက်သို့ ပြန်ပို့ကာ လွှတ်ပေးခဲ့ကြောင်း ကော့သောင်းရှိ လူဝင်မှု ကြီးကြပ်ရေး ဌာနမှ အရာ ရှိ တဦးက ပြောသည်။
ကမ္ဘာ့ရေပိုင်နက်မှ မြန်မာ့ရေပိုင်နက် (ကော့သောင်း) သို့ ဝင်ရောက်လာသည့် ထိုစက်လှေ ကို မြန်မာ့ရေ တပ် စစ်ရေယာဉ် အမှတ် (၁၁၅) မှ ခွဲထွက်စက်လှေက လိုက်လံဖမ်းဆီးပြီး လှေစီးခရီးသည်များ ဖမ်းဆီး ခံရခြင်းဖြစ်သည်။
“လိုက်ဖမ်းတော့စက်ဆရာနဲ့ပဲ့နင်းကရေထဲဆင်းပြေးသွားတယ်ပေါ့ဗျာ။အဲဒါလှေကမျောပြီးဝင်လာတော့ကော့
သောင်းဘက်ကိုဝင်လာတယ်။ကမ်းပေါ်ထိတက်ပြေးတယ်။ ရေတပ်က နောက်က လိုက်ေ တာ့ ဖမ်းမိတာပေါ့ ဗျာ” ဟု အမည် မဖော်လိုသည့် ကော့သောင်း လဝက မှ အရာရှိ တဦးက ပြောသည်။
အဖမ်းခံရသူများမှာရခိုင်ပြည်နယ်၊မောင်တောခရိုင်ပင်လယ်ကမ်းစပ်ရွာများနှင့်ဘင်္ဂလားဒေ့ရှ်မှအစ္စလာမ်ဘာ
သာဝင်၉၅ ဦး ဖြစ်ပြီး ၎င်းတွင် ဓမ္မဆရာ ၆ ဦး ပါဝင်ကာ အမျိုးသားများ ချည်းသာ ဖြစ်သည် ဟုလည်း အဆိုပါ လဝက အရာရှိက ပြောသည်။
၎င်းတို့မှာထိုင်းနိုင်ငံမှတဆင့်မလေးရှားနိုင်ငံရှိဒုက္ခသည်စခန်းသို့ဦးတည်သွားကြ မည် ဖြစ်ပြီး မြန်မာ ကျပ်ငွေ ၅သိန်းနှင့်ညီမျှသည့်မလေးရှားငွေကိုလူပွဲစားများအားပေးဆောင်ရမည်ဖြစ်သည်ဟု စစ်ဆေးမေးမြန်းချက်
အရ သိရှိရသည်ဟုလည်း အဆိုပါ လဝက အရာရှိက ပြောသည်။
ဦးတည်ချက်ကထိုင်းကိုဝင်မယ်။အဲဒီမှာအလုပ်လုပ်မယ်။နောက်ပြီးရင်မလေးနယ်စပ်မှာရှိတဲ့သူတို့ ဒုက္ခသည် စခန်းကို သွားမယ်။ အဲဒီကနေ တတိယနိုင်ငံကို သွားမယ် ပြောတာပဲ” ဟု သူက ပြောသည်။
ယခုကိစ္စသည် နိုင်ငံရေး ဒုက္ခသည်ကိစ္စ မဟုတ်ကြောင်းနှင့် လူကုန်ကူးမှု ကိစ္စသာ ဖြစ်ကြောင်းလည်း သူ က ဆိုသည်။
စစ်ဆေးမေးမြန်းပြီးနောက်အင်္ဂါနေ့ညနေပိုင်းတွင်ပင်ကမ္ဘာ့ရေပိုင်နက်သို့ပို့ကာ ပြန်လွှတ်လိုက်သည်ဟုကော့
သောင်းရဲစခန်းနှင့် နီးစပ်သူတဦးက ပြောသည်။
သူတို့ကတိုင်းရင်းသားဘာသာစကား၊ ရခိုင်စကားလည်း မပြောနိုင်ကြဘူး။ ဗမာစကားလည်း မတတ်ကြ ဘူး။ အဲဒါကြောင့်မရှုပ်ချင်လို့လိုအပ်တဲ့ရိက္ခာတွေကူညီထည့်ပြီးပြန်လွှတ်လိုက်တာ”ဟုရဲစခန်းနှင့် နီးစပ်သူကပြော
သည်။
ထို့ပြင်မလေးရှားနိုင်ငံသို့ဦးတည်သည့်မြန်မာနိုင်ငံမှဘင်္ဂါလီရိုဟင်ဂျာမွတ်ဆလင်၁၁ဝဦးခန့်ကိုတင်ဆောင် လာသည့်စက်လှေတစီးဗုဒ္ဓဟူးနေ့တွင်ဘင်္ဂလားပင်လင်ပြင်၌နစ်မြုပ်ခဲ့ပြီး၎င်းတို့အနက်၁၂ဦးကို ကယ်တင်
နိုင်ခဲ့ကာ၁ဝဝခန့်မှာပျောက်ဆုံးနေဆဲဖြစ်ကြောင်းဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်မှဒု-ဗိုလ်မှူးကြီး Lieutena
nt-Colonel Mohammad Jahid ၏ ပြောကြားချက်ကို ကိုးကားပြီး ရိုက်တာ သတင်းတရပ်တွင် ဖော်ပြသည်။
အောက်တိုဘာလ ၂၈ ရက်နေ့တွင်လည်း ဘင်္ဂါလီ ရိုဟင်ဂျာ မွတ်ဆလင် ၁၃ဝ ဦး ပါဝင်သည့် ခရီးသည် တင် စက်လှေတစီးနစ်မြုပ်ခဲ့ပြီးထက်ဝက်ခန့်ကိုသာကယ်တင်နိုင်ခဲ့ကြောင်းလည်းဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်
တပ်ကပြောသည်။
Mizzima News

0 comments:

Post a Comment